KIC News
စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ
စစ်အုပ်စု လက်ခုပ်ထဲက ထွက်လာမယ့် ရုပ်ပြ/ရုပ်သေး အစိုးရဆီကနေ
ဘာတွေ မျှော်လင့်နေကြတာလဲ
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်)
၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၆၇။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေး ရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရ။
ဒီ...
တော်လှန်ရေးအရွေ့အားကောင်းလာရန် ကရင်နှင့် ကရင်နီလူငယ်များ တွေ့ဆုံနှီးနှောဖလှယ်
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့် ကရင်နီပြည်နယ်ရှိ ကရင်နီလူငယ်များ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် တွေ့ဆုံနှီးနှောဖလှယ်ခဲ့ကြသည်။
ကရင်လူငယ်အစည်းအရုံး (KYO) နှင့် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၊ လူငယ်ရေးရာဌာန IEC (DOYA)...
စစ်မှုထမ်းစုဆောင်းခံရသူ တပ်ဖွဲ့ဝင် ၁၀ ဦး KNU တပ်မဟာ ၃ ထံ ဘက်ပြောင်းခိုလှုံ
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) ထံသို့ ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်အုပ်စု၏ မတရားစစ်မှုထမ်းစေခိုင်းခံရသူ တပ်ဖွဲ့ဝင်(၁၀)ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။
လယ်ဒို (ကျောက်ကြီး )မြို့နယ်ရှိ စစ်အုပ်စုအခြေစိုက်တပ်စခန်း ခြေမြန်တပ်ရင်း ခမရ-၄၃၉...
ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ရရှိရေး လူမျိုးစုများအားလုံး ပူးပေါင်းဆောင်ရွက်ရန် ချင်းအမျိုးသားနေ့တွင် KNU တိုက်တွန်း
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား လူမျိုးစုအားလုံးနှင့် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ကရင်အမျိုးသားအစည်းအရုံး...
စစ်အုပ်စုစေခိုင်းချက်အရ မူးယစ်ဆေးသွားရောင်းသည့် ကလေးငယ် (၂) ဦး ဖမ်းမိခဲ့ကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင် ထုတ်ပြန်
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) ရက်နေ့က WY (စိတ်ကြွမူးယစ်ဆေး) များအား စစ်အုပ်စုခိုင်း စေချက်အရ သွားရောက်ရောင်းချသည့် အသက်မပြည့်သေးသူ ကလေးငယ်နှစ်ဦးကို...
လှိုင်းဘွဲမြို့နယ် ကြံပင်စိုက်တောင်သူများ ကြံသကာဝယ်သူနည်း၍ စားဝတ်နေရေးအခက်ကြုံ
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက် ထုတ်လုပ်ရောင်းချသည့် တောင်သူများသည် ယခုနှစ်ကြံထွက်ရာသီ၌ ကြံသကာ လာဝယ်သူနည်းပါး၍ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများပြောပြချက်အရ သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း စီးပွားဖြစ်ကြံစိုက်ပျိုးမှုမှထွက်ရှိသည့် ကြံသကာများကို ဖားအံမြို့အဝယ်ဒိုင်များမှ ကြံစိုက်တောင်သူများထံ လာရောက်ဝယ်ယူနေကျဖြစ်သော်လည်း...
ဖာပွန်နှင့် ကော့ကရိတ်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်
ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) မူတြော်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာ ခရိုင်တို့တွင် စစ်အုပ်စုက နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ရန် ဖိအားပေးသည့်အနေဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။
ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊...
မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် လမ်းဘေးစက်သုံးဆီဆိုင်များကို စစ်အုပ်စု လိုက်လံဖမ်းဆီးနေ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ကာ စစ်အုပ်စုနှင့် လက်အောက်ခံ ဌာနဆိုင်ရာများက လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မီးဘေးအန္တရာယ် ကာကွယ်ရန်နှင့် တရားမဝင်...
ဖားအံတွင် တရားမဝင်ထိုင်းကုန်ပစ္စည်းဖမ်းပြပြီး ဝန်ထမ်းများ ကိုယ်တိုင် သယ်ဆောင်ပေးနေ
ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်-ထိုင်းနယ်စပ်မှတစ်ဆင့် ဝင်လာသည့် တရားမဝင်ထိုင်း ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖားအံမြို့အဝင်ဂိတ်နေရာများတွင် ဖမ်းဆီးစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေသော်လည်း ဖားအံမြို့ ဆယ်အိမ်စုရွာကမ်းနားဘက်တွင်မူ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ထိုတရားမဝင်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးနေလျက်ရှိသည်ဟု မြို့ခံများထံမှ သိရသည်။
စစ်အုပ်စုထံ အခွန်မတင်ထားသည့် တရားမဝင် ထိုင်းကုန်ပစ္စည်းကားများကို...
လူသားချင်းစာနာမှုအကူအညီလိုအပ်မှုအခြေအနေ ဒေါက်တာစင်သီယာ မောင်နှင့် နယူးဇီလန် အစိုးရတာဝန်ရှိသူများ ဆွေးနွေးခဲ့
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် စစ်ဘေးရှောင်ပြည်သူများနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ ပိုမိုလိုအပ်သည့် အခြေအနေကို မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က နယူးဇီလန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့...















