Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

ကြိုးတံတားရွာချောင်း၌ မိုင်းနင်းမိ၍ ရေပိုက်ပြင်သည့်အဖိုးအိုတစ်ဦး ခြေထောက်ပြတ်

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ(၃၀)ရက်နေ့က စစ်ကောင်စီတပ်များ တပ်စွဲ ထားသည့် ကြိုးတံတားကျေးရွာချောင်းအနီး၌ ရေပိုက်ပြင်သည့် အဖိုးအိုတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း ဒေသတွင်း လှုမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်များနှင့် နယ်မြေခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)တပ်ဖွဲ့များအကြား မကြာခဏ...

Palaw-KPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၄ ဦးခန့် သေဆုံးပြီး ၆ ဦးထိခိုက်

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ တပိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို Palaw-KPDFနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက အသင့်ထောင် ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၆ဦး ထိခိုက်ခဲ့ကြောင်း...

ခုခံတော်လှန်စစ်အရှိန်မြှင့်လာပြီးနောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု တိုးလာကြောင်း BNI-MPM စစ်တမ်းတွင်ပြ

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှု အရှိန်မြှင့်လာပြီး နောက် စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုတိုးလာကြောင်း နိုင်ငံတကာ မြန်မာ့သတင်း(BNI)၏ မြန်မာ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု-MPM အစီအစဉ်၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဇန်နဝါရီလအထိ ကောက်ယူ...

လက်နက်ကိုင်တပ်များ စစ်ဖက်ဆိုင်ရာကျင့်ဝတ်လိုက်နာရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

ဇန်နဝါရီ ၃ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ လက်နက်ကိုင်တပ်များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာရန်နှင့်အများ ပြည်သူများနေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်များတွင် ရှောင်ရှားပြီး လှုပ်ရှားတိုက်ပွဲဖော်ကြရန် ယမန်နေ့ ဇန်နဝါရီ လ ၂၉ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်က ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။ ဗိုလ်အယ်စေးဝါး ဦးဆောင်သည့်...

ခုခံတော်လှန်ရေးကို လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းကြိုးစားရန် KNU ဥက္ကဌ တိုက်တွန်း

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ခုခံတော်လှန်ရေးကို လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းပြီးလုပ်ဆောင်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အတွက် မိန့်ခွန်းသဝဏ်လွှာထဲတွင် ပြောကြားလိုက်သည်။ ကေအဲန်ယူဥက္ကဋ္ဌက “ ခုခံတော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့်...

KDHW ၏ အပတ်စဉ် (၁၀) Medic Training မှ ဆေးမှူး ၂၅ ဦး သင်တန်းဆင်း

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ ဖွင့်လှစ်ပေးသော အပတ်စဉ် (၁၀) Medic Training မှ ဆေးမှူး ၂၅ ဦးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် သင်တန်းဆင်းပွဲ...

တိုက်ပွဲကြောင့် တိမ်းရှောင်ရသည့် ကမ်းနီဒေသခံအချို့ နေရပ်ပြန်နေထိုင်သော်လည်း စိုးရိမ်ကြောက်ရွံ့ မှုများရှိနေဆဲ

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကမ်းနီကျေးရွာတွင် ဇန်နဝါရီ(၂၂)ရက်မှ (၂၇)ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အချို့ဒေသခံပြည် သူများသည် လက်ရှိတွင် နေရပ်ပြန်နေထိုင်မှုများရှိနေသော်လည်း စိုးရိမ်ကြောက်ရွံ့မှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြောင့် ကျုံဒိုးမြို့နယ်ခွဲ...

စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်း KNU/KNLA-PC ရှင်းလင်းချက်ထုတ်ပြန်

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီနှင့် ကော်သူးလေအာမီ-KTLA တို့အကြား ဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကျုံဒိုးမြို့ အနီး တစ်ဝိုက် တိုက်ပွဲအတွင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်နေခြင်းမရှိကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲဖြင့်...

စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံတောင်မြို့ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့၌ စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ဒေသခံများ အသက်အန္တရာယ်စိုးရိမ် ကြောက်လန့်သဖြင့် နေအိမ်များမှ စွန့်ခွာ၍ထွက်ပြေးနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ လက်နက်ကြီးဖြင့်...

၀င်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်ပရိယတ္တိ စာဖြေပြိုင်ပွဲ စတင်ကျင်းပ

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီးမြို့နယ်) ၏ ၄၇ ကြိမ်မြောက် ၀င်းရော်ဒေသနယ်လုံးဆိုင်ရာ ကရင်ပရိယတ္တိ စာပြန်/စာဖြေပွဲတော်ကို ဖားပြရွာတောင်ခြေ ဓမ္မဝေဒဂူကျောင်း၌ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ...
Donate