Home သတင်း လွှတ်‌တော်နှင့် ‌ရေးရာမဲစာအုပ် မှားယွင်းမှု‌ကြောင့် မဲနစ်နာမှုရှိ‌နေ

လွှတ်‌တော်နှင့် ‌ရေးရာမဲစာအုပ် မှားယွင်းမှု‌ကြောင့် မဲနစ်နာမှုရှိ‌နေ

1996

နိုဝင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြဝတီခရိုင်၏ နိုဝင်ဘာလ ၈ရက် ‌ရွေး‌ကောက်ပွဲ တိုင်းရင်းသား‌ရေးရာနှင့် လွှတ်‌တော်ဆိုင်ရာ မဲမှားယွင်းမှု များစွာဖြစ်‌ပေါ်‌နေသည့်အတွက် အလွန်နစ်နာရှိ‌ကြောင်း မြဝတီမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌စောထွန်း‌ဝေက ထုတ်‌ဖော်‌ပြောဆိုသည်။

“ကျ‌နော်မ‌နေ့က ‌အောင်‌မြေ‌ရွှေဘိုရပ်ကွက်မှာ လက်ခံစလစ်ကဒ်ပြား‌တွေထုတ်တာ တာဝန်ရှိသူ‌တွေ တစ်‌ယောက်မှမပါဘဲ ထုတ် တာ ‌တွေ့ရတယ်။ စာ‌ရေးမတစ်‌ယောက်ပဲ ရှိတာ‌တွေ့ရတယ်။ ဒီ‌နေ့‌တော့ အထက(၁) မဲရုံအမှတ်(၂) မှာ ပြည်သူ့လွှတ်‌တော် မဲပြားစာအုပ်နဲ့ ဗမာတိုင်းရင်းသား မဲပြားစာအုပ်နဲ့ မှား‌နေတယ်။ အဲဒါအားလုံးမှား‌နေတာ ၅ဝရှိတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အ တွက် အများကြီးနစ်နာတယ်”ဟု ‌ပြောသည်။

အဆိုပါမဲမှားယွင်းမှုနှင့် ပတ်သက်၍ မဲရုံတာဝန်ရှိသူများကို သွား‌ရောက်အ‌ကြောင်းကြားရာ ယခုကိစ္စတွင် မဲစာအုပ်အမှားအယွင်း များ မရှိ‌ကြောင်း ‌ပြောဆို‌နေ‌သော်လည်း ဤသည်မှာ တမင်လိမ်လည်မှုသာ ဖြစ်နိုင်တယ်ဟု ၎င်းက ‌ပြောသည်။

မြဝတီရှိ NLD ၏ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ကိုသန့်စင်‌အောင်ကလည်း မြဝတီခရိုင်တွင် ဗမာတိုင်းရင်းသား ‌ရေးရာ ကိုယ်စားလှယ်‌လောင်းများအတွက် ထည့်ရမည့် မဲဆန္ဒရှင် ‌သောင်းနှင့်ချီ ဆုံးရှုံးခဲ့သလို ကြိုတင်မဲများ အချိန်မှီ ‌ရောက်မ လာခြင်းများ‌ကြောင့် ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ဟု ‌ပြောဆိုသည်။

“ဒီ‌ရွေး‌ကောက်ပွဲဟာ ကျ‌နော့်အ‌နေနဲ့က‌တော့ အပြည့်အဝ အားရ‌ကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ပြည်သူ‌တွေက လွတ် လွတ်လပ်လပ် စိတ်ချမ်းချမ်းသာသာနဲ့ မဲထည့်ခွင့်မရဘူး။ ၈ရက်‌နေ့မနက်မှာထည့်ရမယ့် မဲက ၈ရက်‌နေ့မနက်တွင် မဲစာရင်း ရှာ မ‌တွေ့‌သေးဘူး”ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျင်းပ‌နေသည့် ‌ရွေး‌ကောက်ပွဲသည် အမျိုးသားလွှတ်‌တော်၊ ပြည်သူ့လွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် ၃ရပ်စလုံးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိ‌ရေးမှာ ရာနှုန်းပြည့်ဖြစ်‌နေ‌သော်လည်း ယခု အချိန်ထိ မြို့နယ်၊ ခရိုင်အဆင့် တရားဝင် ထုတ်ပြန်‌ကြေညာခြင်းမရှိ‌သေး‌ပေ။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မဲရုံ‌ပေါင်း ၅၁ရုံနှင့် မဲဆန္ဒရှင်‌ပေါင်း ၈၈,၈၀၄ဦးရှိရာ မဲရုံမှ ၁၁ရုံတွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေးပါတီက အနိုင်ရရှိပြီး ကျန်မဲရုံများမှာ NLD သာ မဲအနိုင်ရရှိ‌နေ‌ကြောင်း ‌စောင့်ကြည့်‌လေ့လာသူများနှင့် ပါတီကိုယ် စားလှယ်များက ‌ပြောဆိုသည်။