Home သတင်း ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ‌ကော့လားအလယ်တန်း‌ကျောင်း အ‌ရေး‌ပေါ်ကူညီမှု လိုအပ်‌နေ

‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ‌ကော့လားအလယ်တန်း‌ကျောင်း အ‌ရေး‌ပေါ်ကူညီမှု လိုအပ်‌နေ

1450

ဇွန် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်ပိုင်ကျုံမြို့နယ် စီဖိုးခီး‌ကျေးရွာရှိ ကရင်ပညာ‌ရေးဌာန KED လက်‌အောက်ခံ စာသင်‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် “‌ကော့လား”အလယ်တန်း‌ကျောင်းတွင် ဇွန်လ ၁၄ရက်‌နေ့ည‌နေက အချိန်တစ်နာရီ‌ကျော်ကြာ ‌လေပြင်းတိုက်ခတ်ခဲ့မှု‌ကြောင့် ပျက်စီးမှုများရှိ‌နေပြီး ယခုအချိန်တွင် အ‌ရေး‌ပေါ် အကူအညီများ လိုအပ်လျက်ရှိ‌ကြောင်း သိရသည်။

စာသင်‌ကျောင်း ပျက်စီးမှုအ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌ကျောင်းအုပ်ဆရာကြီး ‌စောမူးက‌ပေါ်က “‌လေက မ‌နေ့ည‌နေ ၄နာရီက‌နေ ၅နာရီ‌ကျော်အထိ တိုက်တာပါ။ ‌ကျောင်းနဲ့ ‌ဘော်ဒါ‌ဆောင်က သွပ်‌တွေ အကုန်ပျက်သွားတယ်။ ‌ကျောင်းပရိ‌ဘောဂ အနည်းငယ် နဲ့ မီးစက်တစ်လုံး ပျက်စီးသွားတယ်။ အခု အ‌ရေးတကြီး လိုအပ်တာက သွပ်မိုး‌တွေ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့လားအလယ်တန်း‌ကျောင်းကို ယခုစာသင်နှစ်အတွက် ‌မေလ ၁၅ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ လတ်တ‌လော အ‌ခြေအ‌နေအရ ‌ကျောင်းကို ‌ခေတ္တ ပိတ်ထား‌နေရပြီး အကူအညီရရှိမှုအ‌ပေါ် မူတည်၍ ‌ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ် ‌ကြောင်း ဆရာ‌စောမူးက‌ပေါ်က ‌ပြောသည်။

အဆိုပါ‌ကျောင်းကို ကိုယ်ထူကိုယ်ထ မူလတန်း‌ကျောင်းအဖြစ် ၂၀၀၇-၀၈ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အလယ်တန်းအဆင့်အဖြစ် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း (၁၆၉)ဦးနှင့် ဆရာ၊ဆရာမ (၈)ဦးရှိ‌ကြောင်း သိရသည်။