Home သတင်း အာရှလမ်းမ‌ပေါ် ‌မြေပြိုကျသဖြင့် သွားလာမှု ‌ခေတ္တရပ်ဆိုင်း

အာရှလမ်းမ‌ပေါ် ‌မြေပြိုကျသဖြင့် သွားလာမှု ‌ခေတ္တရပ်ဆိုင်း

1756

ဇွန် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ် အာရှလမ်းသစ်‌ပေါ်တွင် ယ‌နေ့နံနက်ပိုင်းက ‌တောင်သား‌မြေပြိုကျသဖြင့် ၅နာရီကြာ လမ်း ပိတ်ဆို့မှုဖြစ်‌ပေါ်ခဲ့ပြီး ခရီးသွားလာမှုများ ‌ခေတ္တရပ်နားမှု ဖြစ်‌ပေါ်ခဲ့‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ပြောသည်။

‌ကော့ကရိတ်မြို့နှင့် ၁ဝမိုင်ခန့်အကွာ ‌ကော့နွဲ့တံတားအလွန် ‌ဒေသအ‌ခေါ် ဆိတ်ဖူး‌တောင်မှ ‌မြေပြိုကျမှု ဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်း‌နေရာသို့ ကိုယ်တိုင်သွား‌ရောက် မြင်‌တွေ့ခဲ့သည့် ‌ကော့ကရိတ်‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“မနက် ၅နာရီ‌လောက်က ‌မြေပြိုတာလို့ သိရတယ်။ ကားအစီး ဟိုဘက်ဒီဘက် ၂၀၀‌လောက် ရပ်‌နေရတယ်။ ဆိုင်ကယ် ကယ်ရီ ‌တွေ‌တော့ အလုပ်ဖြစ်‌နေတယ်။ အခု ‌လော‌လောဆယ်‌တော့ ဘက်ဟိုးတစ်စီး၊ ဘူဒိုဇာ ၂စီးနဲ့ လမ်းရှင်း‌နေတယ်”ဟု ယ‌နေ့မနက် က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌မြေပြိုကျရာတွင် ‌မြေကြီးနှင့်အတူ ‌ကျောက်တုံးများပါ တစ်ပါတည်း ပြိုကျခဲ့သဖြင့် ‌ပေ (၁၀၀)ဝန်းကျင်ခန့် လမ်းပိတ်ဆို့မှု ရှိခဲ့‌သော်လည်း ‌မြေထိန်းနံရံများရှိ‌နေခြင်း‌ကြောင့် လမ်းမကြီးအား ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘဲ သက်ဆိုင်ရာ လမ်းတာဝန်ရှိ သူများက နံနက် ၆နာရီမှစတင်ကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သဖြင့် ‌နေ့လည် ၁၁း၁၅နာရီအချိန်တွင် ကားများသွားလာ၍ ရ‌နေပြီ ဖြစ်‌ကြောင်း သိရသည်။