Home ထိပ်တန်းသတင်း NCA မထိုးရ‌သေးသည့် ကျန်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ပါဝင်လာရန် KNU ကြိုးပမ်းမည်ဟုဆို

NCA မထိုးရ‌သေးသည့် ကျန်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ပါဝင်လာရန် KNU ကြိုးပမ်းမည်ဟုဆို

2685

‌မေ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCAကို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ပါဝင်လက်မှတ် မ‌ရေး ထိုးနိုင်‌သေးသည့် အခြား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ ပါဝင်လာရန်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ကြိုးပမ်းသွားမည်ဟု ‌မေလ ၂ဝရက်‌နေ့က ထုတ်ပြန်‌ပြောဆိုလိုက်သည်။

KNU ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ‌မေလ ၁၆ရက်မှ ၂ဝရက်‌နေ့အထိ ပြုလုပ်သည့် ‌ကေအဲန်ယူ၏ ၁၆ကြိမ်‌မြောက် ကွန်ဂရက် အပြီး အသစ်တက်လာသည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ၏ ပထမအကြိမ်အစည်းအ‌ဝေးတွင် အဆိုပါလက်မှတ်မ‌ရေး ထိုးနိုင်‌သေးသည့် အဖွဲ့များနှင့် ထိ‌တွေ့ဆက်ဆံကာ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးရ‌အောင် ကြိုးပမ်းသွားမည်ဟု သ‌ဘော တူခဲ့‌ကြောင်း KNU၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့‌တော့ နည်းလမ်းရှိသမျှအကုန်လုံး‌တော့ ကြိုးစားသွားရမှာ‌ပေါ့။ ဆိုလိုချင်တာက ကျ‌နော်တို့ ‌လော‌လောဆယ် လက် မှတ်ထိုးထားတဲ့အဖွဲ့‌တွေအ‌နေနဲ့ ချည်းကပ်တဲ့ပုံစံက တစ်မျိုး၊ လက်မှတ်မထိုးရ‌သေးတဲ့ အဖွဲ့အ‌နေနဲ့လည်း ကျ‌နော်တို့ ဖြစ်နိုင်‌ခြေ ရှိတဲ့ချည်းကပ်မှု‌တွေနဲ့ လုပ်သွားဖို့ရှိပါတယ်။ ဒါ‌ပေမဲ့ ဘယ်လိုအ‌နေအထားလဲဆိုတာက‌တော့ ကျ‌နော်တို့ ဆက်သွယ်လုပ်‌ဆောင် တဲ့အ‌ပေါ်မှာပဲ မူတည်မှာ‌ပေါ့‌နော်”ဟု ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဖွဲ့အစည်းများအကြားတွင် အ‌ခြေခံ မတူညီကြသည့် အ‌ခြေအ‌နေများ‌ကြောင့် NCA ကို လက်မှတ်ထိုးသူနှင့် မထိုး သည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်လာပြီး ၎င်း NCA လက်မှတ်‌ရေးထိုးခြင်းမှာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဖြစ်‌ပေါ်လာရန် ‌မျှော်လင့်ခဲ့ ခြင်းဖြစ်‌ကြောင်း၊ လက်ရှိ ရှိ‌နေသည့်အ‌နေအထားအရ ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာနိုင်တဲ့ ‌နေရာတစ်ခုကို ထိန်းသိမ်းသွားရင်း အား လုံး အတူတကွ ပါဝင်နိုင်သည့် အခင်းအကျင်းတစ်ခုဖြစ်လာရန် ‌မျှော်လင့်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ငါးရက်တာ ပြုလုပ်သည့် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ၏ ပထမအကြိမ် အစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေအရ ဖွဲ့စည်းရမည့် ‌ကောင်စီ၊ ‌ရေးရာ‌ကော်မတီနှင့် လုပ်ငန်း‌ကော်မတီများ ဖွဲ့စည်းခြင်း၊ ‌ရှေ့လုပ်ငန်းစဉ် အ‌ကောင်အ ထည်‌ဖော်မှုဆိုင်ရာ တာဝန်‌ပေးအပ်ခြင်းနှင့် ‌မေလ ၂၄ရက်‌နေ့တွင်ကျင်းပမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအ‌ဝေးကို တက်‌ရောက်မည့် ကိုယ်စားလှယ်များကို ‌ရွေးချယ်ခဲ့သည်ဟု အစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းမှ ဦး‌ဆောင်မည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-U ဒုဥက္ကဌ (၁) ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုး၊ စစ်ဦးစီး ပထမတန်း G1 ဗိုလ်မှူးကြီး‌စောတာမလာ ‌သောနှင့် လုပ်ငန်း‌ကော်မတီပိုင်းတွင် တာဝန်ယူထားသည့် နိုင်ငံ‌ရေးကဏ္ဍမှ ပဒို‌စောအယ်ကလူ‌စေး၊ စီးပွား‌ရေးကဏ္ဍမှ ပဒို‌စော တာဒိုမူး၊ လူမှု‌ရေးတွင် ပဒို‌စောဆဲပွယ်၊ လုံခြုံ‌ရေးပိုင်းတွင် ‌စောတာမူလာ၊ ‌မြေယာနှင့် သဘာဝ သယံဇာတတွင် ‌နော်ခူခူဂျူးနှင့် ခရိုင် ၇ခုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်တက်‌ရောက်သွားမည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ကျင်းပရန် ရက်ပိုင်းသာလို‌တော့သည့် ၂၁ရာစုပင်လုံညီလာခံ ဒုတိယအစည်းအ‌ဝေးကို တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန် ‌ရေးအဖွဲ့အစည်း(EAOs) အစုအဖွဲ့များအတွက် ကိုယ်စားလှယ် ၁၅ဝဦး တက်‌ရောက်ရမည်ဖြစ်‌သော်လည်း NCA လက်မှတ်မ‌ရေး ထိုးထားရ‌သေးသည့် လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ တက်‌ရောက်ခြင်းကို ကန့်သတ်ထားမှုရှိ‌နေသည်။

ထိုသို့ ကန့်သတ်ထားမှုများ‌ကြောင့် တိုင်းရင်းသားလူမျိုးစုံ မပါဝင်နိုင်ပါက အဓိပ္ပာယ်ပြည့်ဝပြီး ‌ရေရှည် တည်တံ့ခိုင်မြဲသည့် တစ် နိုင်ငံလုံး ငြိမ်းချမ်း‌ရေးအတွက် အ‌ဖြေမရနိုင်‌ကြောင်း ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) ဒုတိယ ဥက္ကဌဖြစ်သူ နိုင်ဟံသာက ‌မေလ ၁၇ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

(UNFC) အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက် ‌ရေးပါတီ(SSPP/ SSAA)၊ ရခိုင်အမျိုးသား‌ကောင်စီ(ANC)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့က တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လမ်း‌ကြောင်းအတိုင်းသွားရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ဆုံး ဖြတ်ခဲ့ကြသည်ဟု UNFC ဘက်က ‌ပြောသည်။

‌ကေအဲန်ယူသည် ယခင် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အစိုးရနှင့် NCA ကို လက်မှတ်‌ရေးထိုးထားခဲ့သည့် အဖွဲ့ ၈ဖွဲ့တွင် ပါဝင်သည်။ လက်ရှိအချိန်တွင် UNFC အဖွဲ့ဝင်များနှင့် ဝပြည်‌သွေးစည်းညီညွတ်‌ရေး ပါတီ (UWSA) ဦး‌ဆောင်သည့် ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အပါအဝင် စုစု‌ပေါင်း အပစ်မရပ်ထားသည့် တိုင်းရင်းသားလက် နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၁၃ဖွဲ့ ကျန်ရှိသည်။

‌မေလ ၂ဝရက်‌နေ့က ပြီးစီးခဲ့သည့် ‌ကေအဲန်ယူ၏ ၁၆ကြိ်မ်‌မြောက် ကွန်ဂရက်အပြီး ပြုလုပ်သည့် ပထမအကြိမ် ဗဟို အမြဲတမ်း ‌ကော်မတီ၏ အစည်းအ‌ဝေးသို့ ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ၅၅ဦးရှိသည့်အနက် ၅၁ဦး တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။