Home Authors Posts by KIC News

KIC News

22153 POSTS 0 COMMENTS

လုပ်အားခ မရ၍ အိမ်တွင်းမှုအထည်ချုပ်စက်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅ဝခန့် ဆန္ဒပြ

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ပန်းရုံအိမ်တွင်းမှု အထည်ချုပ်စက်ရုံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၅ဝခန့်သည် အလုပ် ရှင်က ကိုယ်ပိုင် နိုင်ငံကူးလက်မှတ် (ယာယီအလုပ်သမားလက်မှတ်) လက်ဝယ် ကိုင်‌ဆောင်ထားခွင့် မ‌ပေးသည့်အပြင် လကုန်‌သော်လည်း လစာ မထုတ်‌ပေးသည့်အ‌ပေါ် ဒီဇင်ဘာ ၂ရက်‌နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်ဟု...

ကရင်ပန်းချီဆရာတစ်ဦး တစ်ကိုယ်‌တော်ပန်းချီပြပွဲ မဲ‌ဆောက်မြို့တွင် ပြုလုပ်မည်

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိ‌နေထိုင်‌နေသည့် ကရင်ပန်းချီဆရာ ‌စောဖိုးဒါး၏ တစ်ကိုယ်‌တော် ပန်းချီပြပွဲကို မဲ‌ဆောက်မြို့၊ အမှတ် ၆၇၄/၁၄ Intharakeeree လမ်းရှိ The Borderline Women's Collective' Gallery and Teashop တွင် ဒီဇင်ဘာ ၄ရက်မှ...

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အချိန်ယူပြင်ဆင်သွားမည်ဟု KNU အား ကာချုပ်‌ပြောဆို

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးအတွက် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်သွားပြီး မပြင်သင့်‌သေးသည့် အချက်များကို အချိန်ယူ ပြင်ဆင်သွားမည်ဟု မြန်မာအစိုးရ၏ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင် လှိုင်က ၎င်းတို့အား ‌ပြောဆိုခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီဇင်ဘာ ၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြော...

‌ကော့ကရိတ်‌တောင်ပိုင်းရှိ အံဖကြီး‌ချောင်း‌ပေါ် တံတားတည်‌ဆောက်ရန် ‌ကေအဲန်ယူ ခွင့်ပြု

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့ မြန်မာအစိုးရ၏ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ ပြည်သူ့‌ဆောက်လုပ်‌ရေးလုပ်ငန်းက ကရင်ပြည်နယ်၊ ‌ကော့က ရိတ်မြို့နယ်‌တောင်ပိုင်း၊ ‌ကော့ကရိတ်မြို့နှင့် ကျိုက်ဒုံမြို့နယ်ခွဲကြားရှိ အံဖကြီး‌ချောင်းကို ဖြတ်၍ တံတားတည်‌ဆောက်ရန်ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ခွင့်ပြုလိုက်ပြီဖြစ်‌ကြောင်း သိရှိရသည်။ ‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်မှစ၍ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း ဒူးပလာယာခရိုင်တွင် ‌ကော့ကရိတ်-ကျိုက်ဒုံကားလမ်းကို ‌ဖောက်လုပ်ရန်နှင့်...

မြန်မာ့တပ်မ‌တော်၏ စစ်ဆင်မှုများရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(FUA) ‌တောင်းဆို

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း မြန်မာ့တပ်မ‌တော်အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်း‌နေသည့်ကာလအတွင်း အချို့‌သော တိုင်းရင်း သားနယ်‌မြေ အများအပြားတွင် ထိုးစစ်ဆင်‌နေမှုများ ပြင်းထန်လာသည့်အ‌ပေါ် ၎င်းထိုးစစ်အားလုံးကို ရပ်ဆိုင်း‌ပေးရန် ဖက်ဒရယ် ပြည်‌ထောင်စုတပ်မ‌တော်(Federal Union Army-FUA) က ဒီဇင်ဘာလ ၁ရက်‌နေ့က သ‌ဘောထားထုတ်ပြန်ကာ ‌တောင်းဆို...

ပထမအကြိမ် UNA ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်မည်

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ဒီဇင်ဘာလ ၂၂ရက်မှ ၂၄ရက်‌နေ့ထိ ရန်ကုန်မြို့၊ ‌တော်ဝင်နှင်း ဆီခမ်းမ၌ ကျင်းပမည့် ပထမဦးဆုံးအကြိမ် ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်‌ခေါ်သွားမည်ဟု UNA သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦး‌အေးသာ‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။ “တိုင်းရင်းသား...

‌ကေအဲန်ယူဗဟိုဆက်ဆံ‌ရေးရုံး အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာသင်တန်း ဖွင့်လှစ်

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုဆက်ဆံ‌ရေးရုံးမှ ဦး‌ဆောင်၍ အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာကို တစ်လ‌ကျော် ကြာ အဓိက သင်ကြားပို့ချသွားမည့် သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယ‌နေ့ စတင် ဖွင့်လှစ်လိုက်သည်။ ယင်းသင်တန်းတွင် ကွန်ပျူတာ ပညာရပ်များ သင်ကြားရန် အခက်အခဲရှိ‌နေ‌သော လူငယ်များနှင့် လက်ရှိ...

၂၀၁၅‌ရွေး‌ကောက်ပွဲပြိုင်မည့် အမျိုးသမီးများအား မဲ‌ပေးနိုင်ရန် ကရင်ပြည်နယ်တွင် စည်းရုံးလှုံ့‌ဆော်

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးများအား မဲဆန္ဒ‌ပေးနိုင်ရန် Vote for Women ‌ခေါင်းစဉ် ဖြင့် ကရင်ပြည်နယ် အမျိုးသမီးကွန်ယက်မှ စည်းရုံးလှုံ့‌ဆော်ပွဲ(campaigning)တစ်ခုကို ဖားအံမြို့၊ အဂ္ဂ‌ပေဘုရား‌ကျောင်း၌ နိုဝင် ဘာ ၂၈ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။ အမျိုးသမီးများ နိုင်ငံ‌ရေးတွင်...

CDC ‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်းကို ထိုင်းပညာ‌ရေးဝန်ကြီးဌာန လာ‌ရောက်‌လေ့လာ

နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ၏ အ‌ခြေအ‌နေများကို ‌လေ့လာရန် ထိုင်းပညာ‌ရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့သည် က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ (Children Development Center–CDC) အထက်တန်း‌ကျောင်း ကို နိုဝင်ဘာလ ၂၇ရက်‌နေ့က သွား‌ရောက်‌လေ့လာခဲ့သည်။ ထိုင်းပညာ‌ရေးဝန်ကြီးဌာန လက်‌အောက်ရှိ ပညာ‌ရေးဆိုင်ရာလုပ်ငန်းများပံ့ပိုး‌ဆောင်ရွက်‌ရေးရုံးမှ လုံခြုံ‌ရေးနှင့်...

‌ကေအဲန်ယူ သစ်‌တောဋ္ဌာန တာဝန်ခံများ သစ်‌တောလုပ်ငန်းဆိုင်ရာ ‌ဆွေး‌နွေးပြီးစီး

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့ သစ်‌တောဆိုင်ရာ လုပ်ငန်း‌ဆောင်ရွက်ချက်များကို အစီရင်ခံမှုများနှင့် ပြန်လည်သုံးသပ်မှုများကို နိုဝင်ဘာ ၂၄ရက်က ၂၆ရက်‌နေ့ အထိ ‌ကော့ကရိတ်မြို့နယ်၊ မိဖလိုင်း‌ကျေးရွာတွင် ကျင်းပခဲ့‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ၁၅ကြိမ်‌မြောက် ကွန်ဂရက်‌နောက်ပိုင်း ‌ကော်သူး‌လေသစ်‌တောဌာန ဒုတိယအကြိမ်‌မြောက် နှစ်ပတ်လည် အစည်းအ‌ဝေး၌ ‌ဆွေး‌နွေးပြီးစီးခဲ့သည်။ ၎င်းအစည်းအ‌ဝေးတွင် ယခင်နှစ်က အစည်းအ‌ဝေးဆုံးဖြတ်ချက်များ...
Donate