Home သတင်း ရွှေကျင်(ဆောထိ)မြို့နယ်၊ ကောမယ်သူကျေးရွာထဲ စစ်ကောင်စီက ဒရုန်းဗုံးသီးပစ်ချသဖြင့် အရပ်သား ၇ ဦးသေဆုံး

ရွှေကျင်(ဆောထိ)မြို့နယ်၊ ကောမယ်သူကျေးရွာထဲ စစ်ကောင်စီက ဒရုန်းဗုံးသီးပစ်ချသဖြင့် အရပ်သား ၇ ဦးသေဆုံး

761
Photo: CJ

ဇွန်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ညောင်လေးပင်ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နယ်၊ ကောက်မယ်သူကျေးရွာထဲသို့ ဇွန်လ ၂၈ ရက်၊ ယနေ့ ၁၂ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဒရုန်းဗုံးသီး ၅ လုံး ပစ်ချသည့်အတွက် အရပ်သား ပြည်သူ ၇ ဦးထိမှန်သေဆုံးခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ သေဆုံးခဲ့သော အရပ်သားပြည်သူများမှာ ထွန်းလင်းအောင်၊ စောသထော၊ ကိုအောင်နိုင်ဌေး၊ စောကမူးသနှင့် ကျန် ၃ ဦးမှာ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။