Home သတင်း ဖက်ဒရယ်ဆိုင်ရာနှင့် မဟာဗျူဟာ‌ရေးဆွဲနိုင်ရန် ခရိုင် KWO စတင်လုပ်‌ဆောင်

ဖက်ဒရယ်ဆိုင်ရာနှင့် မဟာဗျူဟာ‌ရေးဆွဲနိုင်ရန် ခရိုင် KWO စတင်လုပ်‌ဆောင်

1385
Photo-KWO Dooplaya.

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖက်ဒရယ်ဆိုင်ရာနှင့် မဟာဗျူဟာ‌ရေးဆွဲမှုကို နိုင်ငံ‌ရေးအရ ‌ရှေ့လုပ်ငန်းစဉ်အဖြစ် အ‌ကောင်အထည်‌ဖော်နိုင်ရန် ဒူးပ လာယာခရိုင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ဒီဇင်ဘာလ ၁၃ရက်က ၁၇ရက်‌နေ့အထိ အလုပ်ရုံ‌ဆွေး‌နွေးပွဲဖြင့် စတင် လုပ်‌ဆောင်လိုက်သည်။

ငါးရက်တာကြာမြင့်မည့် အဆိုပါ‌ဆွေး‌နွေးပွဲတွင် ဖက်ဒရယ်ဆိုင်ရာသင်ကြားမှုများကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ နိုင်ငံ၏ အတွင်း‌ရေးမှူးတစ်ဦးဖြစ်သူ၊ KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် ‌နော်ဆဲဆဲက သင်ကြားပို့ချ‌ပေးပြီး မဟာဗျူ ဟာဆိုင်ရာသင်တန်းကို KWO ဗဟိုတာဝန်ရှိသူများက သင်ကြား‌ဆွေး‌နွေးသွားကာ ‌ဆွေး‌နွေးပွဲရည်ရွယ်ချက်ကို ခရိုင် KWO ဥက္ကဌ ပဒို‌နော်‌မေရီ‌ဌေးက ‌ကေအိုင်စီသို့ ယခုလို ရှင်းပြသည်။

‌နော်‌မေရီ‌ဌေးက “ဖက်ဒရယ်ဘာသာရပ်ကို အချိန်မှီ သင်ယူရရှိပြီး နိုင်ငံ‌ရေးအ‌ခြေအ‌နေ ‌ပြောင်းလဲမှု‌တွေကို လက်လှမ်း မှီနိုင်ဖို့၊ နိုင်ငံ‌ရေးလှုပ်ရှားမှု‌တွေမှာ အမျိုးသမီး‌တွေ ပိုမိုပါဝင်လာနိုင်ဖို့၊ ‌ရှေ့ဆက် နိုင်ငံ‌ရေးဖြစ်စဉ်‌တွေမှာ အမျိုးသမီး ‌ခေါင်း‌ဆောင်‌တွေ ပါဝင်လာနိုင်ဖို့နဲ့ အဆင့်ဆင့်‌သော အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေဟာ ဦး‌ဆောင်မှု‌နေရာကို ‌ရောက်ရှိ လာနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြို့နယ်အလိုက် တက်‌ရောက်လာသည့် အမျိုးသမီး‌ခေါင်း‌ဆောင်များက သင်တန်းပြီး‌နောက်ပိုင်း ၎င်းတို့၏ သက်ဆိုင်ရာ နယ်‌မြေများတွင် ဆက်လက် သင်ကြားပို့ချ‌ပေးသွားနိုင်ရန် ဖက်ဒရယ်ဆိုင်ရာ ဆရာဖြစ်သင်တန်းကိုပါ ထပ်မံစီစဉ်သွား ပြီး အလုပ်အဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်းလည်း သူမက ဆက်လက်‌ပြောဆိုသည်။

ကိုဗစ်ကပ်‌ရောဂါကာလနှင့် စစ်တပ် အာဏာသိမ်းမှုများ‌ကြောင့် ‌ဒေသတွင်း စစ်‌ရေးမတည်ငြိမ်မှုများဖြစ်ပွားသည့်အ တွက် ခရိုင် ကရင်အမျိုးသမီးအစည်းအရုံးအတွက် ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ ၂၀၂၁ခုနှစ်တွင် ပထမဆုံး ပြုလုပ်နိုင်ခဲ့ သည့် သင်တန်းတစ်ခုဖြစ်သည်။

ယခု‌ဆွေး‌နွေးပွဲတွင် သင်ကြားရန်ပါဝင်သည့် မဟာဗျူဟာဆိုင်ရာနှင့်ပတ်သက်၍ KWO ဗဟို၏လုပ်ငန်းစဉ်အရ ၂၀၂၂ခု နှစ်မှ ၂၀၂၅ခုနှစ်အထိ ‌လေးနှစ်တာအတွက် ‌ရေးဆွဲသွားမည့် စီမံကိန်းအစီအစဉ်ဖြစ်သည်ဟု KWO ဗဟို လူမှု‌ရေးတာ ဝန်ခံ ‌နော်ဒါးမုက ယခုလို ရှင်းပြသည်။

‌နော်ဒါးမုက “ဖက်ဒရယ်လစ်ဇင်က‌တော့ ဒူးပလာယာခရိုင် အမျိုးသမီးအစည်းအရုံးရဲ့ ‌တောင်းဆိုချက်အရ ကျမတို့ဗဟို အ‌နေနဲ့က သင်တန်းပို့ချ‌ပေးသူ ရှာ‌ပေးခဲ့တယ်။ မဟာဗျူဟာကဏ္ဍကျ‌တော့ ခရိုင်အားလုံးနဲ့ ဒုက္ခသည်စခန်းအားလုံးမှာ လုပ်သွားဖို့ ကျမတို့‌တွေ အစီအစဉ်ရှိထားတာပါ။ သို့‌သော် ဒီဇင်ဘာထဲမှာက‌တော့ ဒူးပလာယာခရိုင်တခုပဲ လုပ်သွားနိုင် တာ ရှိတယ်။ အခြားခရိုင်‌တွေက‌တော့ အချိန်မ‌ပေးနိုင်‌သေးဘူးဖြစ်‌နေတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ဒူးပလာယာခရိုင်အတွင်းရှိ ဝင်း‌ရေး၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် ‌ကော့က ရိတ်မြို့နယ်များမှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များ၊ ခရိုင်အမျိုးသမီး‌ခေါင်း‌ဆောင်များနှင့် ‌ကျေးရွာလူငယ်အမျိုးသမီး တချို့ အပါအဝင် စုစု‌ပေါင်း ၃၄ဦး တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ဒူးပလာယာခရိုင် KWO ၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်သကဲ့သို့ ‌တောင်ငူခရိုင် KWO ကလည်း အလားတူ ‌ဆွေး‌နွေးပွဲကို တစ်ချိန်တည်း ကျင်းပပြုလုပ်လျှက်ရှိပြီး ‌ညောင်‌လေးပင်ခရိုင်မှာမူ ဒီဇင်ဘာလ ပထမပတ်က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ် ‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး ဗဟိုတာဝန်ရှိသူများထံမှ သိရသည်။