Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

မြဝတီတောင်ပိုင်းကစစ်ရှောင်များ စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ

ဖေဖော်ဝါရီ (၁၉) ရက်၊ ၂၀၂၆ခုနှစ်။‌ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းတွင် စစ်အုပ်စု၏ထိုးစစ်ဆင်မှု၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့်တိုက်ပွဲ ဆက်လက်ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင်ကာလကြာရှည်နေ၍ စားနပ်ရိက္ခာရရှိမှု ပိုခက်ခဲလာကြောင်း ဒေသခံစစ်ရှောင်များကပြောသည်။ မြဝတီတောင်ပိုင်းတွင် ဇန်နဝါရီလမှ ယခုဖေဖော်ဝါရီအထိ တိုက်ပွဲအရှိန်တိုးမြင့်ဖြစ်ပေါ်နေပြီး နေရပ်ရှောင်အရေအတွက်လည်း တရိပ်ရိပ်တက်လာသည်။ လေကြောင်းအန္တရာယ်နှင့်တိုက်ပွဲကြောင့် ပုံမှန်အသက်မွေးဝမ်းကြောင်းပြုနေသည့် အလုပ်အကိုင်များ ရပ်နားထားရသလို ကူညီထောက်ပံ့မှုလည်းကာလရှည်ကြာပြတ်တောက်နေသဖြင့် ရပ်တည်မှုအခက်အခဲဖြစ်လာသည်ဟု စစ်ဘေးရှောင်များကပြောသည်။ “ကြာတော့...

ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းပေါ်တာ တကျော့ပြန်လုပ်လာ

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)/ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် ယခုဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက စစ်မှုထမ်းဆောင်ရန် အတင်းအကြပ်ခိုင်းစေ ပေါ်တာဆွဲမှုများ တကျော့ပြန်လုပ်လာ၍ မြို့ပေါ်သို့အသွားအလာမလုပ်ရဲကြကြောင်း ဒေသခံများထံမှသိရသည်။ ညောင်လေးပင်ခရိုင်တွင် စစ်မှုထမ်းဥပဒေစတင်အသက်မဝင်ခင် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စု ကောင်းစွာထိန်းချုပ်ထားနိုင်သော မြို့ပေါ်နေရာများတွင် စစ်မှုထမ်းရန်ပေါ်တာဆွဲမှုများ...

မဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရန် GMS Breath Council ကို ဖွဲ့စည်း

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ် ညမ်းမှုပြဿနာကို ပူးပေါင်းဖြေရှင်းရန်အတွက် Greater Mekong Subregion Breath Council (GMS Breath Council) ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း...

မဲဆောက်တွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း ကြေညာ

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ ရပ်ကွက်ပေါင်း(၂၀)တွင် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ရန် လာမည့် ဖေဖော်ဝါရီ(၁၆)ရက်နေ့မှစတင်၍ အရေးပေါ် ကွင်းဆင်းခွေးရူးပြန် ကာကွယ်ဆေးထိုးပေးခြင်းအစီအစဥ် စတင်သွားမည်ဖြစ်ကြောင်း မဲဆောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတို့က အသိပေးကြေညာသည်။ ဆန်တွန်ပင်၊ ဘန်နူရာ၊ ဒွန်ချိုင်း၊ ပူဒန်း၊...

လေကြောင်းရန်ကြောင့် သေ့ဘော်ဘိုးစစ်ဘေးရှောင် သုံးဆတိုး

ဖေဖော်ဝါရီ (၁၈) ‌ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုးကျေးရွာရှိစစ်ရှောင်ဧရိယာသို့ လေကြောင်းရန်စိုးရိမ်မှုကြောင့် ယခုဖေဖော်ဝါရီလအတွင်း ဒေါနတောင်အရှေ့ တောင်ပေါ်ရွာနေဒေသခံများ စစ်ဘေးရှောင်ရောက်ရှိလာပြီး နဂိုထက် လူဦးရေ သုံးဆတိုးသွားကြောင်း စစ်ရှောင်အကူအညီပေးနေသူများထံမှ သိရသည်။ ပြီးခဲ့သည့်‌‌‌‌‌‌‌‌‌ဇန်နဝါရီလကတည်းက စစ်အုပ်စု၏စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများကြောင့် ယခင် လူဦးရေ ၁,၀၀၀...

မြဝတီရှိ DKBA ကြက်ဝိုင်းတစ်ခု စစ်တပ်ဝင်စီး၊ ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်ရွေးခွင့်မပေး

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့၏ ကြက်ဝိုင်းတစ်ခုကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က စစ်အုပ်စုနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဝင်ရောက်စီးနင်းခံရမှုတွင် အဖမ်းခံရသည့်...

ထားဝယ်၊ မောင်မယ်ရှောင်ရွာတပ်စခန်းကို ယာယီသိမ်းပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်း ထုတ်ပြန်

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ စစ်အုပ်စု၏ GTC တပ်စခန်းကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA လက်အောက်ခံတပ်ရင်းနှစ်ခုက ပြီးခဲ့သည့်ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်နှင့်ခဲယမ်းများလည်းရရှိခဲ့ကြောင်း တိုက်ပွဲပါ ဒူရကစစ်ကြောင်းက ယမန်နေ့တွင်ထုတ်ပြန်သည်။ ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ-DGRF...

ကော်သူးလေတည်ဆောက်ရေးအတွက် ကရင်အဖွဲ့အစည်းများ ပူးပေါင်းမည်

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ရေးကို လက်ခံ၍ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေး၊ စစ်ရေးနှင့်ပြည်တွင်း၊ ပြည်ပ အရပ်ဖက် ကရင်အဖွဲ့ကိုယ်စားလှယ်များပါဝင်ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ၏ ယနေ့(ဖေဖော်ဝါရီ ၁၈)ရက် ထုတ်ပြန်ချက်အရ သိရသည်။ ကေအဲန်ယူ-ဗဟိုနှင့်ခရိုင်ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDO မှတာဝန်ရှိသူများနှင့်...

သထုံခရိုင်တွင် လက်နက်ကြီးကြောင့် နှစ်လအတွင်း အရပ်သား ၉ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်တွင် စစ်အုပ်စုက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ကြီးကျည်စ ထိမှန်၍ နှစ်လအတွင်း အရပ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့်...

အာမခံရှိမှ မြဝတီ-မဲဆောက်တံတား ပေးဖြတ်၊ အာမခံကြေး ဘတ်( ၁၀၀၀) ကျော်အထိ ဈေးပေါက်

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာမှ ထိုင်းသို့ မြဝတီ-မဲဆောက်တံတားမှတစ်ဆင့် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်လာသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က သတ်မှတ်ရက်အတိုင်း ပြန်မည့်အကြောင်း အာမခံပေးသူရှိမှသာ တံတားပေးဖြတ်မှု လုပ်လာပြီးနောက် အာမခံကြေးများ ဘတ် (၁,၅၀၀) အထိ...
Donate