Home သတင်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များထောင်ထားသော မိုင်းများ နင်းမိ၍ နွားများထိခိုက်ဒဏ်ရ

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များထောင်ထားသော မိုင်းများ နင်းမိ၍ နွားများထိခိုက်ဒဏ်ရ

583
ပုံ-ကေအိုင်စီ

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အနီး ကျေးရွာများရှိ ဒေသခံပြည်သူခြံဝင်းများတွင် စစ်‌ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံနယ်ခြားစောင့်တပ်-BGF အဖွဲ့တို့ ထောင်ထားသော မြေမြှုပ်မိုင်းများနင်းမိ၍ ယခုရက်ပိုင်းအတွင်း ဒေသခံများ၏ အိမ်မွေးနွားများ ထိခိုက်ဒဏ်ရာရရှိမှုများလာသည်ဟု သိရသည်။

ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF)နှင့် ကော့ကရိတ်မြို့အနီး စစ်ကောင်စီတပ်များသည် ပြည်သူများ၏ ခြံဝင်း၊ နွားစားကျက်မြေနေရာများသာမက ရွာတွင်းထဲပင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက‌ “ကျေးရွာနားအပြင် ရွာတွင်းမှာလည်း ထောင်တယ်။ နွားစားကျက်နေရာတွေ အကုန်ထောင်တယ်။ ကော့နွဲထန်တော၊ ဒေါနအလင်း၊ ရွာသစ်လမ်းဂွ၊ ကမိုင်ကုန်းလမ်းဂွတွေ အကုန်ထောင်ထား တယ်။ ပေးမသွားလာဘူး။ နွားတွေလည်းမိုင်းထိတာများနေပြီး။ “ဟု ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းများကို ယခင် လာရောက်အခြေချတပ်စွဲနေထိုင်သွားသော (BGF)များ ထောင်ထားသော မိုင်းများဖြစ်ပြီး အရေအတွက်နှင့် နေရာအတိအကျ မသိရှိရ ကြောင်း BGF သတင်းအရင်းအမြစ်ဘက်က ပြောသည်။

၎င်း‌‌ BGF သတင်းအရင်းအမြစ်က ” အခုရှိတဲ့ BGFတွေထောင် တာမဟုတ်ဘူး။ ပြန်သွားတဲ့အရင် BGFအဖွဲ့က ထောင်သွားတာ။ ဘယ်လောက်များများ ထောင်ထားလဲမသိဘူး။ လိုက်သွားလို့‌တောင်မရဲဘူး။ ဟိုတစ်လောကဆို ဒီ BGFက သင်တန်းမှူးအဖွဲ့တွေက ရွာတွင်းမှာပဲ ထောင်သွားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (KNLA)ဦး ဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်း ထန်ပြီးနောက် ကော့ကရိတ်-မြဝတီအာရှလမ်းမ တစ်လျှောက်၊ ကော့က ရိတ်မြို့ အနီးကော့နွဲကျေးရွာနှင့် ကော့ကရိတ်မြို့အဝင်လမ်းများတွင် စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်(BGF)တို့ တပ်ချထားပြီး ကျေးရွာအတွင်း မြေမြှုပ်မိုင်းအများ အပြားထောင်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။