Home Authors Posts by KIC News

KIC News

22477 POSTS 0 COMMENTS

သံတောင်-ဘောဂလိလမ်းတွင် စစ်ကောင်စီက အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ်ထား၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေ

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့ သံတောင်-ဘောဂလိလမ်းတောက်လျှောက်တွင် ဇန်နဝါရီလ(၁၉)ရက်နေ့မှစ၍ စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းထားပြီး လုံခြုံရေးယူကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။ သံတောင်မြို့မှ ဘောဂလိမြို့သို့ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ဥသျှစ်ကုန်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA...

အိမ်မဲကရင်စာ/ယဉ်အဖွဲ့ဝင် စသိန်းဇော်မင်းဖမ်းဆီးခံရ၊ မိသားစုဝင်များ အဆက်အသွယ်မရဖြစ်နေ

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ စသိန်းဇော်မင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ရက်နေ့ နံနက်၁၀ နာရီဝန်းကျင်တွင် အိမ်မဲနယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေ ကြောင်း...

တပ်မဟာ(၃)နယ်မြေအတွင်း ဆယ်ရက်ကျော်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၄၇ဦးသေဆုံးခဲ့ဟု KNU ထုတ်ပြန်

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၃)တွင် ဇန်နဝါရီလ(၁)ရက်မှစ၍ (၁၅)ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO)များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီတပ်ဘက်မှ (၄၇)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။ ယခုလ...

ညောင်လေးပင်ခရိုင်မှ စစ်ရှောင်ပြည်သူများ ငွေပေးပြီးနေရပ်ပြန်နေထိုင်နိုင်ဟု စစ်ကောင်စီပြော

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေရသော ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင်လိုပါက ငွေပေးဆောင်ပြီးပြန်နေနိုင်သည်ဟု စစ်ကောင်စီဘက်က ပြောဆိုမှုများရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောစကားအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊...

နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း KNU -ဖားအံမြို့နယ်အလုပ်အမှုဆောင်ကော်မတီ ထုတ်ပြန်

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား အယုံအကြည်မရှိ၍ သထုံခရိုင်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း KNU -ကရင်အမျိုးသားအစည်းအရုံး ဖားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ ဖားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးဟူသော ကေအဲန်ယူ၏ လမ်းညွှန်ချက်များနှင့်...
Donate