KIC News
UNFC ဖွဲ့စည်းပုံကို ညီလာခံ ဒုတိယမြောက်နေ့တွင် ဆွေးနွေးနေဆဲ
ဩဂုတ် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက UNFC ၏ ဖွဲ့စည်းပုံဆိုင်ရာကိစ္စများကို ယနေ့ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ဒီနေ့မှာတော့ အဖွဲ့ဝင်အသီးသီးတွေရဲ့ သုံးနှစ်တာကာလ အတွေ့အကြုံပေါ်...
ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နယ်စပ်မြို့ သုံးမြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်
ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ကော့သောင်း၊ တာချီ လိတ်မြို့များတွင် သာမန်နိုင်ငံကူးလက်မှတ်(Passpost)ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောဆိုလိုက်သည်။
ယင်းနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)၊ မှတ်ပုံတင်အိမ်ထောင်စုစာ ရင်း ယာယီနိုင်ငံကူးလက်မှတ်(ဘတ်)၊ အလုပ်လုပ်ခွင့်လက်မှတ်(Work...
သိမ်းဆည်းခံလယ်မြေများပြန်ရရန် လယ်သမား ၁၀၀ကျော် ဖားအံ၌ ဆန္ဒထုတ်ဖော်
ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဒေသခံလယ်သမား ၁၀၀ကျော်သည် ယနေ့မနက် ၉နာရီမှ ၁၁နာရီအထိ ၎င်းတို့၏ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရန် ၈၈မျိုးဆက်ကရင်ကျောင်းသားများအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ပထမဦးဆုံးအကြိမ် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများမှာ ဖားအံမြို့နယ်ရှိ လှာကဒေါင်၊ ကော့စလို၊ ရွေခြံလေး၊ လှာကမြင်၊...
ဒုက္ခသည်စခန်းများ ကလေးမွေးစာရင်း ထားရှိသင့်ကြောင်း UNHCR ပြောဆို
ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂမဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူများသည် ဩဂုတ်လ ၂ဝရက်နေ့က ထိုင်း-မြန်မာနယ် စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ပြီး စခန်းတွင်းရှိ ကလေးများ၏ မွေးစာရင်း များရှိထားသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မယ်လစခန်းသို့ UNHCR သွားရောက်ခဲ့ခြင်းနှင့်...
မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ၊ ဆရာမများ စားဝတ်နေရေး ခက်ခဲလာ
ဩဂုတ် ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမ များအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ လစာရရှိမှု အခက်အခဲများကြောင့် စားဝတ်နေရေး ပြဿနာများနှင့် ကြုံတွေ့နေ ရကြောင်း သိရှိရသည်။
ယခင်နှစ်များက မြန်မာရွှေ့ပြောင်းကျောင်းများကို အမေရိကန်၊ ကနေဒါ၊ အီတလီ စသည့်နိုင်ငံများမှ...
ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောအေးမြနှင့်
ကေအိုင်စီ(ကရင်သတင်းဌာန) တွေ့ဆုံမေးမြန်းခြင်း
မေး။ ။ ကရင်ပြည်နယ် စာပေ၊ ယဉ်ကျေးမှု ကော်မတီ စတင် ဖွဲ့တည်လာတဲ့ ခုနှစ်၊ ရည်ရွယ်ချက်၊ စတင် ဦးဆောင်ခဲ့သူ စတဲ့ နောက်ခံအကြောင်းရင်းနဲ့ ပြောပြပေးပါလား။
ဖြေ ။ ။ ဒီကရင်ပြည်နယ် စာပေနဲ့ ယဉ်ကျေးမှုကော်မတီကို ၁၉၉ဝခုနှစ်မှာ ဥက္ကဌအဖြစ် ဦးစောထွန်းရှင်၊ အတွင်းရေးမှူးအ...
ထီးဆဲ့မဲ့ရွာဓလေ့
(လကင်္ာဒီပ)
ညီညွှတ်ချင် စည်းလုံးချင်တယ်
ဆယ်စုနှစ် ရာစုနှစ်
ဟစ်အော် မျှော်လင့်လို့နေဆဲ
ရင်ထဲ ရင်ထဲတွေတိုင်းမှာ
ဘာသာတရား ဝါဒီများနဲ့
စည်းခြားကာ ထားကြလေသလား
အခမ်းအနားချည်ဖြူပွဲ
နင်လည်းမလာ ရှောင်ခွာပြေးလွှင့်
ကရင့်နေ့ထူးတော်ဝင်
အထင်သေး အမြင်သေးကာ ပြုရက်လေသလား။
ပတ်ဝန်းကျင်ကို မလိမ်နဲ့
ကိုယ့်ရဲ့အမျိုးကို မလိမ်ဖို့လို
မိမိကိုယ်လည်း မလိမ်ကြေး
ဟေး......ကရင်တွေ ကရင်မှန်းသိကြမှ
ဆန္ဒတွေ ပြည့်ဝနိုင်မယ့်အရေး
ညီညွတ်ရေး သွေးနီးတဲ့ပြယုဂ်
မင်းထုတ်ဖော်ဖို့ မပျက်ကွက်သင့်ဘူး။
သွေးစည်းခိုင်မာခြင်း
ရင်းနှီးချစ်ကြည်ခြင်း
ပွင့်လင်းဖြူစင်ခြင်း
ရင်တွင်းသစ္စာမြဲတည်ခြင်း
တင်းကြပ်သံယောဇဉ်
ဂန္တဝင်မြောက် ရိုးမြေကျပေါင်းစည်းခြင်း
အဆင်းသဏ္ဍာန် ဟန်မဆောင်တတ်ခြင်း
အလျင်း သူရဲဘောမကြောင်တတ်ခြင်း
သင်းပျံ့ရနံ့နဲ့ ရဲရင့်ခြင်းတဲ့
အိုဘယ့်....ထီးဆဲ့မဲ့ရွာဓလေ့
နင်မမေ့လိုက်နဲ့ ဘယ်သောဘယ်အခါမှ။
ဝေးလွှင့်သွားစေ နတ်မိစ္ဆာ
အနာရောဂါပယောဂ
ထွက်ကြစမ်းကွဲ့ဒီခန္ဓာ
ပလူးလာ ပလူးလာ
ပြန်လာပါလေ...
“ဖက်ဒရယ်”စကား သတိထား
မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဩဂုတ် ၂ဝရက်)
၂၀၀၈ အခြေခံဥပဒေ တည်မြဲနေသမျှ “ဖက်ဒရယ်ပြည်ထောင်စု” မည်သို့မျှ မတည်ဆောက်နိုင်ပါ။ ထို့အပြင် တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ဖိနှိပ်ကန့်သတ်ချုပ်ချယ်ထားသည့် “တည်ဆဲဥပဒေများ”ကိုလည်း ဖျက်သိမ်းပစ်ရလိမ့်မည်။
ဤအချက် ၂ရပ်မှာ “ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။ ယင်းသို့ အခြေခံ အချက်များမရှိဘဲ “ဖက်ဒရယ်ပြည်ထောင်စု”...
ပြည်သူလူထုဘက်မှ BGF ရပ်တည်သွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူ ပြောကြား
ဩဂုတ် ၂၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်များအနေဖြင့် ပြည်သူလူထုအကျိုးအတွက ်ရှေးရှုပြီး ဆက်လက်ရပ်တည်သွားမည်ဖြစ် ကြောင်း အဆိုပါတပ်ဖွဲ့စည်းခြင်း (၄)နှစ်ပြည့်အခမ်းအနားတွင် BGF ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောကြားလိုက်သည်။
ဗိုလ်မှူးကြီးစောချစ်သူက "ကျနော်တို့ အရင်လက်နက်ကိုင်တာကလည်း ကိုယ့်ပြည်သူတွေ လုံခြုံမှုပေးနိုင်အောင်လို့ပါ။ ကျနော် တို့လက်နက် ကျနော်တို့လက်ထဲမှာပဲ...
ဒီကေဘီအေနယ်မြေအတွင်း စာသင်ကျောင်းအသစ်တည်ဆောက်မှု ဒေသခံများ ရပ်ဆိုင်းထားလို
ဩဂုတ် ၂၁ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ထိန်းချုပ်ရာ တောင်နီ(လေးဝေါ်)ကျေးရွာ စာသင်ကျောင်းဝင်းတွင် ကလို့ထူးဘောကုမ္ပဏီက ဦးဆောင်၍ စာသင်ကျောင်းအသစ်တစ်လုံး လာရောက်ဆောက်လုပ်နေကြောင့် ရှုတ်ထွေးမှု ရှိလာနိုင်သဖြင့် ရပ်ဆိုင်းထားစေလိုကြောင်း ဒေသခံရွာသားများက ပြောသည်။
ဩဂုတ်လ ၁၆ရက်နေ့က စတင်ဆောက်လုပ်နေသည့် ၎င်းစာသင်ကျောင်းအသစ်သည် အစိုးရ...














