ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နှင့် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသော ကော့ကရိတ်မြို့မြောက်ဘက် ကွီမောင်တိုင်ကျေးရွာနေရာကို စစ်အုပ်စုဘက်က ပြန်လည်ထိုးစစ်ဆင်လာနေကြောင်း သိရသည်။
ကွီမောင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်...