KIC News
ရွှေကုက္ကိုလ်ဒေသအနီး တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများ နေရာထိုင်ခင်းအခက်အခဲကြုံတွေ့နေရ
ဧပြီလ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီး ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့အတွင်း တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူများမှာ နေရာထိုင်ခင်းနှင့်...
ဖားအံ-ထီလုံ-ထိုကော်ကိုးလမ်းပေါ်တွင် BGF ၊ PC ဂိတ်များလာပြီး ငွေကြေးကောက်ခံမှုများပြုလုပ်နေ
ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံ-ထီလုံ-ထိုကော်ကိုးလမ်းပိုင်းဘက်တွင် ပြီးခဲ့သည့် မတ်လမှစတင်ကာ စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ-(KNU/KNLA-PC) အဖွဲ့ဂိတ် အများအပြားတိုးလာပြီး ငွေကြေးကောက်ခံများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီ -ကော့ကရိတ်- ကျုံဒိုး...
ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲတွင်ပါဝင်သည့် တပ်မှူးနှစ်ဦးကို အဖွဲ့အစည်းမှ KNU/KNLA-PC ထုတ်ပယ်
ဧပြီလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပါဝင်သည့် ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ နှစ်ဦးကို အဖွဲ့အစည်းမှ ထုတ်ပယ်လိုက်ကြောင်း ယနေ့ရက်စွဲဖြင့် KNU/KNLA-PCက ထုတ်ပြန် ကြေညာခဲ့သည်။
KNU/KNLA-PC အမှတ် (၂)...
သံတောင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရ
ဧပြီလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ယမန်နေ့ ဧပြီလ(၆)ရက်နေ့ညပိုင်းက (၇)မိုင် စစ်ကောင်စီ တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
အဆိုပါကျေးရွာအနီးအနားတွင် ထိုနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး(၄)လုံးကျရောက်ပေါက်ကွဲ၍...
သာသနာပြုမင်းကြောင့် ဗုဒ္ဓတရားသံ ဆိတ်သုဉ်းသွားရသည့် မက္ကသာမြေ
သာသနာပြုမင်းကြောင့် ဗုဒ္ဓတရားသံ ဆိတ်သုဉ်းသွားရသည့် မက္ကသာမြေ
စောမြတ်ဦးသာ (ဧပြီလ ၇ရက်၊ ၂၀၂၃ ခုနှစ်)
အာရုဏ်ဦးနံနက်ခင်းသည် ရဟန်းသံဃာတော်တို့၏ ဗုဒ္ဓအဆုံးအမ တရားရွတ်ဆိုသံများဖြင့် ဘဝင်္ဂတိုင် လွင့်ပျံကြားနေရသည်။
ထိုအသံသည် ဝင်းရော်ဒေသ၏ တစ်ခုတည်းသာတည်ရှိနေသည့် မက္ကသာသာသနာ့မြေ၏ ဓမ္မရက္ခိတ ပရိယတ္တိစာသင်တိုက်ကြီးထံမှ ကြားနေရသည့် ဘုရားသားတော်တို့၏ စာဝါစာအံသံများဖြစ်သည်။
၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ...
ကော့ကရိတ်-မြဝတီအာရှလမ်းတစ်လျှောက် သွားလာမှုလုံးဝမပြုလုပ်ရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များ ထုတ်ပြန်
ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက်တွင် ပြည်သူများအနေဖြင့် ယနေ့ ဧပြီလ ၇ရက်မှ ဧပြီလ ၂၁ရက်နေ့ထိ လုံးဝသွားလာမှုမပြုလုပ်ကြရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပူးတွဲအမိန့်ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်၊ မြဝတီဒေသအတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အထိနာနေပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများ...
ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ၏ ခမရ−၂ လက်နက်ကြီးတာဝန်ခံ ပစ်သတ်ခံရ
မတ်လ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ−၂ တပ်ရင်း၏ တပ်ကြပ်ကြီးကျော်ဆန်း (လက်နက်ကြီး တာဝန်ခံ)ကို ဧပြီလ ၅ ရက် နံနက် ၆နာရီခွဲအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု (Kyaikhto...
လိပ်သိုဒေသ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ကြပ်အဆင့်ရှိသူ (၂) ဦးအပါအဝင် (၁၃)ဦးသေဆုံးခဲ့
ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသာစည်နှင့် မလောက်ချောင်းကျေးရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် အဆင့်ရှိသူ (၂)ဦးအပါအဝင် စုစုပေါင်း(၁၃)ဦး သေဆုံးခဲ့ကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့ -NTDF က ယနေ့...
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရနေ
ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိနေကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။
ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်၏ ယနေ့ဧပြီ ၆ရက်နေ့ နံနက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်ရှိ ခနိမ်းမူကျေးရွာနေအမျိုးသမီးတစ်ဦးနှင့်...
ဒူးပလာယာခရိုင် မြို့နယ် ၄ မြို့နယ်စုပေါင်း၍ ၃၈ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံးနေ့ ကျင်းပခဲ့
ဧပြီလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ
ယမန်နေ့မတ်လ ၅ရက်နေ့တွင် ကျရောက်သည့် ၃၈ ကြိမ်မြောက် ကရင်အမျိုးသမီးအစည်း (KWO)နေ့ကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်၊ ကျုံဒိုး၊ နို့တကော၊ နှင့် ဝင်းရေး စသည့် မြို့နယ်(၄)မြို့ နယ်က ကော့ကရိတ်မြို့နယ်တစ်နေရာတွင် စုပေါင်းကျင်းပခဲ့ ကြောင်း သိရသည်။
လက်ရှိတွင်...














