Home သတင်း ထိုင်း-မြန်မာနယ်ခြား‌ကော်မတီအစည်းအ‌ဝေးတွင် နယ်ခြားပြဿနာများကို အဓိက‌ဆွေး‌နွေးခဲ့

ထိုင်း-မြန်မာနယ်ခြား‌ကော်မတီအစည်းအ‌ဝေးတွင် နယ်ခြားပြဿနာများကို အဓိက‌ဆွေး‌နွေးခဲ့

1446

ဇွန် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ Kamphaeng Phet Rajabhat တက္ကသိုလ်တွင် ယ‌နေ့ ကျင်းပသည့် ၃၃ကြိမ်‌မြောက် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြား‌ကော်မတီ(TBC)အစည်းအ‌ဝေး၌ နှစ်နိုင်ငံ နယ်ခြားပြဿနာကိစ္စရပ်များကို အဓိက‌ဆွေး‌နွေးခဲ့ကြ သည်ဟု သိရသည်။

ယ‌နေ့နံနက် ၁ဝနာရီမှ ‌နေ့လည်အထိ ပြုလုပ်သည့် နှစ်နိုင်ငံ‌ဆွေး‌နွေးပွဲတွင် နှစ်နိုင်ငံထိစပ်‌နေသည့် ‌သောင်ရင်းမြစ် ကမ်းပါး‌ရေ ထိန်းနံရံ ‌ဆောင်ရွက်ရာတွင် မြစ်‌ရေစီး‌ကြောင်း မထိခိုက်‌စေ‌ရေး၊ ‌ရေလယ်ကျွန်း‌ပေါ်တွင် သွား‌ရောက်‌နေထိုင်သူ မရှိ‌စေ‌ရေး၊ မူး ယစ်‌ဆေးဝါး၊ မှုခင်းကိစ္စနှင့် လူကုန်ကူးမှုပြဿနာတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာဘက်ခြမ်းမှ နယ်ခြား‌ကော်မတီဝင်တစ်ဦးက “ကျ‌နော်တို့ အဓိက က‌တော့ ‌သောင်ရင်းမြစ်နဲ့ ပတ်သက်တဲ့ကိစ္စ‌တွေ၊ မှုခင်း ပိုင်းကိစ္စ‌တွေ၊ နှစ်ဦးနှစ်ဖက် နှစ်နိုင်ငံအ‌ရေးယူ ‌ဆောင်ရွက်ခဲ့တာ‌တွေ ထိ‌ရောက်‌အောင်မြင်မှု‌တွေ ရှိပါတယ်״ဟု သတင်း‌ထောက် များကို ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းငယ်က ‌သောင်ရင်းမြစ်‌ပေါ်တစ်‌နေရာမှာ ဆိုင်ကယ်သယ်‌ဆောင်သွားသူ မြန်မာနိုင်ငံသားတစ် ဦးအား ထိုင်းစစ်တပ်ဘက်က ‌ခြောက်လှန့်ပစ်ခတ်မှုကိစ္စကို ကန့်ကွက်ခဲ့သလို ‌ရေလယ်ကျွန်းတွင် ဝင်‌ရောက်‌နေထိုင်သူများအား ရှင်းလင်းရာတွင် ၎င်းတို့သာ စီစဉ်‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း မြန်မာဘက်ခြမ်းက တင်ပြ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

အစည်းအ‌ဝေးသို့ မြန်မာဘက်ခြမ်းက အမှတ်(၂၄)‌ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးရဲ‌နောင်လတ် ဦး‌ဆောင်သည့် နယ်ခြား ‌ကော်မတီဝင်များအပြင် နယ်ခြား‌စောင့်တပ် (၁၀၂၂)တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်၊ (၁၀၁၇)တပ်ရင်းမှူး ဗိုလ်မှူး‌စောဒိဒိတို့ တက်‌ရောက်ခဲ့ကြပြီး ထိုင်းဘက်ခြမ်းက အမှတ်(၄) အထူး‌ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်မှူးကြီးစိုဖွန်း ဦး‌ဆောင်သည့် နယ် ခြားဆက်ဆံ‌ရေး ‌ကော်မတီအဖွဲ့ဝင်တို့ တက်‌ရောက်ခဲ့ကြသည်။