Home သတင်း စစ်‌ကောင်တပ်၏ ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီး‌နေသည့်ကိစ္စ‌ကြောင့် KNLA တပ်ဖွဲ့များ စစ်‌ရေးအသင့်အ‌နေအထားရှိ ‌နေ

စစ်‌ကောင်တပ်၏ ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီး‌နေသည့်ကိစ္စ‌ကြောင့် KNLA တပ်ဖွဲ့များ စစ်‌ရေးအသင့်အ‌နေအထားရှိ ‌နေ

2088

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော် မြို့သစ်ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်‌ကောင်စီအား ဆန်ကျင့်‌နေသည့် နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ့ကာကွယ်‌ရေးတပ် -PDF များ ခိုလှုံ‌နေထိုင်‌နေသည်ဟုဆိုကာ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်‌ရောက် ရှာ‌ဖွေဖမ်းဆီးမှုလုပ်‌ဆောင်သည့်ကိစ္စ‌ကြောင့် လက်ရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် -KNLA တပ်ဖွဲ့များမှ စစ်‌ရေးအသင့်ပြင် သည့်အ‌နေအထားတွင်ရှိသည်ဟု သိရသည်။

စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ၅၆ဝ ကွပ်ကဲစစ်‌ကြောင်းအား စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်-စကခ ၁၃ ကမ်းရိုးတန်းတိုင်းမှ တပ်မမှူး တစ်ဦးက ဦးစီးကာ ယ‌နေ့ နံနက် ၈နာရီမှစတင်၍ ‌လေး‌ကေ‌ကော်မြို့သစ်
ရပ်ကွက်များအတွင်း စစ်‌ကြောင်း ၄ ‌ကြောင် ဖြန့်ကာ ရပ်ကွက် ၆ ခု စလုံးအား ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီး‌နေသည်မှာ ည‌နေ ‌စောင်းအချိန်အထိ ဆက်လက် ပြုလုပ်‌နေဆဲဖြစ်သည်။

ထိုသို့ ဝင်‌ရောက်ရှာ‌ဖွေ ဖမ်းဆီးမှုများ လုပ်‌ဆောင်ရာတွင် ‌မြောင်းမြလွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါက်တာ ‌ဝေလင်း‌အောင် အပါအဝင် တက်ကြွလှုပ်ရှားသူလူငယ် ၂၃ ဦးကို ဖမ်းဆီးထိန်းသိမ်း ခံထားရ‌ကြောင်း ကနဦး သတင်းရ သိရှိရသည်။

လက်ရှိအချိန်တွင် ‌လေး‌ကေ‌ကော် ဧရိယာအပြင်ဘက် ပဲစိုက်ခင်း‌တောင်ယာကုန်းများတွင် ကင်းပုန်းထိုးထား‌သော စစ်‌ကောင်စီစစ်‌ကြောင်းများအား နယ်‌မြေခံ KNLA တပ်ဖွဲ့များမှ ပြန်လည်ပိတ်ဆို့ထားသည့်အတွက် ရပ်ကွက်များ အတွင်း ဝင်‌ရောက်စစ်‌ဆေး‌နေသည့် စစ်‌ကောင်စီ စစ်‌ကြောင်းနှင့် အပြင်‌တောင်ယာ‌တောတွင် ကင်းပုန်းဝပ်‌နေ သည့် စစ်‌ကောင်စီစစ်‌ကြောင်းများ ထိုဧရိယာမှ ပြန်လည်ဆုတ်ခွာရန် အခက်‌တွေ့‌နေ‌ကြောင်း ရပ်ကွက် အတွင်းဝင်‌ရောက် စစ်‌ဆေးဖမ်းဆီးရာတွင် ပါဝင်‌နေသူများက ‌ပြောသည်။

‌လေး‌ကေ‌ကော် အမှတ် ၃ ရပ်ကွက်တွင် ‌နေထိုင်သူ တစ်ဦးက ” အခုက ရပ်ကွက် ၆ ခု စလုံး စစ်‌ဆေးဖမ်းဆီးမှာလို့ သိထားရ‌တော့ ည‌နေလည်း ‌စောင်းလာပြီ ဘာဆက်ဖြစ်မလဲဆိုတာ‌တော့ မသိ‌သေးဘူး။ အခုက ည‌နေ မှ ပြန် မထွက်ရင်‌တော့ ပစ်ကြမယ့်သ‌ဘော‌တော့ ကြားသိ‌နေရတယ်၊ ‌လေး‌ကေ‌ကော် အုပ်ချုပ်‌ရေးပိုင်းကလည်း တပ်မဟာ အထက်လူကြီး‌တွေနဲ့ စစ်‌ကောင်စီ အကြီးအကဲ‌တွေ ချိတ်ဆက်‌ဆွေး‌နွေးပြီး စစ်‌ကြောင်း‌တွေကို ဝင်ရှာဖို့ ခွင့်ပြုရတဲ့ သ‌ဘောမျိုးဖြစ်‌နေ‌တော့ ‌အောက်‌ခြေ အုပ်ချုပ်‌ရေး စစ်‌ရေးအဖွဲ့‌တွေ အသင့်အ‌နေအထား နဲ့ ‌နေ‌နေတာ‌တော့‌တွေ့ ရတယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို အ‌ခြေအ‌နေ‌ကြောင့် ‌လေး‌ကေ‌ကော် ရပ်ကွက်ထဲ ‌နေထိုင်သူများသည် အင်‌တောကုန်းရှိ ‌တောင်‌ခြေဘက် တွင် ‌ရှောင်‌နေကြရသလို အချို့လည်း ဘုန်းကြီး‌ကျောင်း၊ ဘုရား‌ကျောင်းများတွင် သွား‌ရောက်တိမ်း‌ရှောင်‌နေကြရသည်ဟု ရပ်ကွက်‌နေပြည်သူများက ‌ပြောသည်။