Home သတင်း ‌ကေအဲန်ယူဥက္ကဋ္ဌ‌ဟောင်းဇနီး‌မောင်နှံ တနှစ်ပြည့်‌အောက်‌မေ့ဖွယ် ပရိဿတ် ၄၀၀‌ကျော်တက်‌ရောက်

‌ကေအဲန်ယူဥက္ကဋ္ဌ‌ဟောင်းဇနီး‌မောင်နှံ တနှစ်ပြည့်‌အောက်‌မေ့ဖွယ် ပရိဿတ် ၄၀၀‌ကျော်တက်‌ရောက်

1832

ဇွန် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဋ္ဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောနှင့် ဇနီးဖြစ်သူ ‌နော်‌ဖောက‌ဝေါ်တို့ ကွယ်လွန်ခြင်း တနှစ်ပြည့် ‌အောက်‌မေ့ဖွယ် ဝတ်ပြုဆု‌တောင်းပွဲကို ‌ကေအဲန်ယူ လက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)ဋ္ဌာနချုပ် ‌သေ‌ဘေထာ့စခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ် ၄၀၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

ဆု‌တောင်းပွဲသို့ မိသားစုဝင်များအပြင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌သောသီဘွဲ၊ ပဒို ‌စော‌ရောဂျာခင်၊ ပဒို‌စောအားတိုး၊ အခြားစစ်ဘက် အရပ်ဘက် ‌ခေါင်း‌ဆောင်များနှင့် ရခိုင်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ပအိုဝ်းအ မျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် -လွတ်‌မြောက်နယ်‌မြေ(NLD-LA)စသည့် မဟာမိတ် အဖွဲ့များမှ ‌ခေါင်း‌ဆောင်များနှင့် အသိမိတ်‌ဆွေများ ပါဝင်ဝတ်ပြုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ သမီးတစ်ဦးဖြစ်သူ ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်က “မိဘနှစ်ပါးက ကျမတို့မိသားစု အတွက် အင်မတန်မှ တန်ဖိုးကြီးလှပါတယ်။ အမျိုးသား‌ရေးဘက်မှာဖြစ်‌စေ၊ ယုံကြည်ကိုးကွယ်မှုအပိုင်းမှာဖြစ်‌စေ မိဘနှစ်ပါးရဲ့ သွန်သင်လမ်းညွှန်ခဲ့မှု‌တွေကို ကျမတို့သားသမီး‌တွေအ‌နေနဲ့ ပြန်လည်သတိရဖို့ ဒီ‌အောက်‌မေ့ဖွယ် ဝတ်ပြုပွဲ အခမ်းအနားကို ကျင်းပတာဖြစ်တယ် ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဖခင်ဖြစ်သူ ကြိုးပမ်းလုပ်‌ဆောင်ခဲ့သည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးအတွက် အမျိုးသားတန်းတူ‌ရေးနှင့် ဖက်ဒ ရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌ရေးကို အ‌ကောင်အထည်‌ဖော်ရန် ကျန်ရစ်သူ သားသမီးများနှင့် ကရင်အမျိုးသား‌ခေါင်း‌ဆောင် များအ‌နေဖြင့် တာဝန်ရှိသည်ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်လက် ‌ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် ၁၉၂ဝခုနှစ်၌ မွန်ပြည်နယ်၊ ‌မော်လမြို့တွင် ‌မွေးဖွားကာ ‌မွေးချင်း ၂ဦးအနက် အငယ်ဖြစ်ပြီး ၎င်းအ‌နေဖြင့် ဗမာ့တပ်မ‌တော်နှင့် အဂင်္လိပ်တပ်တို့တွင် ‌ထောက်လှမ်း‌ရေးအရာရှိတာဝန်တို့ကို ထမ်း‌ဆောင်ခဲ့ဖူးသည်။ ၁၉၄၉ခု နှစ်၌ ကရင်အမျိုးသား‌တော်လှန်‌ရေးသို့ ဝင်‌ရောက်ကာ ‌ထောက်လှမ်း‌ရေးမှူး၊ တပ်မဟာရုံးထိုင်မှူး၊ တပ်မဟာဗျူဟာမှူး၊ တပ်မဟာ မှူး၊ ဒုစစ်ဦးစီးချုပ်၊ စစ်ဦးစီးချုပ်၊ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတာဝန်အပြင် တိုင်းရင်းသား မဟာမိတ်‌ခေါင်း‌ဆောင်တာဝန်များကို ထမ်း‌ဆောင်ခဲ့ သူလည်း ဖြစ်သည်။

ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်‌အောင်က “သူဟာ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်လည်းဖြစ်တယ်။ စစ်‌ရေး‌ခေါင်း‌ဆောင်လည်းဖြစ်တယ်။ ကရင်အ မျိုးသားအပြင် အခြားတိုင်းရင်းသားလွတ်‌မြောက်‌ရေးကို ကြိုးပမ်းတဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်တယ်။ သူချမှတ်ထားတဲ့ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လမ်းစဉ်‌ပေါ်မှာ အ‌ခြေခံပြီး အမျိုးသားလွတ်‌မြောက်‌ရေးအတွက် လုပ်‌ဆောင်တဲ့‌နေရာမှာ အများကြီး အ‌ထောက်အကူဖြစ်မယ်လို့ မြင်တယ်״ဟု ‌ပြောသည်။

နံနက် ၁ဝနာရီမှ ‌နေ့လည် ၁၂နာရီအထိ ပြုလုပ်သည့် ယ‌နေ့ ဝတ်ပြုဆု‌တောင်းပွဲတွင် ခရစ်ယာန်ဘာသာဖြင့် ဝတ်ပြုဆု‌တောင်း ခြင်း၊ ဓမ္မ‌တေးများဖြင့် သီဆိုချီးမွမ်းခြင်း၊ ‌ကေအဲန်ယူနှင့် မဟာမိတ်‌ခေါင်း‌ဆောင်များက အမှတ်တရစကားများနှင့် မိသားစုဝင်များ မှ ‌ကျေးဇူးတင်စကား‌ပြောကြားခဲ့ကြပြီး ‌နေ့လည်စာဖြင့် ဧည့်ခံ‌ကျွေး‌မွေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် ၂၀၁၂ခုနှစ်၊ (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် အဖွဲ့အစည်းတာဝန်မှ အနားယူ ပြီး‌နောက် ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၆ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲ့စရီးယန်းမြို့ရှိ ၎င်း‌နေအိမ်၌ ၉၄နှစ်အရွယ်တွင် လူကြီး‌ရော ဂါဖြင့် ကွယ်လွန်သွားပြီး ဇနီးဖြစ်သူ ‌နော်‌ဖောက‌ဝေါ်ကမူ ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၂၄)ရက်‌နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများဖြစ်ကြသည့် ဗိုလ်ချုပ်‌စောမဲ‌အေစိန်နှင့် ဗိုလ်ချုပ်‌စောပီးလစိန်တို့ အပါအဝင် သားသမီး ၈ဦး၊ ‌မြေး ၃၂ဦး၊ မြစ် ၃၇ဦး ထွန်းကားခဲ့သည်။