ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့ ရေဘေးကူညီကယ်ဆယ်ရေး သွားရောက်သည့် ရန်ကုန်အခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ လက်နက်ကြီးပစ်ခတ်သံကြားရခြင်းကြောင့် စိတ်လုံခြုံမှုမရှိဘဲ လုပ်ငန်းစဥ်နှောင့်နှေးမှု ကြုံတွေ့ခဲ့ရကြောင်း ခရီးလိုက်ပါသွားသူအချို့က ပြောသည်။
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှုများကြောင့် လေးမျက်နှာမှအစပြု၍...