Home ထိပ်တန်းသတင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ယခင်နှစ်များထက် ‌ရေရှားမှုပြဿနာများ ကြုံ‌တွေ့‌နေရ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ယခင်နှစ်များထက် ‌ရေရှားမှုပြဿနာများ ကြုံ‌တွေ့‌နေရ

2051

‌မေလ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ခိုလှုံ‌နေထိုင်သူများအ‌နေဖြင့် ဧပြီလဆန်းပိုင်းမှစ၍ လက်ရှိအ ချိန်ထိ အပူချိန်မြင့်မားမှု‌ကြောင့် ‌ရေရှားပါးမှု အခက်အခဲ ပြဿနာများကို ယခင်နှစ်များကထက် ပိုမိုကြုံ‌တွေ့‌နေရ‌ကြောင်း စခန်း တွင်း ‌နေထိုင်ကြသည့် ဒုက္ခသည်စခန်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်းနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နိုဖိုး၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ မယ်လအူးနှင့် ထမ်းဟင် ဒုက္ခသည်စခန်း ၇ခုတွင် ယခုနှစ်၌ မိုးရွာ သွန်းမှု‌လျော့နည်းခြင်း၊ ပူပြင်း‌ခြောက်‌သွေ့ခြင်းများ‌ကြောင့် ဒုက္ခသည်စခန်းအတွက် ‌ရေသွယ်ယူသည့်‌ချောင်းများတွင် ‌ရေခမ်း ‌ခြောက်‌နေသည့်အပြင် ယင်း‌ချောင်းများအနီးရှိ အချို့‌သော ထိုင်း‌ကျေးရွာများမှ စိုက်ပျိုး‌ရေးအတွက် ‌ရေသွယ်ယူခြင်း‌ကြောင့် ယခုကဲ့သို့ ‌ရေရှားပါးမှုပြဿနာကို ပိုမိုကြုံ‌တွေ့‌နေရခြင်းဖြစ်သည်ဟု စခန်းတွင်း ‌နေထိုင်ကြသူများက ‌ပြောဆိုသည်။

ဒုက္ခသည်ဦး‌ရေ အများဆုံးဖြစ်သည့် မယ်လစခန်း၏ ဥက္ကဌ ‌စော‌အောနက်က “ကျ‌နော်တို့ စခန်းမှာ‌တော့ အရင်နှစ်ထက် ‌ရေရှား တယ်။ စခန်းသူစခန်းသား‌တွေအ‌နေနဲ့ ‌သောက်‌ရေအတွက်က‌တော့ အပြင်က စီးပွား‌ရေးသမား‌တွေ ‌ရေလာ‌ရောင်း‌တော့ အဆင် ‌ပြေတယ်။ သုံး‌ရေအတွက်က‌တော့ အဆင်မ‌ပြေဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်စခန်းများအတွက် စခန်းအတွင်း ‌ရေသွယ်‌ပေးမှု၊ ‌ရေ‌လှောင်ကန်တည်‌ဆောက်‌ပေးမှု၊ ‌ရေနှင့် ပတ်သက်သည့် ကျန်းမာ ‌ရေး‌စောင့်‌ရှောက်မှု၊ ကျန်းမာ‌ရေး အသိပညာ‌ပေးမှုများကိုု NGO အဖွဲ့အစည်းများဖြစ်သည့် Solidarity ၊ American Refugee Care -ARC ၊ WASH၊ စသည့်အဖွဲ့များက အကူအညီ‌ပေး‌နေခြင်းဖြစ်သည်။

‌ရေရှားပါးမှု‌ကြောင့် စခန်း‌နေသူများအ‌နေဖြင့် ‌ရေကို ပိုမို‌ချွေတာ သုံးစွဲ‌နေရပြီး ‌ရေ‌လှောင်ကန်များတွင် ‌ရေ‌လျော့နည်းလာမှု ‌ကြောင့် စခန်းအတွက် ‌ရေအကူအညီ‌ပေးသည့် အဖွဲ့အစည်းများအ‌နေဖြင့် အချိန်အကန့်အသတ်ဖြင့်သာ ‌ရေ‌ပေး‌ဝေရသည့်အ ပြင် ‌ရေအားမပြည့်ဘဲ ‌ရေရရှိမှု မလုံ‌လောက်သည့် အခက်အခဲများဖြစ်‌ပေါ်‌နေ‌ကြောင်း အဆိုပါ ‌ရေအကူအညီ‌ပေး‌ရေးအဖွဲ့များက ‌ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ ARC တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စော‌ဝေါ်ဖိုးက “ကျ‌နော်တို့စခန်းက‌တော့ ‌ရေယူူတဲ့စမ်း‌ချောင်းက ‌ရေခမ်းသ‌လောက် ဖြစ်‌နေပြီ။ ‌ရေတင်တဲ့စက်ကလည်း ပျက်‌နေ‌တော့ အနီးနား‌နေသူ‌တွေ လာခပ်လို့ရ‌ပေမယ့် ဟိုးအ‌ပေါ်ဘက် မှာ ‌နေတဲ့သူ‌တွေက‌တော့ ကြံဖန်ပြီး ဟိုတစ်ပုံး၊ ဒီတစ်ပုံး လိုက်ဆွဲ ယူရတဲ့အ‌ခြေအ‌နေ‌တော့ ဖြစ်‌နေတာ‌ပေါ့”ဟု ‌ပြောသည်။

စခန်းတွင်း ‌ရေရှားပါးမှု အ‌ခြေအ‌နေအ‌ပေါ် ကရင်ဒုက္ခသည်‌ကော်မတီ KRC မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌နော်ဘလူးမင်းနိုက် ဇန်က “‌ရေရှားတဲ့ အခက်အခဲ‌တော့ စခန်းတိုင်းလိုလိုမှာ ဖြစ်တယ်။ ဒီနှစ်အပူချိန်ကလည်း ၄၂ -၄၃ ‌လောက်ဖြစ်‌နေ‌တော့ တချို့ ‌ရေသွယ်တဲ့‌ချောင်း‌တွေက ‌ရေခမ်းလာတာ‌တွေရှိတယ်။ ‌လော‌လောဆယ် အ‌ခြေအ‌နေအရ ‌ရှေရှားတာဖြစ်‌ပေမယ့် ‌ရေလုံးဝ ပြတ် သွားတဲ့အ‌ခြေအ‌နေ‌တော့ မ‌တွေ့ရ‌သေးဘူး”ဟု ရှင်းပြသည်။

ကရင်ဒုက္ခသည်‌ကော်မတီ KRC အုပ်ချုပ်မှု‌အောက်ရှိ ၎င်းကရင်ဒုက္ခသည်စခန်းများသာမက ကရင်နီဒုက္ခသည်‌ကော်မတီ KnRC အုပ်ချုပ်မှု‌အောက်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့်(၂)များတွင်လည်း အလားတူဖြစ်ရပ်များ ကြုံ‌တွေ့‌နေရ‌ကြောင်း ကရင် နီစခန်းတာဝန်ရှိသူများက ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က အသိအမှတ်ပြုထား သည့် မြန်မာဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦး‌ရေ ၁သိန်းခွဲခန့်ရှိ‌ကြောင်း ၎င်းဒုက္ခသည်များကို အ‌ခြေခံစားနပ်ရိက္ခာနှင့် အိမ်သုံး ပစ္စည်းများ ‌ထောက်ပံ့‌ပေး‌နေသည့်The Border Consortium (TBC)၏ စာရင်းမှတ်တမ်းများအရ သိရသည်။