Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

တောင်ကလေး အကျဉ်းထောင်မှ အကျဉ်းသား ၁၅၆ ဦးလွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးပါ၀င်

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ဖားအံမြို့တောင်ကလေးအကျဉ်းထောင်မှ ယမန်နေ့ အကျဉ်းသား ၁၅၆ ဦးလွှတ်ပေးရာတွင် ၅၀၅ (က)ဖြင့် တရားစွဲထောင်ချခံထားရသည့် CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဆရာ/မများ၊ ကျောင်းသားလူငယ်အချို့နှင့် အရပ်ဖက်အဖွဲ့အစည်းမှ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၅၄ ဦးအား လွှတ်ပေးသည့်အထဲတွင် ပါ၀င်ကြောင်း...

တပ်စခန်းထပ်မံပစ်ခတ်လာပါက လွတ်ရှမ်းရွာအား မီးရှို့ပြာကျပစ်မည်ဟု စစ်ကောင်စီ တပ် ခြိမ်းခြောက်

နိုဝင်ဘာ ၁၈ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) လွတ်ရှမ်းကျေးရွာတွင် ခြေကုပ်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့စခန်းအား KNU အနေဖြင့် နောက်တစ်ကြိမ်ထပ်မံလာရောက်ပစ်ခတ်မှု လုပ်ဆောင်ပါက ကျေးရွာကို ပြာကျသည့်အထိ မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇...

ဖားအံမြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းသမားများကို လုံခြုံရေးအကြောင်းပြ ငွေညှစ်တောင်းခံမှုများ ပြုလုပ်

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုလအတွင်း မြို့တွင်း လုံခြုံရေးရယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်ရာတွင် အငှားဆိုင်ကယ် ယာဉ်မောင်းသမားများထံ ငွေညှစ်တောင်းခံမှုများရှိနေကြောင်း ကိုယ်တွေ့ကြုံရသည့် ဆိုင်ကယ် တက္ကစီသမားတချို့က ပြောသည်။ ဖားအံမြို့နယ်အတွင်းရှိ ဘုရားဝင်းကြီးရှေ့၊ ကြာအင်းလမ်းထောင့်၊(အ.ထ.က-၄) ကျောင်းအရှေ့...

BGF ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ရှိ မိကရင်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်မှုကြောင့် အနီးအနားတွင် နေထိုင်သည့် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး...

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ပြည်သူများပါဝင်ရန် အမျိုးသားနေ့တွင် DYC တိုက်တွန်း

နိုဝင်ဘာ ၁၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ယနေ့ကျရောက်သည့် (၁၀၂)နှစ်ပြည့် အမျိုးသားနေ့အတွက် ပေးပို့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ သဝဏ်လွှာတွင် အာဏာရှင်စနစ် နိဂုံးချုပ်ပေးနိုင်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် ပြည်သူများ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ကြရန် တိုက်တွန်းထားသည်။ ယနေ့ ပြည်သူလူထု ဆင်းရဲဒုက္ခများမှလွတ်မြောက်၍ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးသည် အဓိကကျပြီး...
Donate