Home သတင်း ‌ကျောက်ကလပ်‌ရေလယ်ဘုရား ကန်‌ရေတိမ်လာ၍ ပြန်လည်မွမ်းမံ‌နေ

‌ကျောက်ကလပ်‌ရေလယ်ဘုရား ကန်‌ရေတိမ်လာ၍ ပြန်လည်မွမ်းမံ‌နေ

2518

‌မေလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ အထင်ကရ‌နေရာဖြစ်‌သော ‌ကျောက်ကလပ်‌ရေလယ်ဘုရားသည် ယခုနှစ်တွင် ကန်‌ဘေး ပတ်လည်၌ ‌ရေများတိမ်လာပြီး ‌ဘေးမဲ့ငါး ‌သေဆုံးမှုများရှိသည့်အတွက် ဧပြီလကုန်ပိုင်းမှစ၍ ‌ရေကန်‌တော်ကြီးကို ပြန် လည်မွမ်းမံခြင်း ပြုလုပ်လျှက်ရှိသည်။

ရာသီဥတုပူပြင်းလာ၍ ‌ကျောက်ကလပ်‌ရေကန်‌တော်အတွင်းရှိ ငါးများမ‌သေ‌အောင် ကန်‌တော်၏ အလယ်ဗဟိုတွင် ပိုင်းထားပြီး တစ်ဖက်ကို မွမ်းမံတူး‌ဖော်သည့်အချိန်တွင် ကျန်တစ်ဖက်အား ‌ရေချန်ထားပြီး လိုအပ်သည့် ‌ရေများကိုလည်း သံလွင်မြစ်မှ စုပ်ယူဖြည့်ထည့်သွားမည်ဟု ‌ကျောက်ကလပ်ဘုရား‌ပေါ်တွင် တာဝန်ယူထားသည့် သံဃာ‌တော်တစ်ပါးဖြစ်သူ ဦးပညာသာရက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“ဒီနှစ်မှာဆို ‌ရေကန်ထဲက ငါး‌တွေ‌သေတာ ခုနှစ်၊ ရှစ်ပိဿာ‌လောက် ရှိတယ်။ ‌နေအရမ်းပူ‌တော့ ‌ရေ‌တွေ ပူလာပြီး ငါး‌တွေ ထပ် ‌သေသွားမှာစိုးလို့ ဆရာ‌တော်က ‌မေတ္တာနဲ့ ဒီ‌ရေကန်ကို ပြန်မွမ်းမံတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ‌ရေကန်က တိမ်လာတဲ့အ တွက် အခုလို ထပ်တူးတာပါ။ အခု ဒီတဖက်ပြီးရင် ငါး‌တွေကို ဒီဘက်ပြန်လွှတ်ပြီး ဆက်တူးမှာသွားမယ်”ဟု ဦးပညာသာရက မိန့်ကြားသည်။

ထိုသို့ ‌ကျောက်ကလပ်‌ရေကန် ပြန်လည်တူး‌ဖော်ရာတွင် အနက် ၅‌ပေမှ ၁၀‌ပေ အနက်ထိ တူး‌ဖော်သွားမည်ဖြစ်ပြီး ကုန်ကျစရိတ် အတွက် ‌ကျောက်ကလပ်ဆရာ‌တော် အပါအဝင် ၎င်း၏ ဒါယိကာ၊ ဒါယိကာမများက လှူဒါန်းသွားမည်ဖြစ်‌ကြောင်း၊ အခြားလှူဒါန်း လိုသူများလည်း လာ‌ရောက်ကုသိုလ်ပြု လှူဒါန်းနိုင်‌ကြောင်းနှင့် ‌ရေကန်ကို မိုးဦးကျသည်အထိ ဆက်လက် တူး‌ဖော်မွမ်းမံသွား မည်ဟု သိရသည်။

‌ကျောက်ကလပ်‌ရေကန် မွမ်းမံတူး‌ဖော်မှုအ‌ပေါ် ဖားအံမြို့ခံ ‌စောလူချိုက “ဒီနှစ်က ‌ရေအရမ်းပူ‌တော့ ‌ကျောက်ကလပ်မကဘဲ ဒီဖားအံမြို့ထဲမှာရှိတဲ့ အထင်ကရ‌နေရာ ကန်သာယာလည်း ‌တော်‌တော်‌လေးကို ခမ်းလာတယ်။ ‌ကျောက်ကလပ်လို‌နေရာဆိုရင် ကွင်းပြင်မှာလည်းဖြစ်‌တော့ ငါး‌တွေလည်း ဘယ်ခံနိုင်မှာလဲ။ မွမ်းမံပြီး သံလွင်မြစ်‌ရေပြန်သွင်းရင်‌တော့ ‌ကောင်းတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆံ‌တော်ရှင် ‌ကျောက်ကလပ်‌စေတီ‌တော်‌နေရာသည့် ဖားအံမြို့‌တောင်ဘက်တွင် တည်ရှိပြီး ကရင်ပြည်နယ်အတွင်းရှိ အထင် ကရ ‌နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သလို ကန်အဝိုင်းနှင့် ‌ရေများပတ်လည်ဝိုင်းကာ သာယာလှပသဖြင့် ရပ်နီးရပ်‌ဝေးမှ ဘုရားဖူးဧည့်သည်များ ‌နေ့စဉ် လာ‌ရောက်ဖူး‌မျှော်လျှက်ရှိသည်။