Home သတင်း အထက်‌ကော့ရင်း‌ကျေးရွာအုပ်စုရှိ ‌နေအိမ်များဖျက်ဆီးခံရမှု ‌ကေအဲန်ယူထံ ‌ဒေသခံများ တင်ပြ

အထက်‌ကော့ရင်း‌ကျေးရွာအုပ်စုရှိ ‌နေအိမ်များဖျက်ဆီးခံရမှု ‌ကေအဲန်ယူထံ ‌ဒေသခံများ တင်ပြ

1472

ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ၁၈မိုင်ကွာ‌ဝေး‌သော မြိုင်က‌လေးသစ်‌တောအတွင်းရှိ အထက်‌ကော့ရင်း‌ကျေးရွာအုပ်စု၊ ‌မောင် က‌လေး‌ကျေးရွာသစ်မှ ‌နေအိမ်များကို အာဏာပိုင်များက ဝင်‌ရောက်ဖျက်ဆီးခဲ့သည်အတွက် ‌ဒေသခံများက ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ)ထံ ဆက်ဆံ‌ရေးရုံးမှတဆင့် ယ‌နေ့ အကူအညီ တင်ပြ‌တောင်းခံခဲ့သည်။

အဆိုပါ‌နေအိမ်များကို သစ်‌တောကြိုးဝိုင်းအတွင်း ကျုး‌ကျော်‌နေထိုင်သည်ဟုဆိုကာ ယမန်‌နေ့က အစိုးရဋ္ဌာနဆိုင်ရာ တာဝန်ရှိသူ များ လာ‌ရောက်ဖျက်ဆီးခဲ့သည့်အတွက် ‌ဒေသခံအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈မျိုးဆက် ကရင် ‌ကျောင်းသားများအဖွဲ့နှင့် ‌ဒေသခံအချို့က မြဝတီမြို့ရှိ ‌ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးမှတစ်ဆင့် အကူအ ညီ ‌တောင်းခံခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက် ကရင်‌ကျောင်းသားများအဖွဲ့မှ ‌စော‌မောင်ကြီးက “ကျ‌နော်တို့အ‌နေနဲ့ ‌ကေအဲန်ယူက ထုတ်‌ပေးထားတဲ့ ‌မြေဂရံ‌ပေါ်မှာ ‌နေထိုင်တဲ့ ‌ဒေသခံ‌နေအိမ်‌တွေ မ‌နေ့က လာ‌ရောက်ဖျက်ဆီးခံရပြီး လူ ၇၀၀‌ကျော်‌လောက် အိုးအိမ်မဲ့ဖြစ်သွားရမယ့်ကိစ္စမှာ ‌ကေ အဲန်ယူအ‌နေနဲ့ တစ်စုံတစ်ရာ အကူအညီ‌ပေးဖို့ ‌မျှော်လင့်ချက်နဲ့ အခုလို လာ‌ရောက်‌တောင်းခံတင်ပြခြင်းဖြစ်ပါတယ်”ဟု ဇွန်လ ၂၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၂၂ရက်‌နေ့မှစ၍ ရဲတပ်ဖွဲ့ဝင်များ၊ ‌ဒေသဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းစုစု‌ပေါင်း တစ်ရာ‌ကျော်က အဆိုပါ‌နေရာရှိ‌နေအိမ် ‌ပေါင်း ၅ဝနီးပါးကို ဖျက်ဆီးခဲ့ပြီး သုံးရက်အတွင်း စာသင်‌ကျောင်း၊ ဘုန်းကြီး‌ကျောင်းများ အပါအဝင် ‌နေအိမ်‌ပေါင်း ၂၀ဝနီးပါးကို အပြီး ဖျက်သိမ်းမည်ဟု သိရသည်။

‌ဒေသခံရွာသားတစ်ဦးဖြစ်သူ ‌စောခိုင်က “ဒီ‌နေ့လည်း အိမ်‌တွေ လာဖျက်တယ်။ ဖျက်ပြီး ကျွန်းပင်‌ပေါက်‌တွေပါ တစ်ခါတည်း စိုက်တယ်။ အိမ်ဖျက်ခံထိတဲ့သူ‌တွေက‌တော့ တခြားအိမ်‌တွေမှာ ‌လော‌လောဆယ် ‌နေ‌နေတယ်။ ဦးသိန်းစိန်ကလည်း ‌ပြောတယ်။ ပြန်လာ‌နေကြပါ။ ငြိမ်းချမ်း‌ရေးလက်မှတ်လည်း ထိုးထား‌တော့ အဲဒါယုံလို့ ပြန်လာ‌နေကြတာ။ အဲဒါနဲ့ အခုလို အိမ်ဖျက်ခံထိတာ ပဲ”ဟု ‌ပြောသည်။

ယင်း‌နေရာကို ပြည်နယ်အစိုးရက မြိုင်က‌လေးသစ်‌တောကြိုးဝိုင်းအဖြစ် ၁၉၈၄ခုနှစ်၌ စတင် သတ်မှတ်ခဲ့သလို ‌ကေအဲန်ယူနှင့် အစိုးရတပ်တို့ ယခင်က မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ၂၀၁၂ခုနှစ်ကျမှသာ ‌ဒေသခံများ ပြန်လည်အ‌ခြေချ ‌နေထိုင် လာခဲ့ကြခြင်းဖြစ်သည်။

‌ကော့ရင်း‌ကျေးရွာအုပ်စု မဲဆန္ဒနယ်မှ ‌ရွေး‌ကောက်ပွဲ အနိုင်ရခဲ့သူ လက်ရှိ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာကလည်း “၁၃-၆-၂၀၁၅ရက်‌နေ့ကတည်းက အမိန့်‌ပေးထားပြီး တစ်ပတ်‌ပြောထားတယ်။ တစ်ပတ်‌ကျော်လာ‌တော့ အင်အားသုံးပြီး ဝင်‌ရောက်ဖမ်းဆီးတယ်လို့ သိရပါတယ်။ ရွာသား‌တွေကို‌ပေးထားတဲ့‌နေရာက ၂ဝဧက‌ကျော်ရှိ‌ပေမဲ့ အုပ်ချုပ်‌ရေးမှူးနဲ့ အဆင်မ‌ပြေကြဘူး‌လေ။ ရွာသား‌တွေကို‌ဖြေ‌လျှော့‌ပေးဖို့က အခုချ‌ပေးတဲ့‌မြေကွက်‌တွေမှာ ‌မြေယာအိမ်မရှိတဲ့ ရွာသားအစစ်‌တွေကို ချထား‌ပေးဖို့ အမြန်ဆုံး အ‌ကောင်အထည်‌ဖေါ်‌ပေးရမယ်”ဟု သုံးသပ်‌ပြောဆိုသည်။

‌ကေအဲန်ယူဘက်ကလည်း အဆိုပါ‌ဒေသခံများအတွက် ၂၀၁၄ခုနှစ်တွင် ‌မြေဂရံ (၄၆၃)ဧကနှင့် ပိုင်ဆိုင်မှု အ‌ထောက်အထားများ ကို ထုတ်‌ပေးထားကာ ၎င်း‌မြေယာနှင့်ပတ်သက်သည့် အခွန်အခများကို ‌ကေအဲန်ယူထံ ‌ပေး‌ဆောင်ထားခဲ့ရာ ယခုလို ပြဿနာ များ ဖြစ်ပွားသည့်အတွက် ‌ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ဆုံးဖြတ်ချက်များထဲမှ ‘‌ကေအဲန်ယူက ချမှတ်ထား သည့် ‌မြေယာဂရံများကို အသိအမှတ်ပြုပြီး ဓ‌လေ့ထုံးတမ်းအရ ပိုင်ဆိုင်‌သော ‌မြေယာများနှင့် ဋ္ဌာ‌နေမဲ့ IDP များ၏ ‌မြေယာကိစ္စ များကို ညှိနှိုင်း‌ဖြေရှင်းသွားရန် သ‌ဘောတူသည်’ ဆိုသည့်အချက်ကို ‌ဒေသခံများက ‌ထောက်ပြ‌ပြောဆိုသည်။

ယင်းကိစ္စအ‌ပေါ် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “‌ကေအဲန်ယူက ထုတ်‌ပေးထားတဲ့ ဂရံဆိုတာက တရားတယ်၊ မတရားဘူးဆိုတာ ‌နောက်မှထား။ အခုလို ပြည်သူ‌တွေ တင်ပြလာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ကတိကဝတ်ရှိတဲ့အ တိုင်း ‌ခေါင်း‌ဆောင်‌တွေက သက်ဆိုင်ရာ ပြည်နယ်က တာဝန်ရှိသူ‌တွေနဲ့ နှစ်ဖက် ‌ဆွေး‌နွေးညှိနှိုင်း ‌ဆောင်ရွက်‌ပေးသွားဖို့ရှိပါ တယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းကလည်း အဆိုပါ‌ကော့ရင်း‌ကျေးရွာအုပ်စုရှိ ‌ဒေသခံ ၁၃ဦးကို ဖားအံမြို့နယ်၊ သစ်‌တောဋ္ဌာနက ပိုင်နက်ကျူး‌ကျော်မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အား ဖားအံအကျဉ်း‌ထောင်၌ အကျဉ်းချထား‌ကြောင်း သိရသည်။