Home ဆောင်းပါး ‌သောင်း‌သောင်းဖျဖျ နှစ်သစ်ကူးလ

‌သောင်း‌သောင်းဖျဖျ နှစ်သစ်ကူးလ

2433
‌ခေါင်ဆူလိုင့်

နံနက်အရုဏ်တက်စ အလံ‌တော်တင်တဲ့အချိန်ဟာ လူထုပရိဿတ် ပမာဏက‌တော့ အထွဋ်အထိပ်ကို ‌ရောက်တဲ့အချိန်ပဲလို့ (မဟာရန်ကုန်) ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ၏ အတွင်း‌ရေးမှူး ‌စောလှထွန်းက အားတက်သ ‌ရော ‌ပြောပြပါတယ်။

မဟာရန်ကုန်ရဲ့ ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် နှစ်သစ်ကူးမနက်ဟာ ‌အေးချမ်းတဲ့ ရာသီ‌အောက်မှာ လူ‌တွေက ပွဲခင်းအတွင်း‌ရော၊ အင်းစိန်လမ်းမထက်ကိုပါ ပြည့်လျှံထွက်‌နေပြီး အလံအ‌လေးပြုတဲ့အချိန်မှာ Projector နဲ့ ‌ထောင်ပြီး ပြသရတဲ့အထိ စည်ကား‌နေပါ တယ်။

ဦး‌စောလှထွန်းက “ခန့်မှန်း‌ခြေလူ‌တွေက‌တော့ ‌ထောင်‌သောင်းဂဏန်းနီးပါး‌လောက် ရှိမလား မသိဘူး။ ဟိုဘက်လမ်းမ‌တွေက‌တော့ ကျ‌နော်တို့ ဘာမှမမြင်ရ‌တော့ဘူး။ အရင်နှစ်လည်း အလံတင်အခမ်းအနားဆိုရင် ‌ထောင်‌ပေါင်းများစွာပဲ ကြည့်ရတာ‌တော့။”လို့ ‌ပြော ပါတယ်။

ကရင်လူမျိုး‌တွေဟာ မျိုးနွယ်စု၊ ကိုးကွယ်တဲ့ဘာသာ မတူကွဲပြား‌နေ‌စေကာမူ နှစ်သစ်ကူး‌နေ့မှာ အမျိုးသားအလံ‌တော်တစ်ခုတည်း ‌အောက်မှာ လာ‌ရောက်စု‌ဝေးမှုကို နှစ်သစ်ကူး‌နေ့မှာ ထင်ထင်ရှားရှား ‌တွေ့မြင်‌နေရပါတယ်။

ပွဲလာ‌ရောက်သူ ရန်ကုန်မြို့ခံ ကရင်အမျိုးသမီး ‌နော်ခိုင်က “လူ‌တွေက‌တော့ ကြိတ်ကြိတ်တိုးပဲ။ ကျမဆို ဖိနပ်‌တောင် ကျွတ်ကျန်ခဲ့ တယ်။ ဘုန်းကြီး‌ကျောင်းဝင်းထဲ‌တော့ အပြည့်ပဲ။ ‌ခြေချစရာ‌တောင် မရှိဘူး။ အပြင်ဘက်‌ဈေးတန်းကလည်း မနည်းတိုးရတယ်။ ပြခန်းထဲမှာလည်း လူအပြည့်ပဲ။ တိုးလို့မရလို့ ကျမ မဝင်ခဲ့‌တော့ဘူး”လို့ ‌ပြောပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အာလိန်ငါးဆင့် ဘုန်းကြီး‌ကျောင်းဝင်းမှာ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကျင်းပလာခဲ့တာ ခရစ်သက္ကရာဇ် ၁၉၆၄ခု၊ ကရင်သက္ကရာဇ် ၂၇၀၄ခုနှစ်မှာ ဖြစ်တယ်လို့လည်း ဦး‌စောလှထွန်းက ‌ပြောပါတယ်။ “ဒီအာလိန်ငါးဆင့်မှာ ကရင်နှစ်သစ်ကူး ကျင်းပလာတာက‌တော့ ကျ‌နော်တို့ နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီစဖွဲ့တဲ့ ၁၉၆၄ခုနှစ်ကတည်းကပါပဲ။ ဒါ‌ပေမဲ့ ကျင်းပတဲ့ အကြိမ်ကို ‌ရေတွက်မယ်ဆိုရင် ကရင်သက္ကရာဇ် ၂၇၀၄ခုနှစ်က စတွက်မှသာ မှန်မယ်‌လေ။”လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် နှစ်စဉ် ကျင်းပတိုင်းလည်း သတင်းနဲ့ ပြန်ကြား‌ရေးပြခန်း၊ ကရင့်ရိုးရာယဉ်‌ကျေးမှုပြခန်းကို ပွဲလာပရိဿတ်‌တွေ ကြည့် ရှု‌လေ့လာဖို့ ခင်းကျင်းပြသထား‌လေ့ရှိသလို ဒီနှစ်ပွဲ‌တော်ကို ဒီဇင်ဘာ ၂၄ရက်က‌နေ ၂၆ရက်‌နေ့အထိ သုံးရက်သုံးည ပြုလုပ်ခဲ့တယ် လို့လည်း ကျင်းပ‌ရေး ဗဟို‌ကော်မတီက ‌ပြောဆိုပါတယ်။

မနက်ပိုင်း အခမ်းအနား‌ဟော‌ပြောပွဲ အစီအစဉ်အရ ခါတိုင်း မပါတာတစ်ခုက ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရ ကရင်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌စောထွန်း‌အောင်မြင့်က ကရင်အမျိုးသား၊ အမျိုးသမီး‌တွေကို နှိုး‌ဆော်တဲ့အ‌နေနဲ့ အချင်းချင်း စည်းလုံးညီညွှတ်ဖို့နဲ့ တိုင်း ရင်းသားစည်းလုံးညီညွှတ်‌ရေးကို ‌ဖော်‌ဆောင်ဖို့ အမှာစကား‌ပြောကြားပါတယ်။

ဒီဇင်ဘာ ၂၅ရက်မနက်ပိုင်း အခမ်းအနားမှာ အ‌ရှေ့ပိုး၊ အ‌နောက်ပိုး၊ စ‌ကောကရင် သုံးဘာသာနဲ့ ဖတ်ကြားသွားတဲ့ ‌ကော်မတီရဲ့ သဝဏ်လွှာထဲမှာ “သ‌ဘောတရားမှသည် လက်‌တွေ့‌ရေးသို့”၊ “ကရင့်သမိုင်းနှင့် ယ‌နေ့ ကရင်လူငယ်”ဆိုတဲ့ အချက်နှစ်ချက်ကို ထည့်သွင်း‌ဖော်ပြသွားခဲ့ပါတယ်။

“‘သ‌ဘောတရားမှသည် လက်‌တွေ့‌ရေးသို့’ ဆိုတဲ့‌နေရာမှာ သ‌ဘောတရားက‌နေ လက်‌တွေ့ ဘယ်လိုလုပ်ငန်း‌တွေ လုပ်ကိုင်သင့် သလဲဆိုတာကို နှိုး‌ဆော်ထားတယ်။ ‘ကရင့်သမိုင်းနဲ့ ကရင်လူငယ်’ အပိုင်းမှာကျ‌တော့ ကရင့်သမိုင်းကို ယ‌နေ့လူငယ်‌တွေ ‌လေ့လာ တဲ့‌နေရာမှာ ပကတိအရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ၊ အာဃာတ အမုန်းတရားကင်းကင်းနဲ့ကြည့်ပြီး အချက်အလက်‌တွေကို တရား မျှမျှတတ ‌ဖော်ထုတ်ပြီး ဘက်လိုက်မှုကင်းကင်းနဲ့ မိမိသိသင့်တဲ့အ‌ဖြေကို အကျိုးပြုမဲ့အပိုင်း‌တွေကို ‌ဖော်ထုတ်‌လေ့လာပါဆိုပြီး ‌ထောက်ပြထားတယ်။”လို့ ဦး‌စောလှထွန်းက ရှင်းပြပါတယ်။

ပွဲ‌တော်ရက်မတိုင်ခင် လက်‌ဝှေ့ပွဲများ ကျင်းပပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်းက လှိုင်သာယာ၊ ‌ရွှေပြည်သာ၊ အင်းစိန်-‌အောင်ဆန်း၊ လှိုင်မြို့နယ်နဲ့ ဧရာဝတီတိုင်းက ပန်းတ‌နော်၊ ဝါးခယ်မ၊ ‌ညောင်တုန်းမြို့‌တွေက ပြိုင်ပွဲဝင်ဒုံး (၁၃)ဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင်ကြရာမှာ လှိုင်မြို့နယ်ဒုံးအဖွဲ့‌တွေက ပထမ၊ ဒုတိယ၊ တတိယဆု‌တွေကို အကုန် ဆွတ်ခူးသွားခဲ့ပါတယ်။ အဲဒီ‌နောက် အထက်တန်းပညာကို ဂုဏ်ထူး ၁ဘာသာက‌နေ ၆ဘာသာအထိ ပညာရည်ချွန်ဆုရတဲ့ ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၂၅ဦးနဲ့ ပွဲ‌နောက်ဆုံး‌နေ့မှာ ဆုရ တဲ့ဒုံးအဖွဲ့‌တွေကို နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီက ဆုချီးမြှင့်သွားပါတယ်။

ဒီနှစ် ကရင်နှစ်သစ်ကူး‌နေ့က ဒီဇင်ဘာလ ၂၅ရက် (ခရစ္စမတ်‌နေ့)နဲ့ တစ်ရက်တည်း ထူးခြားစွာ တိုက်ဆိုင်ကျ‌ရောက်‌နေတဲ့အတွက် ရန်ကုန်တိုင်း အလုံမြို့နယ် ဘုရား‌ကျောင်းဝင်းထဲက ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ဟာလည်း စည်ကားသိုက်မြိုက်လှပါတယ်။

ကရင် အပါအဝင် တိုင်းရင်းသားလူမျိုးများစွာ မှီတင်း‌နေထိုင်ကြတဲ့ မြန်မာပြည်ဟာ မျက်‌မှောက်ကာလမှာ ပြည်တွင်းစစ်ဖြစ်ပွား‌နေ ဆဲဖြစ်ပြီး ငြိမ်းချမ်းခြင်းရဲ့ အရသာကို ပြည်သူ‌တွေဟာ ငတ်မွတ်‌နေကြတာမို့ နှစ်သစ်ကူးပွဲသာ ဆင်နွဲရ‌ပေမဲ့ တ‌မြေတည်း‌နေ၊ တ‌ရေတည်း‌သောက် တိုင်းရင်းသား‌တွေအားလုံးကို ငြိမ်းချမ်း‌စေချင်ပါတယ်လို့ အသက် ၂ဝအရွယ် ပုသိမ်တက္ကသိုလ် သမိုင်းဘာ သာ ‌နောက်ဆုံးနှစ် ကရင်‌ကျောင်းသူတစ်ဦးက ခုလို နှစ်သစ်ဆုမွန်‌တောင်းလိုက်ပါတယ်။

“ကရင်ပဲဖြစ်ဖြစ် ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ငြိမ်းချမ်း‌စေချင်တယ်။ အထူးသဖြင့် ကချင်‌ဒေသမှာ ဖြစ်‌နေတဲ့စစ်‌တွေကို ရပ်‌စေချင် တယ်။ အရင်က ကျမတို့ကရင်ဘက်မှာ ဖြစ်ခဲ့ဖူးတယ်‌လေ။ ကိုယ်ချင်းစာပါတယ်။ ‌ဘေးကင်း‌စေချင်တယ်။”လို့ သူမက ဆိုပါတယ်။

လက်ရှိ တက်လာတဲ့ အစိုးရသစ် လက်ထက်မှာ ယခင်နဲ့မတူတဲ့ အသွင်‌ပြောင်းလဲမှု‌လေး တရိပ်ရိပ်ရှိလာ‌နေ‌ပေမဲ့ ကုန်‌ဈေးနှုန်း‌တွေ က မကျဆင်း‌သေးတဲ့အ‌ပေါ် နှစ်သစ်ဆုမွန်‌ပေးသူတစ်ဦးလည်း ရှိပါတယ်။ အသက် ၆၉နှစ်အရွယ် နမ့်ကျင်သိန်းက “နှစ်သစ်မှာ ကုန်‌ဈေးနှုန်း‌တွေ ကျပါ‌စေ။ ငါတို့ပြည်သူ‌တွေ စားဝတ်‌နေ‌ရေး ‌ပြေလည်ရင် အ‌ကောင်းဆုံးပဲ‌လေ။”လို့ ကရင်နှစ်သစ်ကူး‌နေ့မှာ ‌ပြော ဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း ပြည်နယ်အစိုးရက ဦးစီးကျင်းပတဲ့ ကရင်နှစ်သစ်ကူး‌နေ့ဟာလည်း ခါတိုင်းနှစ်လို အဖြစ်သ ‌ဘောမျိုး မဟုတ်ဘဲ စည်ကား‌နေခဲ့တယ်လို့လည်း မြို့ခံလူထုက ‌ပြောပါတယ်။ ပွဲကို ပြည်နယ်ကွင်း(သီရိကွင်း)မှာ ကျင်းပပြီး လက် ‌ဝှေ့၊ စတိတ်ရှိုး(ကရင်၊ ဗမာသီချင်းများ)၊ ရိုးရာဒုံးအက၊ ‌အောပွဲတို့အပြင် ‌ဈေးပွဲ‌တော်တို့လည်း ပါဝင်ပြီး ကရင်ပြည်နယ်၊ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ‌ဒေါ်နန်းခင်‌ထွေးမြင့် ဦး‌ဆောင်တဲ့ ကရင်လူငယ်‌တွေဟာ ဗိုလ်ချုပ်‌အောင်ဆန်းနဲ့ ‌ဒေါ်‌အောင်ဆန်းစု ကြည်ပုံပါတဲ့ အကျင်္ီ‌တွေကို ‌ရောင်းချခဲ့ကြပါတယ်။

ဘားအံမြို့အ‌ရှေ့ဖက်ခြမ်း ‌တောင်က‌လေးမှာရှိတဲ့ ကရင်ပညာ‌ကျေးရွာ(ဖလုံပညာ့တ်ုဝါန့်)မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲက‌တော့ ထူးခြားစွာ ‌လောင်းကစားပွဲ‌တွေ မပါဝင်တာကို ‌တွေ့ရပါတယ်။ အဲဒီပွဲကို ပြည်နယ် ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီရဲ့ နာယက ဆရာ‌တော်ဦးပညာသာမိက ဦးစီးတာဖြစ်ပြီး ကရင့်ရိုးရာ အစစ်အမှန်ဖြစ်တဲ့ ‌ကောက်သစ်စားပွဲ၊ နှစ်သစ်ဆု‌တောင်းပွဲ‌တွေအပြင် ဒုံး စင်ရဲ့ တဖက်တချက်မှာ အမြင့်‌ပေ ၃၀‌ကျော်တဲ့ ကရင်မုဆိုးပုံနဲ့ ကရင်လက်‌ဝှေ့သမားပုံကြီးနှစ်ပုံက ပွဲရဲ့ထူးခြားမှုတစ်ခုပါ။

ဒီအနက်အဓိပ္ပါယ်မှာ ‌ရှေးက ကရင်လူမျိုး‌တွေရဲ့ သစ္စာရှိမှုကို ‌ဖော်‌ဆောင်တဲ့အ‌နေနဲ့ လက်‌ဝှေ့သမားပုံ ‌ဖော်ပြထားပြီး မုဆိုးပုံက ‌ရှေးကရင်လူမျိုး‌တွေ ဝမ်းစာ‌ရေးအတွက် ရှာ‌ဖွေလုပ်ကိုင်ရတဲ့ အသက်‌မွေးလုပ်ငန်းကို ‌ဖော်ညွှန်းခြင်းပဲလို့ ဆိုကြပါတယ်။

နှစ်သစ်ကူး သဝဏ်လွှာ ဖတ်ရတဲ့ ‌နော်ယုဇနဝင်းက “ဒီနှစ်မှာ ရိုးရာမပျက် ကျင်းပတာကို ဂုဏ်ယူတယ်။ ဝမ်းသာတယ်။ ‌နောက်ပြီး ဆရာ‌တော်ရဲ့ သဝဏ်လွှာကို ဖတ်ရတာ အရမ်းအားရမိတယ်။ ဘာလို့လဲဆို‌တော့ ပရိဿတ်‌တွေကို ထိထိမိမိ message ‌ပေးနိုင် လို့‌လေ။”လို့ ဆိုပါတယ်။

ဒါ့အပြင် သူမက “ကရင်‌တွေဟာ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ဖို့ မဟာဗျူဟာ ချမှတ်ဖို့လိုတယ်။ ငြိမ်းချမ်း‌ရေးဆိုတာ နှစ်ဦးနှစ် ဖက် စကားကို ‌ပြေ‌ပြေလည်လည် ‌ပြောရုံနဲ့ ပြီးတဲ့အရာ မဟုတ်ဘူး။ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့ဆိုတာ plan ရှိရမယ်‌လေ။ ကိုယ် လိုချင်တာနဲ့ သူ‌ပေးချင်တာ စစ်တုရင် ကစားသလိုပါပဲ။ ဒီအကွက်ကို ‌ရွှေ့ပြီးရင် ‌နောက်ထပ်ဘယ်အကွက်ကို ထပ်‌ရွှေ့ပြီး ပန်းတိုင် ‌ရောက်‌အောင် သွားမလဲဆိုတဲ့ plan ရှိရမယ်။”လို့ ငြိမ်းချမ်း‌ရေးအ‌ပေါ် သူမရဲ့ အမြင်ကို ‌ပြောပါတယ်။

မြန်မာပြည်မှာ ကရင်နှစ်သစ်ကူး‌နေ့ကို ၁၉၃၆ခုနှစ်မှာ Karen National Association-KNA ကရင်အမျိုးသားအဖွဲ့နဲ့ ဝန်ကြီးအဖွဲ့ ၁ဝဦးရဲ့ စည်း‌ဝေးဆုံးဖြတ်ချက်အရ ‌ဒေါက်တာဘ‌မော်(ညွှန့်‌ပေါင်းအစိုးရ)ထံ ‌အောက်ပါအချက် ၃ချက်ကို တင်ပြ‌တောင်းဆိုခဲ့ပါ တယ်။
၁။ ကရင်နှစ်သစ်ကူး‌နေ့ အသိအမှတ်ပြု‌ရေးနှင့် ကရင်အမျိုးသား‌နေ့ အတည်ပြု‌ရေး
၂။ ကရင်အမျိုးသားသီချင်းကို အတည်ပြုသတ်မှတ်‌ရေး
၃။ ကရင်အမျိုးသားအလံ‌တော်ကို အသိအမှတ်ပြု‌ရေးတို့ ဖြစ်ပါတယ်။

ဒီအတွက် ၁၉၃၈ခုနှစ်မှာ ကရင်နှစ်သစ်ကူး‌နေ့၊ ကရင်အမျိုးသားသီချင်းနဲ့ ကရင်အမျိုးသားအလံ‌တော်တို့ကို အတည်ပြု သတ်မှတ် ခံခဲ့ရပြီး ပြာသိုလဆန်း ၁ရက်‌နေ့ကို ကရင်နှစ်သစ်ကူး‌နေ့အဖြစ် ၁၉၃၈ခုနှစ် အဂင်္လိပ်အစိုးရမင်းများ လက်ထက်က စတင် အသိအ မှတ်ပြုခဲ့လို့ တရားဝင် ရုံးပိတ်ရက် (Gazette Holiday) အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် အဲဒီ‌နေ့‌ရောက်တိုင်း ‌ကျောင်း၊ ရုံးနဲ့ အလုပ်ရုံ ‌တွေ ပိတ်ရပြီး ယ‌နေ့အထိ မြန်မာပြည်မှာ သမိုင်းဝင်‌နေ့ရက် တစ်ရက်အဖြစ် တည်‌နေဆဲဖြစ်ပါတယ်။

အလားတူ ၂၀၀၆ခုနှစ်ကတည်းက အ‌မေရိကန်၊ က‌နေဒါ၊ ဩစ‌တြေးလျား၊ နယူးဇီလန်၊ ‌နော်‌ဝေ၊ အဂင်္လန်၊ ဆွီဒင်၊ ဂျပန်၊ ကိုရီးယား၊ မ‌လေးရှားနဲ့ ထိုင်းနိုင်ငံ စတဲ့ ကမ္ဘာတစ်လွှား ‌ရောက်ရှိ‌နေထိုင်ကြတဲ့ ကရင်လူမျိုး‌တွေကလည်း ၂၇၅၁နှစ်‌မြောက် ကရင်နှစ်သစ်ကူး ‌နေ့ကို ‌သောင်း‌သောင်းဖျဖျ ကြိုဆိုရင်း အစည်ကားဆုံး နှစ်ကူးပွဲ‌တော်ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။