Home သတင်း တပ်‌ပြေးရှာ‌ဖွေရန် အ‌ကြောင်းပြချက်နှင့် KNU တပ်မဟာ(၄)တွင် စစ်‌ကောင်စီတပ် အင်အားဖြည့်လာ

တပ်‌ပြေးရှာ‌ဖွေရန် အ‌ကြောင်းပြချက်နှင့် KNU တပ်မဟာ(၄)တွင် စစ်‌ကောင်စီတပ် အင်အားဖြည့်လာ

1837

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNU ထိန်းချုပ်နယ်‌မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ပု‌လောမြို့နယ်ထဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်က ၎င်းတို့၏ တပ်‌ပြေး (၃)ဦးကို ရှာ‌ဖွေရန်အ‌ကြောင်းပြချက်ဖြင့် ဒူးရင်းပင်‌ရှောင်‌ကျေးရွာတွင် စစ်‌ကောင်စီက အင်အားဖြည့်တင်းလာ သည်ဟု ‌ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ဒူးရင်းပင်‌ရှောင်‌ကျေးရွာရှိ ဘုရား‌ကျောင်းဝင်းနှင့် လမ်းမကြီး‌ဘေးရှိ အနီးအ နား‌ကျေးရွာများတွင်လည်း ခန့်မှန်း‌ခြေ အင်အား (၃၀၀)ခန့် တပ်အ‌ခြေချထားကာ သွားလာ‌နေသည့် ‌ဒေသခံများကို လည်း တားမြစ်ပိတ်ပင်မှုများရှိ‌နေသည်ဟု ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

“အခု ဒူးရင်းပင်‌ရှောင်ရွာမှာဆိုရင် ‌ဒေသခံ‌တွေကို အဝင်အထွက် မ‌ပေးလုပ်ဘူး။ တချို့အပြင်‌ရောက်တဲ့လူ‌တွေ‌တောင် ရွာထဲပြန်ဝင်မရဲဘူး။ တိုက်ပွဲ‌တော့ ဖြစ်ပွားလာဖို့ရှိတယ်။ သူတို့အင်အားက များလာတယ်။ ဒူးရင်းပင်‌ရှောင်ရွာမှာပဲ‌နေ တာ မဟုတ်ဘူး။ ဂျက်ဂါးရွာတို့မှာလည်း တပ်စွဲထားဆဲပဲ။ အဲဒီဘက်ကိုလည်း သွားလို့‌တောင် မရဲဘူး။”ဟု အဆိုပါ‌ဒေ သခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ပု‌လောမြို့နယ်အတွင်းရှိ ဂျက်ဂါး၊ ပု‌လောကုန်း၊ တမိုင်‌တောင် စသည့်‌ကျေးရွာများတွင် အရင် တပ်စွဲထားပြီး‌နောက် ယခုအချိန်တွင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေအတွင်းဘက်ရှိ ဒူးရင်းပင်‌ရှောင်ရွာတွင် စစ် ‌ကောင်စီက အင်အားအနည်းငယ် တိုးလာခဲ့ခြင်းဖြစ်သည်။

ယင်းစစ်‌ကောင်စီတပ်၏ ‌ပြောဆိုချက်အရ ၎င်းတို့၏ တပ်ဖွဲ့ဝင် သုံးဦးသည် လက်နက် (၆)လက်နှင့်အတူ တပ်မှ‌ပျောက် သွားသည့်အတွက် ထိုတပ်‌ပြေးများကို ရှာ‌ဖွေရန် လက်ရှိအချိန်တွင် ထပ်မံ အင်အားတိုးချဲ့ခြင်းဖြစ်သည်ဟု ကြားသိရ ‌ကြောင်း ‌ဒေသခံထံမှတဆင့် သိရသည်။

‌ဒေသခံတစ်ဦးက “ဒီမှာတပ်လာစွဲတဲ့ သူတို့တပ်ဖွဲ့‌တွေ‌ပျောက်တယ်လို့ ‌ပြောတယ်။ ထွက်‌ပြေးရင်လည်း အတွင်းဘက် ‌နေရာမှာပဲ ထွက်‌ပြေးမယ်‌လေ။ အထဲဘက်မှာ PDF ‌တွေ ရှိတယ်ဆိုတာ သူတို့သိတယ်။ သူတို့‌ပြောတဲ့ တပ်ဖွဲ့‌တွေ ‌ပျောက်မ‌ပျောက် ဘယ်သူမှမသိဘူး။ တကယ်လို့ ထွက်‌ပြေးရင်လည်း ယုံရလား‌ပေါ့။ နယ်‌မြေအတွင်းမှာ သတင်းယူဖို့ပဲ လား‌ပေါ့။ စစ်တပ်ဘက်က‌တော့ တဖြည်းဖြည်း ‌ရှေ့တိုးလာပြီး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာလ (၁၁)ရက်‌နေ့ကလည်း အဆိုပါစစ်‌ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်‌မြေခံ KNU နှင့် PDF ပူး‌ပေါင်းတပ်တို့ ဒူးရင်းပင်‌ရှောင်ရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်ဘက်မှ (၃)ဦး ကျဆုံးခဲ့သည့်အတွက် ယင်း‌ဒေသ တွင် တပ်အင်အားနှင့် ရိက္ခာများ ထပ်ဖြည့်ခြင်းဖြစ်သည်ဟု သိရသည်။

တနသင်္ာရီတိုင်းတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်၏ လက်‌အောက်ခံ တပ်ရင်းများရှိပြီး ပု‌လောမြို့နယ်တွင် နယ်‌မြေခံတပ် အားဖြင့် အမှတ်(၂၈၅) ‌ခြေလျင်တပ်ရင်း (ခလရ)က အ‌ခြေစိုက်ထားသည်ဟု သိရသည်။