ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာ အနီးတဝိုက် လေကြောင်းရန် စိုးရိမ်မှုကြောင့် ကျေး ရွာ (၆)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နှင့် (၁၉) နေ့အထိ နှစ်ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းရန် ထပ်မံစိုးရိမ်ရသဖြင့် သဝေါသော (ချောင်းစောင့်) ကျေးရွာအပြင် အနီးအနားရှိ မယ်ရူခီး၊...
ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်‌။ ကေအိုင်စီ မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က သတိပေးပြောဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ် သဘောအစည်းအဝေးတွင် အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က မြန်မာနိုင်ငံအခြေအနေ ဆိုးရွားလာမှုနှင့် ပတ်သက်၍...
ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့်မေလအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၂၁)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ လချုပ်စာရင်းအရ သိရသည်။ မေလ (၂) ရက်မှ (၃၀) ရက်နေ့အထိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲပေါင်း (၂၄) ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၁) ဦး သေဆုံး၍ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၁)ဘက်က...
ဇွန် (၂၀) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကိုယ်တိုင်ရပ်တည်ရေးခက်ခဲသည့် ထိခိုက်လွယ်ဒုက္ခသည်အုပ်စုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်လက်ပံ့ပိုးပေးရန် ယနေ့ ဇွန်လ(၂၀)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်-KPSN နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWOတို့က ထုတ်ပြန်တောင်းဆိုသည်။ အမေရိကန်၏ရိက္ခာဖြတ်တောက်မှုများ ကြုံတွေ့ရပြီးနောက် ထိုင်းအစိုးရ၏ မူဝါဒအပြောင်းအလဲများ ရှိခဲ့ရာ နယ်စပ်ဒုက္ခသည်စခန်းနေလူထုအတွက် ပြင်ပထွက်အလုပ်လုပ်နိုင်ရေး အခွင့်အလမ်းများ ပေါ်ပေါက်ရရှိလာသည်။ သို့ရာတွင် မသန်စွမ်းသူများ၊ ပြင်းထန်ရောဂါရှိသူများ၊ စိတ်ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင်အချို့မှာ ကိုယ်တိုင်ရပ်တည်ရေးအခက်အခဲရှိနေသောကြောင့် ၎င်းတို့အတွက် ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့်ဝန်ဆောင်မှု...
ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဝီယန်ကန် (Wiang Kaen) မြို့နယ်တွင် အာဏာပိုင်များကို လာဘ်ထိုးပြီး G Code မှအဆင့်မြှင့်၍ရသော ဆယ်နှစ်ခံကတ်များတရားမဝင်ပြုလုပ်သည့်အပေါ် စုံစမ်းစစ်ဆေးရန် “Operation Gray G Crackdown” အမည်ရ စစ်ဆင်ရေးပြုလုပ်နေကြောင်း ထိုင်းပြည်ထဲရေးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့မှ ထုတ်ပြန်သည်။ ရွှေ့ပြောင်းလုပ်သားများ၏ ထိုင်းနိုင်ငံဖွား ကလေးငယ်များ၊ ထိုင်းနိုင်ငံထဲတွင် ရာစုနှစ်ချီနေထိုင်လာသည့် တိုင်းရင်းသား ကလေးငယ်များ ပညာရေးအတွက် ထိုင်းအစိုးရထုတ်ပေးထားသော G Code...
ဇွန် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ပေါ်ရပ်ကွက် နေအိမ်တစ်ခုတွင် ယမန်နေ့ (ဇွန်လ ၁၉) ရက်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၁ နှစ်အရွယ် ယောင်္ကျားလေး (၁) ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေး (၁) ဦး မီးကျွမ်းသေဆုံးသွားခဲ့ကြောင်း မြို့ခံများအပါအဝင် မြဝတီမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ခေါက်မလိလမ်းရှိ နေအိမ်တစ်အိမ်၌...
စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်) နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ကမ္ဘာနဲ့အဝန်း ဒုက္ခသည်လို့ ရည်ညွှန်း သတ်မှတ်ခံကြရသူတွေဟာ သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခဆိုတဲ့အရာတွေကို သူတို့ကိုယ်တိုင်ဖန်တီးတာ သူတို့ကိုယ်တိုင် ဖိတ်ခေါ်ထားတာတော့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ ဖက်ပြိုင်ကြရင်းနဲ့ ပေါ်ပေါက်လာရတဲ့ သွေးထွက်သံယို ပဋိပက္ခတွေအကြားကနေ...
ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်ခရိုင်)၊ တပ်မဟာ (၅) နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်များတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရပြီး ကျေးရွာ ၁၃ ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တပ်မဟာ(၅)သတင်းအရင်းအမြစ်မှ သိရသည်။ ပြီးခဲ့သည့် မေလ (၇) ရက်နေ့မှ စတင်ကာ အင်အား (၂၀၀၀) ဝန်းကျင်ရှိ စစ်အုပ်စု ပူးပေါင်းစစ်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်...
ဇွန်လ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် အဖမ်းဆီးခံထားရသည့် အမျိုးသမီးများ နှင့် ဂျန်ဒါစုံလင်ကွဲပြားမှု ခံယူထားသူများအပေါ် စစ်တပ်က ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုရန် Sisters 2 Sisters အဖွဲ့က နိုင်ငံတကာကို တောင်းဆိုလိုက်သည်။ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ကြေညာချက်မှာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေသည့် Sisters 2 Sisters အဖွဲ့က...
ဇွန် (၁၉) ရက်၊၂၀၂၆ ခုနှစ်။ကေအိုင်စီ နံနက်ဖြန် ဇွန်လ (၂၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(ဇွန်လ ၁၉ ရက်နေ့)က ပြုလုပ်ကျင်းပခဲ့ပြီး ဒုက္ခသည်ရေးရာတာဝန်ရှိသူများအပါအဝင် လူ(၄,၀၀၀)ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ TBC (The Border Consortium) မှ တာဝန်ရှိသူများအပါအဝင် မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူများ၊ စခန်းအတွင်းနေထိုင်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ အပါအဝင် စုစုပေါင်း လူဦးရေ (၄,၀၀၀) ကျော် တက်ရောက်လာသည့် အဆိုပါအခမ်းအနားတွင် “လူတိုင်း...