KIC News
လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လိပ်သိုလမ်းခွဲရှိ ကျေးလက်ဆေးပေးခန်းပျက်စီး
မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃)မိုင်တွင် ပြီးခဲ့သည့်အပတ်မှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယမန်နေ့ မေလ(၂၉)ရက်နေ့ည(၈)နာရီဝန်းကျင်ခန့်က လိပ်သိုလမ်းခွဲနံဘေးရှိ ငွေတောင်ကလေးကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာဆေးပေးခန်းထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။
ယမန်နေ့ညနေ(၄)နာရီခန့်တွင် သံတောင်ရှိ စစ်ကောင်စီတပ်များနှင့်...
ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေများပြီး သင်ထောက်ကူပစ္စည်းများလိုအပ်နေ
မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်များထက် ကျောင်းသူ၊ ကျောင်းသားဦးရေများလာသဖြင့် စာသင်ကျောင်းအဆောက်အဦးနှင့် သင်ထောက်ကူပစ္စည်းများလို အပ်လျက်ရှိကြောင်း ပညာရေးတာဝန်ရှိသူများက ပြောသည်။
ယခုနှစ်တွင် အချို့စာသင်ကျောင်းများတွင် ပြည်တွင်းမှ လာရောက်ကျောင်းတက်သည့် ကျောင်းသား ဦးရေများပြားလာသော်လည်း ထောက်ပံ့မှုအလုံအလောက်မရရှိသလို ကျောင်းဆရာ၊...
ထားဝယ်မြို့ရှိ အငှားအိမ်ခန်းတွဲများကို စစ်တပ်က ရှောင်တခင် ဧည့်စာရင်းများ စစ်ဆေးနေ
မေလ ၂၉ ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အငှားအိမ်ခန်းတွဲများကို စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိ နေ ကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်လက်အောက်ခံ စစ်တပ်၊ ရဲများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အငှားအိမ်ခန်းတွဲများတွင် ညသန်းခေါင်ယံအချိန်များတွင် ရှောင် တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေပြီး တင်းတင်းကြပ်ကြပ်ကို...
ကင်းလှည့်နေသည့် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
မေလ(၂၉)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေအတွင်းသို့ ပြီးခဲ့သည့် မေလ(၂၆)ရက်က လမ်းကင်းလှည့်နေသည့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် -KNLA က တိုက်ခိုက်သောကြောင့် BGF တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိခဲ့ကြောင်း...
စစ်ကောင်စီ၏ ကနဲလေးနှင့် မော်ခီးတပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် တပ်ရင်းမှူးအပါအဝင် ၉ ဦးထိခိုက် သေဆုံး
မေလ(၂၉)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ကနဲလေးနှင့် မော်ခီးတပ်စခန်းကို မေလ ၂၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်မှူးအပါအဝင် ၉ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO လုံခြုံရေးတပ်ရင်း ၈ မှ ဒုတိယဗိုလ်မှူးကြီး စောအယ်မြတ်ထူးက ပြောသည်။...
စစ်ကောင်စီထိန်းချုပ်သည့် ဆေးရုံများတွင် ကန့်သတ်ချက်များရှိ၍ ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင်သာ ဒေသခံများကုသနေရ
မေလ ၂၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ဆေးရုံကြီးနှင့် တောင်ကလေးစစ်ဆေးရုံများတွင် ဒေသခံများ ကျန်းမာရေး ကိစ္စများအတွက် ကန့်သတ်ချက်များရှိနေသည့်အတွက် ပြင်ပတွင်ဖွင့်ထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုသာ အားထားကုသနေရကြောင်း သိရှိရသည်။
စစ်ကောင်စီက ဆေးရုံဆေးခန်းများကို ၎င်းတို့စစ်တပ်ဌာနဆိုင်ရာ လူနာများအတွက် အသင့်အနေအထား ပြင် ဆင်ခိုင်းထားခြင်း၊...
ကော့ကရိတ်မြို့ပြင် ဘေးပတ်လည်ကျေးရွာများထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်နေ
မေလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အပြင်ဘက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ် နယ်မြေထဲရှိ လူထုများနေထိုင်သည့်ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်နေ့စဉ်ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၂၇ရက်၊ နေ့လည်အချိန်တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကော့က ရိတ်...
KNU-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် မေးမြန်းချက်
“ကျနော်တို့ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်စထက်တစ်စ များလာတဲ့အပေါ် တစ်အချက်က အနီးစပ်ဆုံး ကျနော်တို့ ထိန်းချုပ်နိုင်တဲ့နေရာဒေသအသီးသီးမှာ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်ပေးသွားဖို့တော့ အစီအစဥ်ရှိပါတယ်” ပဒိုစောကလယ်စေး
မေလ ၂၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ (၁၇) ကြိမ်မြောက်ကွန်ဂရက်ပြီးဆုံးပြီးနောက် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ဆောင်ချက်များ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ကွန်ဂရက်တွင်ဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်အချို့နှင့်ပတ်သက်သော လုပ်ငန်းစဥ်များအား သိရှိနိုင်ရန်...
Miss World Universe International 2023 ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ နော်အယ်စေးဖော ဒုတိယဆုရရှိ
မေလ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းကျောင်းသူအဖြစ်မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် Mister and Miss World Universe International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ကရင်တိုင်းရင်းသူ နော်အယ်စေးဖော(ခ)အယ်အယ်က 1st Runner...
တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတဲ့ အာဝါဒေးလောင်းကစားဝိုင်း
တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတဲ့ အာဝါဒေးလောင်းကစားဝိုင်း
စောဝါး
(မေလ ၂၇ရက်၊ ၂၀၂၃)
မြန်မာငွေကျပ်တစ်ထောင်တန် လေးငါးရွက်ကို ကိုင်ထားတဲ့ အသက် ၇နှစ်ကျော်အရွယ် ကလေးနှစ်ယောက်သုံး ယောက်ဟာ အန်ကလုံ လောင်းကစားဝိုင်းတစ်ခုမှာ ‘ဆင်၊ ကျား၊ နဂါး’ လို့ ကရင်သံဝဲဝဲလေးနဲ့အော်ဆိုပြီး ထိုးသား ပြုလုပ်နေကြပါတယ်။
အဲဒီမြင်ကွင်းကတော့ ကရင်ပြည်နယ် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တစ်နေ...














