KIC News
အယ်ဒီတာ့အာဘော်
တရားမျှတသည့် မျှော်လင့်ချက်မရှိက ဧကန် မငြိမ်းချမ်းနိုင်
"တရားမျှတမှုအတွက် မျှော်လင့်ချက်သာ ပေးပါ"ဟူသော အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)၏ နိုဝင်ဘာလ ၂၄ရက်နေ့ ထုတ် အစီရင်ခံစာတွင် မြန်မာ့တပ်မတော်သားများက တိုင်းရင်းသားပြည်နယ်ဒေသများအတွင်း လိင်အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ကျူးလွန်လျှက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁ဝခုနှစ်က ယခုနှစ်အထိ အပစ်ခတ်ရပ် ဒေသများနှင့် အပစ်ရပ်မထားသည့် ဒေသများဖြစ်သည့်...
နို့ဖိုးဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှ လူဦးရေထပ်မံစစ်ဆေးပြီး
နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ နို့ဖိုးကရင်ဒုက္ခသည်စခန်းတွင် နိုဝင်ဘာ ၂၄ရက်နေ့က သက်ဆိုင်ရာ ထိုင်းအစိုးရစစ်တပ်မှ ဦးဆောင်ပြီး လူဦးရေစာရင်းများ အတိအကျ ပြန်ရရှိရန် နောက်ထပ်တဖန် ပြန်လည် စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရ သည်။
ထိုသို့ စစ်ဆေးရာတွင် စခန်းအတွင်းရှိ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် ကုလသမဂ္ဂမဟာမင်းကြီးရုံး...
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောငြိမ်းသင် ကွယ်လွန်မှု မဲဆန္ဒရှင်များအတွက် နစ်နာဟုဆို
နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မဲဆန္ဒနယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောငြိမ်းသင် ၄၈နှစ်သည် အူမကင်ဆာရော ဂါဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နှစ်လတာ သွားရောက်ဆေးကုသမှု ခံယူခဲ့ရာမှ နိုဝင်ဘာလ ၂၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နောက်တစ်ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။
ယင်းသို့ ဖလုံ-စဝေါ်...
တိုင်းရင်းသူအမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ဆက်ရှိနေဆဲဟု WLB ထုတ်ပြန်
နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
မြန်မာအစိုးရစစ်တပ်သည် တိုင်းရင်းသူအမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လုပ် ဆောင်နေဆဲဖြစ်ကြောင်း ထောက်ပြသည့်အနေဖြင့် “တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ” အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)က နိုဝင်ဘာ ၂၄ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အပစ်ရပ်ထားသော ကာလအတွင်း ကချင်၊ ကရင်၊ သျှမ်း၊...
ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့များ CDC ကျောင်း သွားရောက်လေ့လာ
နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ်အခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း ၇ဖွဲ့က လေ့လာရေးခရီးစဉ်အဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း စာသင်ကျောင်းဖြစ်သည့် ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာ(Children Development Center - CDC) အထက်တန်း ကျောင်းမှ ကျောင်းအုပ်မန်းရွှေနှင်းနှင့် တာဝန်ရှိသူ ဆရာ၊ ဆရာမများကို ယနေ့ သွားရောက်တွေ့ဆုံခဲ့သည်။
ဇွဲကပင်မြေပညာရေး၊ ကျေးရွာစာအုပ်ပြုစုရေးအဖွဲ့၊...
တွေ့ဆုံမေးမြန်းခြင်း
"စနစ်တစ်ခုကို ပြောင်းချင်တယ်ဆိုလို့ရှိရင် ဒီစနစ်ထဲကိုဝင်ပြီးတော့မှ ဒီအတွေးအခေါ်၊ အယူအဆတွေကို ကျမတို့ကိုယ်တိုင် လုပ်ပြရမယ်"
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာန ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KEWG)၏ ဒါရိုက်တာ နော်စူစဲန်နာလှလှစိုးကို ကေအိုင်စီ တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးရွေးကောက်ပွဲဝင်ဖြစ်သွားတဲ့ အကြောင်းရင်းကို ရှင်းပြပေးပါ လား။
ဖြေ။ ။ ကျမက ရန်ကုန်မြို့တော်သူဖြစ်တယ်။...
လူငယ်များရဲ့ စကားလက်ဆောင်
နော်ပါမူထူး ၂၄နှစ်
ဝါသနာ နိုင်ငံရေး
ပညာအရည်အချင်း ဆယ်တန်းလွန်ကျောင်း
ကျမငယ်ငယ်က မိဘတွေနဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် မာလာကုန်းမှာ နေတယ်။ မောင်နှမက ၇ယောက်မှာ ကျမက အကြီးဆုံး သမီးပါ။ ငယ်ငယ်က မာလာကုန်းကျောင်းမှာ သုံးတန်းအထိနေပြီး အဲဒီကတဆင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ဆွေမျိုးအိမ် မှာသွားနေပြီး ကျောင်းဆက်တက်တယ်။ လွိုင်ကော် အမှတ်(၄) အထက်တန်းကျောင်းမှာ ရှစ်တန်းအထိ၊...
ကရင်နိုင်ငံရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့စည်း
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပူးပေါင်းလုပ်ဆောင်၍ ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ကရင်နိုင်ငံပါတီများ အားလုံး ညီညွှတ်မှုပိုမိုရရှိစေရန် ရည်ရွယ်ပြီး ကရင်နိုင်ငံရေးပါတီ ၃ခုက နိုဝင်ဘာ ၂၂ရက်နေ့က မဟာမိတ်ဖွဲ့ စည်းလိုက်သည်။
ကရင်ပြည်နယ်အခြေစိုက် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(KSDDP)၊ ရန်ကုန်အခြေစိုက်...
၁၃ကြိမ်မြောက် ပြည်တွင်းဌာနေမဲ့ ကျောင်းများ စုံညီပွဲတော်ကျင်းပ
နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်တွင်းဌာနေမဲ့ဒုက္ခသည်(IDP) စာသင်ကျောင်းများရှိ ကျောင်းသူကျောင်းသားများ အမြင်ကျယ်လာရန် ရည်ရွယ်၍ ၁၃ကြိမ်မြောက်ဌာနေမဲ့ကျောင်းများ စုံညီပွဲတော်ကို နိုဝင်ဘာ ၁၉ မှ ၂၁ ရက်နေ့အထိ ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ် စေဖိုးခီးကျေးရွာတွင် ၃ရက်တာ ပြုလုပ်ကျင်းပခဲ့သည်။
ကရင်ပြည်တွင်းဌာနမဲ့ကျောင်းများကို ကူညီပေးနေသည့် Karen Internally...
ကရင်အဖွဲ့အစည်းများ ညီညွတ်မှုရှိရန် နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ နာယက တိုက်တွန်း
နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ကရင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ခိုင်မာမှုရှိကြရန် နိုဝင်ဘာ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်း၌ အင်းစိန်မြို့နယ်၊ မဟာဆေးဝကင်္ဘာ၊ အာလိန်ငါးဆင့်ကျောင်းတိုက်တွင် ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟို ကော်မတီ(မဟာရန်ကုန်)၏ နာယက ကြီးများဩဝါဒခံယူပွဲတွင် နာယက တစ်ဦးဖြစ်သူ မန်းသက်စိုးက တိုက်တွန်းပြောဆိုလိုက်သည်။
မန်းသက်စိုးက “ကရင်လူမျိုးတွေဟာ...














