Home သတင်း ‌ကေအဲန်ယူနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရ ပူး‌ပေါင်းကာ ဘိန်းစာပင် ၁၆၀၀‌ကျော် မီးရှို့ဖျက်ဆီးခဲ့

‌ကေအဲန်ယူနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရ ပူး‌ပေါင်းကာ ဘိန်းစာပင် ၁၆၀၀‌ကျော် မီးရှို့ဖျက်ဆီးခဲ့

1689

ဇွန် ၂၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရအာဏာပိုင်များပူး‌ပေါင်းပြီး တနသင်္ာရီမြို့နယ် သကျက်‌ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်း‌ကျေးရွာ အ‌နောက်‌မြောက်ဘက်(၂)မိုင်ခန့်အကွာ ဘန်ကြုတ်‌ဒေသရှိ ၁.၈၅ ဧက ခန့် စိုက်ပျိုးထား‌သော ဘိန်းစာပင် (၁၆၄၄)ပင်ကို ဇွန်လ ၁၄ရက်‌နေ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ယင်းသို့ ဘိန်းစာပင်များ ပူး‌ပေါင်းတိုက်ဖျက်ရာတွင်တနသင်္ာရီတိုင်း ‌ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း ဦးစီး‌သောအဖွဲ့၊ ‌ကေ အဲန်ယူ တနသင်္ာရီမြို့နယ် ဥက္ကဋ္ဌ ပဒို‌စောထူး‌စောနှင့်အဖွဲ့ဝင် ၁၉ဦး၊ မြိတ်ခရိုင် မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေးအသင်း (MANA)နှင့် အတူ တိုင်းအစိုးရ၏ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ အပါအဝင် အင်အား (၃၁၁)ဦး ပါဝင်ခဲ့ကြ ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ တနသင်္ာရီမြို့နယ် ဥက္ကဋ္ဌ ပဒို‌စောထူး‌စောက “ကျ‌နော်တို့ အစိုးရနဲ့ ပူး‌ပေါင်းတိုက်ဖျက်တာ အခု အပါအဝင် (၃)ခါရှိပြီ။ ဒီ‌ဒေသ‌တွေမှာ အပင်‌တွေက ဟိုးအရင်ကတည်းက ရှိခဲ့တာ။ အခု အများကြီး ရှိ‌နေတယ်လို့ သိရတယ်။ အဲဒီအတွက်လည်း တဖြည်းဖြည်း ‌လျော့နည်းသွား‌အောင် တိုက်ဖျက်သွားဖို့ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်း အထူးစီမံချက် (ယင်းမာစီမံချက်)အရ ယခုဖျက်ဆီးပစ်ခဲ့‌သော ဘိန်းစာပင်များမှာ အ‌လေး ချိန်အားဖြင့် ၁၀၄၅.၇၉ ကီလိုရှိပြီး ကာလတန်ဖိုးအရ ကျပ်‌ငွေ ၁၆၉.၉၄သိန်းရှိ‌ကြောင်း သိရသည်။
11414499_10206069039877675_1687861767_n
အဆိုပါကိစ္စများအ‌ပေါ် အ‌ရေးယူ‌ဆောင်ရွက်မှု အစီအစဉ်များနှင့် ပတ်သက်ပြီး တနသင်္ာရီတိုင်း ‌ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက “‌လော‌လောဆယ်က‌တော့ ‌တောထဲမှာ ရှာ‌တွေ့လို့ ဖျက်ဆီးလိုက်တဲ့ အ‌ခြေအ‌နေပဲ ရှိ‌သေးတယ်။ ပိုင်ရှင်ကိုလည်း စုံစမ်း‌ဖော်ထုတ်အ‌ရေးယူသွားဖို့ ရှိပါတယ်”ဟု ဆိုသည်။

မူးယစ်‌ဆေးဝါးစာရင်းဝင်တစ်ခုအ‌နေဖြင့်သတ်မှတ်ထားသည့် ဘိန်းစာပင်ကို အိမ်တွင်းသုံး တိုင်းရင်း‌ဆေးအဖြစ် အသုံးပြုမှုများ မှာ ပြဿနာမရှိ‌သော်လည်း မူးယစ်‌ဆေးဝါးအဖြစ် တလွဲအသုံးပြုမှုများနှင့် သတ်မှတ်ထားသည့် အ‌လေးချိန်ထက် ပိုမို‌တွေ့ရှိသုံးစွဲ ပါက ဥပ‌ဒေအရ အ‌ရေးယူနိုင်‌ကြောင်း ၎င်းရဲမှူးကြီးက ဆက်‌ပြောသည်။

ဘိန်းစာပင်ကို ‌ဒေသခံများအ‌နေဖြင့် ဝမ်းကိုက်၊ ‌ဆေးချို၊ ‌သွေးချို ‌ရောဂါများ ကုသရာတွင် အသုံးပြု‌လေ့ရှိပြီး ယခု‌နောက်ပိုင်းတွင် မူးယစ်‌ဆေးဝါးတစ်ခုအ‌နေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစိုက်ပျိုးလာကြသလို အဆိုပါ ‌ဒေသအတွင်း စိတ်ကြွ‌ဆေးသုံးစွဲများမှာ လည်း ပြီးခဲ့သည့် ၂နှစ်အတွင်း သိသာစွာ တိုးတက်များပြားလာ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။