Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ပြိုကျပျက်စီးသွား၍ ခရီးသွား လာမှုပြတ်တောက်သွား

ဇန်နဝါရီ ၂၈ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ချောင်းနှစ်ခွ၊ မုဒုံမြို့သို့ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ယနေ့ နံနက်ပိုင်း ၂ နာရီကျော်အချိန်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံတားချဉ်း ကပ်တစ် ဖက်ခြမ်း ပြိုကျသွားသည့်အတွက် ခရီးသွားလာမှုပြတ်တောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ သံပုရာရွာနှင့်...

ပြည်နယ် စစ်ကောင်စီဝန်ထမ်းများ လာဘ်ယူမှု၊ ငွေညှစ်မှုနှင့် ရုံးသုံးစရိတ်များမှတစ်ဆင့် ဝင်ငွေကောင်းနေ

ဇန်နဝါရီလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် စစ်ကောင်စီ ၀န်ထမ်းတွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လာဘ်ယူမှုများ၊ ငွေညှစ်မှုများ၊ ရုံးအသုံးစရိတ် ဘတ်ဂျက်ငွေများမှ တစ်ဆင့်၀င်ငွေ ကောင်းနေကြောင်း နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဖားအံမြို့နယ်အဆင့်၀န်ထမ်းများမှာ လာဘ်ယူမှုများ၊ ငွေညှစ်မှုများ၊...

ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမကျေးရွာအုပ်စု သာယာကုန်း ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးကျည် အကြွင်း အကျန်တစ်လုံး ပေါက်ကွဲသဖြင့် ကလေးငယ် ၁ ဉီးသေဆုံးပြီး ၃ ဉီးဒဏ်ရာရရှိခဲ့သည်ဟု...

ဗိုလ်မှူးကြီးစောအေဝမ်း၏ ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ကျောင်းသား ၂ဝဝ ကျော် ပညာ သင်ယူခွင့်ခက်ခဲနေ

ဇန်နဝါရီ ၂၆ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်ချောင်းရွာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောအေဝမ်း ၎င်းဖွင့်လှစ်ထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ဌာနေဒေသအသီးသီးရှိ ပညာသင်ကြားနေဆဲ ဌာနေကျောင်းသားလူငယ် ၂ဝဝ ကျော် ပညာဆက်လက်သင်ယူနိုင်ရန် ခက်ခဲနေသည်ဟု...

NUG၏ တောင်ပိုင်းစစ်ဒေသကို ၅၀ ရာခိုင်နှုန်းနီးပါး လက်နက်တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း ဒု-စစ်ဒေသမှူးပြော

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက် ၅၀ ရာခိုင်နှုန်းနီးပါး တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း တောင်းပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးစောရှားက ပြောသည်။ ဇန်နဝါရီလ ၂၄ရက်နေ့က ကျင်းပခဲ့သည့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်...

ကျုံဒိုး-ကမ်းနီတိုက်ပွဲအတွင်း နေအိမ် ၈ လုံး မီးလောင်ပျက်စီးပြီး ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုး-ကမ်းနီကျေးရွာ တိုက်ပွဲဖြစ်စဉ်တွင် အရပ်သားပြည်သူနေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၆ရက်နေ့အထိ ပစ်ခတ်မှုများ ဆက်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။ ဇန်နဝါရီ ၂၄ ရက်က စတင်အရှိန်မြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျုံဒိုး-ကမ်းနီကျေးရွာ တိုက်ပွဲဖြစ်စဉ်မှာ...

ကျုံဒိုးမြို့အနီး ကျေးရွာများတွင်တိုက်ပွဲဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ကူ

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးကျေးရွာများတွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး မှုများပြား၍ လေကြောင်းဖြင့် ပစ်ကူနေရကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ...

၇၅ ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ်အတွက် မျိုးဆက်သစ်လူငယ်များအား စာမူဖိတ်ခေါ်

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ လာမည့်ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် ကရင်အမျိုးသားနေ့ အထိမ်း အမှတ်စာမူများ ရေးသားပေးပို့လာရန် ပြည်တွင်းပြည်ပရှိ ကရင်မျိုးဆက်သစ်လူငယ်များအား ဖိတ်ခေါ်နေသည်ဟု ကရင်အမျိုးသားများမျိုးနွယ်စုအသင်းက ကေအိုင်စီသို့ ပြောသည်။ အဆိုပါ စာမူများတွင် ကဗျာ၊ ဆောင်းပါးနှင့်ဝတ္တုတိုစသည့် ကဏ္ဍများပါဝင်ပြီး...

KNU မက္ကသာ သတ္တုတွင်းခဲမိုင်းနေရာအား စစ်ကောင်စီမှ ၄ ကြိမ်မြောက် လာရောက်ဗုံးကြဲ

ဇန်နဝါရီ ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့ မြောက်ဘက်ရှိ မက္ကသာ သတ္တုခဲမိုင်းနေရာအား ယနေ့ဇန်နဝါရီလ ၂၅ ရက်၊ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ထပ်မံ၍ လာရောက်ဗုံးကြဲသွားပြီး လုပ်ငန်းအဆောက်အဦးများ...

KNU တပ်မဟာ ၄ အဖွဲ့ဝင်များ ပစ်ခတ်ခံရမှုမှာ မှားယွင်းမှုတစ်ခုသာဖြစ်ဟု KTLA ပြော

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၁၂)၏ ဒုတပ်ရင်းမှူး နှင့် ကစယ်ဒို (ထားဝယ်)မြို့နယ်၏ အမြဲတမ်းကော်မတီဝင်တို့ နှစ်ဦးကို ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၃ ရက်နေ့က စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ ရက်စွဲဖြင့်...
Donate