Home လူငယ့်အသံ လူငယ့်အမြင် အမျိုးသမီးလက်‌ရွေးစင် ‌ဘောလုံးသမားတစ်‌ယောက် ဖြစ်ဖို့ကြိုးစား‌နေတဲ့ ဝင်း‌ရော်သူ နန်း‌ဖော့‌သောင်ကျာ

အမျိုးသမီးလက်‌ရွေးစင် ‌ဘောလုံးသမားတစ်‌ယောက် ဖြစ်ဖို့ကြိုးစား‌နေတဲ့ ဝင်း‌ရော်သူ နန်း‌ဖော့‌သောင်ကျာ

5546

‌စောရှား (ဩဂုတ် ၂၂ ရက်၊ ၂ဝ၁၉ခုနှစ်)

ကရင်ပြည်နယ်အမျိုးသမီးလက်‌ရွေးစင် ‌ဘောလုံးသမားတစ်‌ယောက်ဖြစ်ဖို့ အိပ်မက်‌တွေနဲ့ ကြိုးစား‌နေတဲ့ ဝင်း‌ရော်သူ ကရင်မိန်းမပျို‌လေးတစ်‌ယောက်ရှိ‌နေပါတယ်။ သူက‌တော့ လက်ရှိ ဖားအံတက္ကသိုလ်မှာ ပထမနှစ် (သတ္တ‌ဗေဒ) အထူးပြုဘာသာရပ်ကို တက်‌ရောက်‌နေတဲ့ အသက် ၁၈နှစ်အရွယ် နန်း‌ဖော့‌သောင်ကျာ(နာန်.ဖဝ့်သုဂ်ကျာ) ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ဒုံလီ(မြို့‌ဟောင်း)ရွာ ဇာတိက‌နေ ဖားအံမြို့ကို ပညာ သင်ဖို့ ‌ရောက်ရှိလာတဲ့ ‌ဖော့‌သောင်ကျာဟာဆိုရင် မူလတန်း‌ကျောင်းသူဘဝကတည်းက ‌ဘောလုံးကန်ဖို့ စိတ်ပါ ဝင်စားခဲ့တာပါ။ ၇ တန်းကစပြီး ရွာထဲက သူငယ်ချင်း(မိန်းက‌လေး၊ ‌ယောက်ျား‌လေး)‌တွေစုပြီး ‌ဘောလုံးလိုက် ကန်ဖြစ်ခဲ့တယ်လို့ ‌ဖော့‌သောင်ကျာက ‌ပြောပါတယ်။

“၁ဝ တန်းတုန်းက စာ‌မေးပွဲနီးလာတဲ့ကြားက ရွာမှာပြုလုပ်တဲ့ ‌ဘောလုံးပြိုင်ပွဲမှာ ‌ကျောင်းပျက်ခံပြီး ‌ဘောလုံးဝင် ကန်ခဲ့ဖူးတယ်။ အဲဒီကတဆင့် ရွာတွင်းပြိုင်ပွဲနဲ့ ဖိတ်‌ခေါ်ပြိုင်ပွဲ‌တွေမှာလည်း သွားကန်ခဲ့တယ်။ ညီမတို့အသင်း ပထမရခဲ့တာလည်း ရှိပါတယ်”လို့ ‌ဖော့‌သောင်ကျာက ပြန်‌ပြောင်း‌ပြောပြပါတယ်။

‌ဖော့‌သောင်ကျာ ဖားအံတက္ကသိုလ်‌ရောက်‌ရောက်ချင်း ယခုနှစ် ‌ကျောင်းတွင်းပြိုင်ပွဲမှာ ‌မေဂျာလက်‌ရွေးစင် ကစား သမားဖြစ်ခဲ့ပြီး အ‌ရှေ့တန်းကစားသမားအ‌နေနဲ့ ပါဝင်ကစားခဲ့ပါတယ်။ အဲဒီက‌နေတဆင့် တက္ကသိုလ် လက်‌ရွေး စင်အဖြစ် သက်ဆိုင်ရာ ဆရာ၊ဆရာမများက ‌ရွေးချယ်ခဲ့ပြီး ‌မော်လမြိုင်မှာပြုလုပ်တဲ့ တက္ကသိုလ်များ ‌ဘောလုံး ပြိုင်ပွဲ(‌မော်လမြိုင်ဇုံ)ကို တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ‌ဖော့‌သောင်ကျာ ပါဝင်ကစားခဲ့တဲ့ ဖားအံတက္ကသိုလ် အမျိုးသမီးလက်‌ရွေးစင်‌ဘောလုံးအသင်းဟာဆိုရင် အိမ်ရှင်‌မော်လမြိုင်အသင်းကို ဩဂုတ်လ ၁၂ ရက်‌နေ့မှာ ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ကစားခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ဆက် လက်ထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ကိုယ် ‌ဘောလုံးကန်တာ ဝါသနာပါမှန်း အိမ်ကလည်းသိတယ်။ အိမ်က‌ပြောတာက‌တော့ ‌ဘောလုံးဖက်မှာလည်း ‌အောင်မြင်‌အောင်လုပ်၊ စာဖက်လည်း ‌အောင်မြင်‌အောင်လုပ် အကုန်‌ပေးလုပ်ထားပါတယ်။ သက်လုံ အားနည်း ‌နေတာ၊ သူများ‌တွေနဲ့ကစားရင်း ‌ဘောလုံး လိုက်မမှီတာ၊ မလိမ်နိုင်မ‌ခေါက်နိုင်တာမျိုးဆိုရင် စိတ်အားငယ်ပါတယ်။ မက်ဆီတို့ ‌ရော်နယ်ဒို(ကမ္ဘာ‌ကျော်‌ဘောလုံးသမား)တို့လိုမျိုး ‌ဘောလုံးကန်တတ်ချင်ပါတယ်”လို့ ‌ပြောသွားပါ‌သေး တယ်။

လက်ရှိမှာ‌တော့ ‌ဖော့‌သောင်ကျာဟာ ‌ဘောလုံးလည်းကန်၊ ‌ကျောင်းစာလည်း လုပ်‌နေသလို တဖက်မှာလည်း တက္က သိုလ်ကြက်‌ခြေနီအသင်းနဲ့ ပူး‌ပေါင်းပြီး ရွာဆင်း၊ အကူနည်းပြအ‌နေနဲ့ ‌တောင်က‌လေး(ဘ/က) ‌ယောက်ျား‌လေး အကြီးတန်းအသင်းကို သူငယ်ချင်း‌တွေနဲ့အတူ ဝိုင်းဝန်းကိုင်တွယ်ခဲ့ပါတယ်။ အဲဒါတင်မကပါဘူး။ ကရင်အမျိုးသမီးငယ်ဖြစ်တဲ့ သူမအ‌နေနဲ့ ရွာမှာ ‌နွေရာသီကရင်စာ‌ပေသင်တန်းဖွင့်တဲ့အချိန် ရွာက က‌လေး ‌တွေအတွက် စာပြန်သင်‌ပေးရင်းနဲ့အမျိုးသား‌ရေးအလုပ်‌တွေမှာလည်း တက်ကြွစွာပါဝင်ပြန်ပါတယ်။

ဝင်း‌ရော်‌ဒေသ၊ (ထွိ‌မောင်ထိုရွာ)မှာ ပြုလုပ်တဲ့ ကရင်အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းမှာလည်း ၈ ကြိမ် ‌မြောက်(မနှစ်)နဲ့ ၉ ကြိမ်‌မြောက်(ဒီနှစ်) ‌တွေမှာ တက်‌ရောက်ခဲ့ပြီး (စာ‌ပေ)ဆု ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါ‌သေးတယ်။ ‌ဖော့‌သောင်ကျာရဲ့ အခြားဝါသနာက‌တော့ ဂစ်တာတီးတတ်ချင်တာပါ။ ‌ဘောလုံး ကန်တာက သူမရဲ့ဝါ သနာ ဆို‌ပေ မယ့်လည်း ဘဝ‌ရှေ့‌ရေးအတွက်က‌တော့ ‌ကျောင်းဆရာမအလုပ်နဲ့ပဲ အသက်‌မွေးဝမ်း‌ကျောင်း ပြုချင် တယ်လို့ ‌ပြောပါ တယ်။

၈ တန်းတက်ကတည်းက ‌ဖော့‌သောင်ကျာ‌လေးရဲ့ အ‌မေဆုံးသွားခဲ့ပြီး လယ်သမားဖခင်နဲ့အတူ ညီအစ်မ ၄ ‌ယောက်ရှိပြီး ‌ဖော့‌သောင်ကျာက‌တော့ အငယ်ဆုံး သမီးဖြစ်ပါတယ်။ သူမအ‌နေနဲ့‌ဘောလုံးကိုဝါသနာပါလို့ ရည်မှန်း ချက်အတိုင်း ကြိုးစားလုပ်‌ဆောင်‌နေ‌ပေမယ့် ပတ်ဝန်းကျင်ရဲ့ ‌ရှေးရိုးစွဲအ‌တွေးအ‌ခေါ်‌တွေ၊ ဘဝတက်လမ်း အတွက် အခြား‌သော‌ရွေးချယ်စရာများစွာ ရှိ‌နေတာ‌တွေဟာ သူမအ‌ပေါ် ဖိအားတစ်ခုသဖွယ်ဖြစ်‌နေဆဲပါ။

“သူများ‌တွေက ‌ပြောတယ်။ မိန်းက‌လေးဖြစ်ပြီး ‌ဘောလုံးကန်တာ မ‌ကောင်းဘူး။ ဘာလုပ်မလဲလို့‌ပြောတာ မျိုးရှိ တယ်။ ညီမက‌တော့ နားမ‌ထောင်ဘူး။ ‌ဘောလုံးကန်တတ်‌အောင်လုပ်မယ်ဆိုတဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း ‌ပေါက်‌မြောက်‌အောင်လုပ်တယ်။ ကရင်လူငယ်အမျိုးသမီး‌တွေမှာလည်း ‌ဘောလုံးစိတ်ဝင်စားတဲ့လူ အများကြီးရှိတယ်။ ဒါ‌ကြောင့် ‌ဘောလုံးကန်ချင်တယ်ဆို ‌အောင်မြင်‌အောင်လုပ်၊ ‌ဘေးစကား‌တွေကို နားမ‌ယောင်နဲ့လို့ သူတို့အတွက် ‌ပြောချင်ပါတယ်” လို့‌ပြောပါတယ်။

ဝါသနာပါရာကို လုပ်‌ဆောင်ရင်း ရည်မှန်းချက်တစ်ခု ဖြစ်‌မြောက်ဖို့ကြိုးစား‌နေတဲ့ ညီမငယ်‌ဖော့‌သောင်ကျာက‌တော့ တစ်‌နေ့‌နေ့မှာ ကရင်ပြည်နယ်အမျိုးသမီးလက်‌ရွေးစင် ‌ဘောလုံးသမားတစ်‌ယောက် ဖြစ်လာမလား၊ ဒါမှမဟုတ် ဖြစ်သင့်တာတစ်ခုခုကိုပဲ ဦးစား‌ပေး‌ရွေးချယ်သွားမလား ဆိုတာက‌တော့ သူမရဲ့လွတ်လပ်စွာ ‌ရွေးချယ်ခွင့်ပဲဖြစ်ပါ ‌တော့တယ်။