KIC News
ဖားအံတွင် ညထွက်သည့်လူငယ်များကို ဖမ်းဆီးပြီးငွေညှစ်တောင်းခံမှုများပြုလုပ်လျက်ရှိ
ဧပြီလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီက ညအချိန် အပြင်ထွက်သည့် လူငယ်များကို ဖမ်းဆီးငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ ည၈နာရီဝန်းကျင်ခန့်တွင် ညအချိန်အပြင်ထွက်သည့်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
စစ်ပွဲကြောင့် စိတ်ဒဏ်ရာ ခံစားနေရသော ကလေးငယ်များ
စစ်ပွဲကြောင့် စိတ်ဒဏ်ရာ ခံစားနေရသော ကလေးငယ်များ
ဧပြီ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အသက်(၂)နှစ်သားသာရှိသေးတဲ့ အောင်သူမျိုးဟာ အသံကျယ်ကျယ်လောင်လောင်တွေဆို ကြောက်တတ်ပါ တယ်။ လူဖြစ်တာမကြာသေးတဲ့ သူ့ရဲ့သက်တမ်းတစ်ဝက်က သေနတ်သံ၊ လေကြောင်းတိုက်ခိုက်သံတွေနဲ့ စစ်မက်ဇုန်မှာ နေထိုင်နေရတာပါ။
လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တုန်းက သူတို့မိသားစုဟာ တိုက်ပွဲကြောင့် အိမ်ကနေ ထွက်ပြေးခဲ့ကြရပြီး အခုတော့...
သန့်ရှင်းသော လေနဲ့ရေ (ဆောင်းပါး)
သန့်ရှင်းသော လေနဲ့ရေ
မောင်ကျော်စွာ
(၂၀၂၃ခုနှစ်၊ ဧပြီလ ၈ရက်)
“လေတွင် ဆိပ်ခိုးပါလိမ့်နိုး၊ ရေတွင် ဆိပ်ခိုးပါလိမ့်နိုးနှင့်” ဆိုတဲ့ ကဗျာအပိုင်းအစလေးသည် ယခုနှစ် နွေရာသီတွင် ကြုံလာရသော လေထုညစ်ညမ်းမှုကို အကြောင်းပြုကာ ကျနော်၏ အတွေးအခေါ်စိတ်ထဲမှာ ပြန်ပေါ်လာပါတယ်။ ထိုကဗျာလေးကို အလယ်တန်း သို့မဟုတ် အထက်တန်းကဗျာလက်ရွှေးစင် စာအုပ် ထဲမှာသင်ခဲ့ရတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။...
တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်လက်နက်ကြီး ရပ်ကွက်အတွင်း ပစ်ခတ်သည့်အတွက် ကျုံဒိုးရှိ နေအိမ် ၄ လုံးမီးလောင်ပြာကျခဲ့
ဧပြီလ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အမှတ် ၁ရပ်ကွက် မြောက်ကရင်စု အပိုင်းဘက်သို့ ယမန်နေ့ ဧပြီလ ၆ ရက်ညတွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ ၅၄၅ တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၄...
ပြည်နယ်မြို့တော် ဖားအံတွင် သင်္ကြန်ပွဲတော် စည်စည်ကားကားကျင်းပရန် စစ်ကောင်စီ ကြိုးပမ်း ပြင်ဆင်နေ
ဧပြီလ ၇ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၏ နေရာတော်တော်များတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တို့အကြား တိုက်ပွဲ ပြင်းထန်နေသော်လည်း ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် လာမည့် သင်္ကြန် ပွဲတော် စည်ကားရန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်များပုံစံအတိုင်း ပြင်ဆင်လုပ်ဆောင်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။
မတ်လကုန်ပိုင်းမှ စတင်ကာ...














