Home သတင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော ဈာပန ပရိဿတ် ၂၀၀ဝနီးပါး တက်‌ရောက်ခဲ့

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော ဈာပန ပရိဿတ် ၂၀၀ဝနီးပါး တက်‌ရောက်ခဲ့

2297

ဇွန် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဇွန်လ ၂၆ရက်‌နေ့ညက ကွယ်လွန်သွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး ‌စောတာမလာ ‌ဘော ၉၄နှစ်၏ ဈာပနအခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ‌ကေအဲန်အယ်လ်‌အေ ဗဟိုဌာနချုပ် ‌သေ‌ဘေထာ့၌ ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်‌ပေါင်း ၂၀၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

ဈာပနဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ စီစဉ်‌ဆောင်ရွက်မှုအရ ယမန်‌နေ့ နံနက် ၉း၃ဝနာရီ၌ အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ‌ပေးပို့ လာသည့် သဝဏ်လွှာ ၄၀‌ကျော်ထဲမှ အချို့ကိုဖတ်ကြားကာ တက်‌ရောက်လာသည့် မဟာမိတ်‌ခေါင်း‌ဆောင်များက ဗိုလ်ချုပ်ကြီး ‌စောတာမလာ‌ဘောအတွက် ဂုဏ်ပြုစကားများ ‌ပြောကြားခဲ့သည်။

ဈာပနအခမ်းအနားတွင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ‌စောတာမလာ‌ဘော၏ သမီး၊ KNU ဒုတိယ ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “ပါးပါး မရှိ‌တော့‌ပေမယ့် သူ‌ပေးခဲ့တဲ့ မပြီးဆုံး‌သေးတဲ့ အမျိုးသား‌ရေးတာဝန်ကို ကျမတို့ ဆက်လက် ထမ်း‌ဆောင်သွားမယ်ဆိုတာ ကတိ‌ပေးပါတယ်။ ကျမတို့ မျိုးချစ်စိတ်၊ ‌တော်လှန်‌ရေးအ‌ပေါ် တာဝန်သိစိတ်ရှိ‌အောင် ပဲ့ကိုင်ဆုံးမ‌ပေးတဲ့ ဖခင်တစ်ဦးရဲ့ ‌စေတနာ ကို ဘယ်အရာနဲ့မှ အဖိုးမဖြတ်နိုင်ပါဘူး”ဟု ‌ပြောကြားခဲ့သည်။

၎င်း‌နောက် ဘာသာ‌ရေးအရ ဝတ်ပြုဆု‌တောင်းခြင်းများ ပြုလုပ်အပြီးတွင် ရုပ်ကလပ်ကို ဂူသွင်းမြှုပ်နှံရင်း KNLA တပ်ဖွဲ့ဝင်များ၏ တပ်ဖက်ဆိုင်ရာ ဂုဏ်ပြုအစီအစဉ်ဖြင့် ည‌နေ ၂နာရီ‌ကျော်တွင် ဈာပနကို အဆုံးသတ်ခဲ့ကြသည်။

အဆိုပါ ဈာပနအခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ‌စောတာမလာ‌ဘော၏ မိသားစုဝင်များ အပါအဝင် ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး ‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် အခြား KNU ‌ခေါင်း‌ဆောင်များ၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်အချို့၊ ဒီမိုက‌ရေစီအင်အားစုများနှင့် ကရင်လူထုအ‌ခြေပြုအဖွဲ့များ အပါအဝင် ဧည့်ပရိဿတ်‌ပေါင်း ၂‌ထောင်ခန့် တက်‌ရောက်ခဲ့သည်။

အခမ်းအနားလာ‌ရောက်သူ ပအိုဝ့်အမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(PNLO)၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက “သူက ‌တော်လှန် ‌ရေးမှာ တာဝန်ယူ‌နေတဲ့အလုပ်‌တွေ မျက်‌ခြေမပြတ်ဘူး။ ‌တော်လှန်‌ရေးအ‌ပေါ်မှာလည်း ဘာအကျိုးအမြတ်မှ မယူခဲ့ဘူး။ ဒါ ‌ကြောင့် သူက ‌တော်လှန်‌ရေးသမား‌ကောင်းပါပဲ။ အခုလို သူကွယ်လွန်တာ ကျ‌နော်တို့အတွက် ဆုံးရှုံးမှုတစ်ရပ်ပါ”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော လမ်းညွှန်ခဲ့‌သော အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည် ‌ထောင်စု တည်‌ဆောက်‌ရေး စသည်တို့ ရရှိ‌ရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဟု ခွန်ဥက္ကာက ဆက်‌ပြောသည်။

ယင်းဈာပနအခမ်းအနားကို တက်‌ရောက်ခဲ့သည့် အ‌မေရိကန်အ‌ခြေစိုက် ကွယ်လွန်သွားသည့် KNU ဥက္ကဌ‌ဟောင်း မန်းဘဇန်၏ သားဖြစ်သူ ဗိုလ်မှူးကြီးမန်း‌ရောဘတ်ဘဇန်ကလည်း “ဥက္ကဌ တာမလာ‌ဘော‌သေ‌ပေမယ့် သူ့ရဲ့‌တော်လှန်‌ရေးစိတ်ဓာတ်က‌တော့ ရှင်သန်‌နေတယ်။ သူရဲ့ ခံယူချက်‌တွေဟာ မျိုးဆက်သစ်တိုင်းမှာ ရှိတယ်။ ကရင်ပြည်ရတဲ့အထိ သူ့ရဲ့စိတ်ဓာတ်ကို ထိန်းသိမ်း သွားမယ်”ဟု ‌ပြောသည်။

ကွယ်လွန်ချိန်တွင် ‌တော်လှန်‌ရေးသက်တမ်း ၆၃နှစ်ရှိခဲ့သည့် ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် ‌တော်လှန်‌ရေးသက်တမ်း တစ်‌လျှောက် ‌အောက်‌ခြေတာဝန်မှ အဆင့်မြင့်တာဝန်အထိ ထမ်း‌ဆောင်ခဲ့ရသည့်အပြင် NDF, DAB, NCUB တပ်‌ပေါင်းစုအဖွဲ့ များတွင်လည်း ဥက္ကဌ တာဝန်ထမ်း‌ဆောင်ခဲ့သလို အဖွဲ့အစည်းအသီးသီးက ‌ပေးအပ်‌သော ဂုဏ်ထူး‌ဆောင်လက်မှတ် ၈ခုကို လည်း ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော ၁၉၄၃ခုနှစ်တွင် ‌ကျောင်းဆရာမ ‌နော်‌ဖောက‌ဝေါ်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၈)ဦး ထွန်း ကားခဲ့ရာ လက်ရှိအချိန်တွင် ‌မြေး(၃၂)ဦးနှင့် မြစ် (၃၇)ဦးထွန်းကားခဲ့‌ကြောင်း သိရသည်။ သူ၏ အစ်မဖြစ်သူမှာ လက်ရှိ ဩစ ‌တြေးလျားတွင် ‌နေထိုင်လျှက်ရှိသည်။