KIC News
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်သူများ အယောင်ဆောင်ကာ ကျောင်းသားများ၏ အချက်အလက် ခိုးယူသူ ၃ ဦးကို ဖမ်းဆီး
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်အတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်သူများအဖြစ် ဟန်ဆောင်ကာ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့သူ ၃ ဦးကို ထိုင်းအွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးဗဟိုဌာန (Anti-Cyber Scam Centre) က ယနေ့ ဖေဖော်ဝါရီ ၂၄ရက်တွင်...
မြန်မာ-ထိုင်းနယ်စပ် ခရိုင် (၄) ခုကို ကုန်စည်ထိန်း ချုပ်နယ်မြေသတ်မှတ်မည့် မူကြမ်း ထိုင်းအစိုးရအဖွဲ့ အတည်ပြု
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံ ကန်ချနပူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်နှင့် ချင်းရိုင် ခရိုင် (၄) ခုကို ကုန်စည်ထိန်းချုပ်နယ်မြေ သတ်မှတ်မည့် စည်းမျဉ်းလုပ်ထုံးမူကြမ်းကို ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင်...
သံလွင်မြစ်အတွင်း သဲနှင့် ကျောက်ထုတ်ယူမှု အဆမတန် မြင့်တက်နေသော်လည်း ဒေသခံများ တိုင်ကြားရန် ကြောက်ရွံ့နေ
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ သဲ၊ ကျောက်ထုတ်လုပ်မှု အဆမတန်မြင့်တက်နေသော်လည်း ဒေသခံများသည် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားရန် ကြောက်ရွံ့နေကြကြောင်း သိရသည်။
ကျေးရွာအနီးနားရှိ သံလွင်မြစ်ထဲတွင် သဲ၊ ကျောက်များကို နေ့စဉ် အဆမတန် ထုတ်ယူနေပြီး...
စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်ကို တိုးချဲ့အရေးယူရန် JFM တောင်းဆို
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လေယာဉ်ဆီထောက်ပံ့ပေးနေသော အီရန်နိုင်ငံနှင့်ဆက်နွယ် မှောင်ခိုသင်္ဘောအုပ်စု၊ ပိုင်ရှင်နှင့်မန်နေဂျာများ၊ လေယာဉ်ဆီသိုလှောင်တင်ပို့ဆိပ်ကမ်းနှင့် စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) တို့အပေါ် တိုးချဲ့အရေးယူပေးရန် အီးယူ၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနှင့် ယူကေအစိုးရများကို Justice for...
ဘုရားသုံးဆူတွင် တရုတ်လုပ်ငန်းများ တွင်ကျယ်လာခြင်းကြောင့် တရုတ်စာသင်တန်းများ အလုပ်ဖြစ်နေ
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ် လာခြင်းနှင့် တရုတ်စာတတ်မြောက်သူ အလုပ်သမားခန့်အပ်ခြင်းကြောင့် ယခု ၂၀၂၆ ခုနှစ်ဆန်းပိုင်း မှစပြီး တရုတ်စာ၊ စကားပြောသင်တန်းများ အလုပ်ဖြစ်လာကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြဝတီနှင့် ရွှေကုက္ကိုလ်ဘက်မှ...
ထိုင်းပစ္စည်းတင်ဆောင်သည့် တစ်နိုင်တစ်ပိုင်ကားများကို မြဝတီမြို့ပြင်၌ စစ်အုပ်စုရဲများ ဖမ်းဆီးပြီး ငွေညှစ်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တစ်နိုင်တစ်ပိုင် ထိုင်းကုန်ပစ္စည်း လာရောက် တင်ဆောင်သည့် ကားငယ်များကို စစ်အုပ်စုလက်အောက်ခံ ရဲများက မြို့ပြင်နေရာများ၌ လိုက်လံဖမ်းဆီးကာ အဆမတန် ငွေညှစ်တောင်းခံနေကြသည်ဟု ကားဖမ်းဆီးခံရသူများက ပြောသည်။
မြဝတီမြို့တွင် ကုန်ပစ္စည်း လာရောက်တင်ဆောင်သည့် ကားငယ်များကို...
ပိုင်ကျုံမြို့အနီး စစ်အုပ်စုတပ်နှင့် ကေအဲန်ယူ ပစ်ခတ်မှုဖြစ်ပွား၊ ဒေသခံအများအပြား တိမ်းရှောင်နေရ
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့အနီးတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပိုင်ကျုံမြို့မြောက်ဘက်ရှိ နှစ်ဖက်တပ်ဆိုင်ထားသည့်...
ကျိုက်ထိုမြို့နယ်အတွင်း ခြေကုပ်ယူရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်ကြောင့် ဒေသခံများ နေရပ်မပြန်နိုင်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် နယ်မြေများကို ဖေဖော်ဝါရီလဆန်းရက်ကတည်းက ခြေကုပ်ယူရန် ဝင်ရောက်လာသည့် စစ်အုပ်စုတပ်ကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများသည် ယနေ့အထိ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။
ဖေဖော်ဝါရီ (၅) ရက်နေ့ကတည်းက...
ဘန်ကောက်အခြေစိုက် OKRSO ကရင်အဖွဲ့ ဗဟိုအလုပ်အမှု ဆောင်သစ် ပြန်လည်တင်မြှောက်ပြီးစီး
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ပြည်ပရောက် ကရင် ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ၏ ဗဟိုအလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကိုဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည်။
အဆိုပါ အလုပ်အမှုဆောင် ရွေးချယ်ပွဲတွင်...
ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား ၁၀၀ အတွက် ပညာသင်ဆုထောက်ပံ့မည်
ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပညာသင်ယူရန်စိတ်အားထက်သန်မှုရှိပြီး အကူအညီလိုအပ်နေသည့် ကော်သူးလေဒေသရှိ ကျောင်းသူ၊ ကျောင်းသား အယောက် (၁၀၀)အတွက် လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် ဖန်းဖောင် ဒေးရှင်းမှ ပညာသင်ဆုထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
ကရင့်ပညာရေးကဏ္ဍကိုမြှင့်တင်ပေးရန်ရည်ရွယ်ပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD လက်အောက်ရှိ အထက်တန်းတက် ကျောင်းသူ၊...















