Home ကဗျာ ဝန်ခံမလား ကျွန်ခံမလား

ဝန်ခံမလား ကျွန်ခံမလား

2194

(လကင်္ာဒီပ)

‌ခေတ်အဆက်ဆက် လိမ်ညာထားကြ
မဆလ နဝတ
နအဖ ‌ခေတ်ကာလသမိုင်း‌တွေ
‌ကျောင်း‌တော်‌မြေမှာပဲ ချန်ထားခဲ့ကြပါ
ဖီလာဆန့်ကျင် ‌ဖျောက်ဖျက်ခြင်းခံရ
မဟုတ်တရား‌တွေ ချဲ့
ပိတ်‌စေခဲ့ ပါးစပ်‌တွေ
“အ” ‌နေ‌စေချင်ကြသတဲ့ သူငယ်ချင်း။

‌ခေတ်နဲ့အညီ တ‌ရွေ့‌ရွေ့
‌ခေတ်‌ရှေ့ကိုလည်း သွားကြ‌ပေါ့ကွယ်
တကယ်‌တော့ ရိုးရာလည်း မပျက်‌စေ
စဉ်လာ‌တွေလည်း မတိမ်‌ကော‌စေ
‌ခေတ်‌တွေလည်း မလွန်‌စေဖို့လိုတယ်
ငယ်စဉ်အတိတ်‌တွေ မ‌မေ့သလို
သမိုင်းကိုလည်း အမှန်‌တွေ မြင်‌စေချင်ကြစမ်းပါဘိ။

ကိုယ်ပိုင် နယ်‌မြေ မြစ်‌ချောင်း လယ်ယာ
ကိုယ်ပိုင်စာ‌ပေ စကား
ကိုယ်ပိုင်ထား အလကင်္ာ
ကိုယ်ပိုင်ဘာသာ ဓ‌လေ့စုစု
ကိုယ့်အနုပညာ တူရိယာ
တို့ဟာ လူမျိုးစု လူမျိုးငယ်မဟုတ်တဲ့
ကြီးမြတ်တဲ့ လူမျိုးကြီးဖြစ်တယ် သူငယ်ချင်း။

၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်မှ
လူမစုံ အမြင်မစုံ
အသွင်မှုံတဲ့ ပင်လုံကို
ရင်မခုန်မိ‌ပေမယ့်
‌ပြောခဲ့ မှာခဲ့ပါရ‌စေလား
တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
အားလုံးနှင့် တန်းတူ‌ရေးအလှ
တိကျစစ်မှန် ဖက်ဒရယ်ပြည်‌ထောင်စု
ညီညွတ်မှုပြု ‌ပေါ်ထွန်း‌ရေး
အ‌လေးထား အားစိုက်လိုက်ကြစမ်းပါ။

နှစ်‌ပေါင်း ခုနှစ်ဆယ်စွန်းကြာ
‌လောင်မြိုက်လာတဲ့ ပြည်တွင်းစစ်
နွံနစ်တဲ့‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာတစစ်
ကျွန်ဖြစ်တဲ့ နယ်‌မြေလုစစ်
ညစ်ပတ်တဲ့ ‌လောဘ တဏှာရာဂစစ်
ဘယ်စစ်မှ မလိုချင်ပါဘူးကွယ်
ဖက်ဒရယ်ဟာ ခွဲထွက်ခြင်းမဟုတ်‌ပေမယ့်
ပင်လုံရဲ့အနှစ်သာရ
မပျက်စီး မဖျက်ဆီးဖို့‌တော့လိုတယ် သူငယ်ချင်း။

ပြည်သူ့ရင်တွင်းစကား
ပြည်သူ အားမလို အားမရ ဖြစ်‌နေတဲ့အသံ
နာခံ ဝန်ခံတတ်ဖို့‌တော့ လိုတယ်‌လေ
ပြည်သူ‌တွေကို မညာနဲ့
ပြည်သူရဲ့ ‌လေးစားကြည်ညိုမှု
ရယူမှုပြုနိုင်‌အောင် ပြန်လည်ကြိုးစားရင်း
လည်စင်းခံ ကျွန်ဖြစ်ချင်တဲ့စိတ်ထား
ပြုပြင်သွားကြဖို့ တိုက်တွန်းရင်း
အားတင်း ‌မျှော်လင့်‌နေမိပါ‌တော့တယ် သူငယ်ချင်း။

၂၁ ‌မေလ၊ ၂၀၁၇။