Home သတင်း မြန်မာအစိုးရ ပူး‌ပေါင်းတပ်ဖွဲ့နှင့် DKBA ဗိုလ်နားမကြားအဖွဲ့တို့ ပစ်ခတ်မှုဖြစ်

မြန်မာအစိုးရ ပူး‌ပေါင်းတပ်ဖွဲ့နှင့် DKBA ဗိုလ်နားမကြားအဖွဲ့တို့ ပစ်ခတ်မှုဖြစ်

2530

‌မေ ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ပျားပင်ရွာ အ‌နောက်ဘက်‌တောင်ကြားတွင် ‌မေလ ၁၁ ရက်‌နေ့ (ယ‌နေ့) နံနက် ၅ နာရီ‌ကျော်က မြန်မာအစိုးရတပ်နှင့် နယ်ခြား‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်ဖွဲ့သည် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)တို့နှင့် နှစ်နာရီ‌ကျော် ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ပစ်ခတ်မှုစတင်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ BGF မှ အမည်မ‌ဖော်လိုသူ ဗိုလ်မှူးတစ်ဦးက “မ‌နေ့ည ၁၂ နာရီ ၄၅အချိန် မိုင်း တစ်လုံးကွဲ၊ ၁ နာရီ ၅၅အချိန် မိုင်းတစ်လုံးထပ်ကွဲ၊ နယ်‌မြေလူပ်ရှားစစ်‌ကြောင်းများအ‌နေနဲ့ နယ်‌မြေရှင်း လင်း‌ဆောင်ရွက်စဉ် ပျားပင်ရွာအနီး‌တောင်ကုန်း‌ပေါ်မှ DKBA နားမကြား အဖွဲ့က‌နေ စတင် ပစ်ခတ်လို့ နံနက် ၅နာရီ ၃ဝ အချိန်ပစ်ခတ်မူ ဖြစ်ပွားတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ ဖြစ်ပွားရာတွင် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၂)လက်‌အောက်ခံ ခမရ (၅၄၈)၊(၅၄၉)၊ နယ်ခြား‌စောင့်တပ် BGF ၁၀၁၆၊ ၁၀၁၉ စသည့်ပူး‌ပေါင်းတပ်များ နှင့် DKBA မှ ဗိုလ်နားမကြားအဖွဲ့တို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်း‌ဒေသရှိ ‌ဒေသခံများက ‌ပြောဆိုသည်။

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် DKBA မှ ဗိုလ်ကြီးရဲထက်က “ဗိုလ်နားမကြားက သူ့ရွာ ပြန်‌နေတာ အဲဒါနဲ့ ဟိုကသတင်းရလို့ ပစ်ခတ်မှုဖြစ်တယ် ကြားတာပဲ။ အ‌သေးစိတ်ကို ဘာမှ မသိရ ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်ခတ်မှုဖြစ်ပွား‌သော‌နေရာများနှင့်အနီးတဝိုက်တွင် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက် ‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ (၅၄၇)၊ (၅၄၈)၊ (၅၄၉)၊ ခလရ (၂၃၀)၊ (၂၃၁)နှင့် နယ်ခြား‌စောင့် တပ်-BGF တပ်ရင်း(၁၀၁၆)၊ (၁၀၁၇)တို့ အ‌ခြေချလှုပ်ရှားရာ နယ်‌မြေများဖြစ်သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ထုတ်‌ဖော်‌ပြော ဆိုခြင်း မရှိ‌သေး‌ကြောင်း သိရသည်။