Home ထိပ်တန်းသတင်း ‌ရှေ့တန်းမလိုက်လို၍ ဟန်‌ဆောင်ဗုံး‌ဖောက်ခွဲ

‌ရှေ့တန်းမလိုက်လို၍ ဟန်‌ဆောင်ဗုံး‌ဖောက်ခွဲ

2133
‌အောက်တိုဘာလ ၇ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရှမ်းပြည်‌မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်စန်ဂို‌ဒေါင်ရွာ၌ တနလာင်္‌နေ့ညက ဖြစ်ပွားခဲ့သည့် ဗုံး‌ပေါက်ကွဲမှုမှာ ဟန်‌ဆောင်‌ဖောက်ခွဲ ခြင်းသာဖြစ်‌ကြောင်း ‌ဒေသပြည်သူ့စစ်များနှင့် နီးစပ်သူများက ‌ပြောသည်။

‌ဒေသခံ ဦးဆမ်‌နော်‌အောင်က “ဗုံး‌ပေါက်‌တော့ ကျ‌နော်က ဆိုင်ကယ်နဲ့ဖြတ်လာတာ။ ၁၁နာရီခွဲ‌လောက်ရှိပြီးဗျ။ စစချင်း ဘာ မှန်းမသိဘူး လန့်သွားတာ။ နားကို အူထွက်သွားတာဘဲ။ တ‌အောင့်ကြာ ကြည့်လိုက်‌တော့ ကျ‌နော့်မိတ်‌ဆွေ ဦးလရှန်ရဲ့အိမ် ဖြစ်‌နေတာ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဗုံး‌ပေါက်ကွဲသည့် ‌နေအိမ်သည် ပြည်‌ထောင်စုလမ်း‌ပေါ်တွင် တည်ရှိပြီး ‌ပေါက်ကွဲမှု‌ကြောင့် အိမ်‌ရှေ့ပြတင်းမှန်သာ ကွဲခဲ့သည်။ ထိုဖြစ်စဉ်ကို အာဏာပိုင်များက ယခုအချိန်ထိ တစုံတရာ စုံစမ်းခြင်းများလည်း မရှိ‌ပေ။

“ဒီမှာ ပြည်သူ့စစ်ဆိုတာ ရှိတယ်ဗျ။ ‌ရှေ့တန်းမှာ ထိုးစစ်‌တွေဆင်‌နေ‌တော့ ဒီ‌ကောင်‌တွေ မသွားချင်ကြဘူး‌လေ။ ဒါ‌ကြောင့် ဉာဏ်ဆင်ပြီးလုပ်တာ။ နယ်‌မြေမ‌အေးချမ်းဘူး။ ‌စောင့်‌ရှောက်ရမယ်။ ‌ရှေ့တန်းမသွားဘူး‌ပေါ့ဗျာ။”ဟု အစိုးရမဟုတ်‌သော အဖွဲ့ အစည်းတစ်ခုမှ စီမံကိန်းမှူးတစ်ဦးက ‌ပြောသည်။

အဆိုပါ ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားပြီး‌နောက် ပြည်သူ့စစ်‌ခေါင်း‌ဆောင် ဦးအိုက်ဆမ်မှာ တရုတ်ပြည်ဘက်သို့ ‌ရှောင်ထွက်သွားသည် ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ရှမ်းပြည်‌မြောက်ပိုင်းတွင် ပြီးခဲ့သည့်လက KIA၊ SSA/SSPP တပ်များ ပူး‌ပေါင်း၍ အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့ရာ အစိုးရတပ်ဘက်မှ အထိနာခဲ့‌ကြောင်း သိရသည်။