Home သတင်း နယ်ခြား သံလွင်မြစ်‌ပေါ်ဖြတ်သည့် အရပ်သား ‌လှေ ၂စီးကို စစ်‌ကောင်စီတပ် ပစ်ခတ်

နယ်ခြား သံလွင်မြစ်‌ပေါ်ဖြတ်သည့် အရပ်သား ‌လှေ ၂စီးကို စစ်‌ကောင်စီတပ် ပစ်ခတ်

1629

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်ခြား သံလွင်မြစ်‌ပေါ် ဖြတ်သန်းသွားလာသည့် အရပ်သား ‌လှေ ၂စီးကို မယ်ခါးထာ့အ‌ခြေစိုက် စစ် ‌ကောင်စီတပ်က ယ‌နေ့ ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ပစ်ခတ်ခံခဲ့ရ‌ကြောင်း မျက်မြင်သက်‌သေ ‌ဒေသခံများထံမှ သိရ သည်။

ယ‌နေ့ ‌နေ့လည် ၁၁နာရီ‌ကျော်အချိန်တွင် မြစ်‌ကြောင်းအတိုင်း ‌မောင်းနှင်လာသည့် အရပ်သား စက်‌လှေငယ်တစ်စီး ကနဦး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး မွန်းတည့် ၁၂နာရီခွဲခန့်တွင် ‌နောက်ထပ် ဖြတ်သန်းလာသည့် စက်‌လှေကြီးတစ်စီးကို အဆိုပါစစ်‌ကောင်စီတပ်က ထပ်မံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “သူတို့ နှစ်စီး အပစ်ခံထိတာ။ ၂ခါပစ်တာ‌ပေါ့။ ပထမတစ်စီးက စက်‌လှေ ‌သေး‌သေး‌လေး။ ‌နောက်တစ်စီးကျ‌တော့ ဒီဇယ်စက်‌လှေ။ စက်‌လှေ ‌သေး‌သေး‌လေးမှာပါတဲ့ လူက ‌ရေထဲ ခုန်ချ‌ပြေးသွားရတယ်။ လူ‌တော့ မထိ‌ပေမဲ့ စက်‌လှေသ မားရဲ့ပိုက်ဆံ‌တော့ ‌ရေထဲ‌မျှောသွားတယ် ‌ပြောတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌လှေပစ်ခတ်ခံရမှု‌ကြောင့် စက်‌လှေမှာ ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့‌သော်လည်း ‌လှေ‌ပေါ်ပါလာသူများမှာ ထိခိုက်ခြင်းမရှိခဲ့‌ကြောင်း သိရသည်။

အရပ်သားစက်‌လှေကို စစ်‌ကောင်စီ မယ်ခါးထာ့စခန်းမှ ပစ်ခတ်သည့်မြင်ကွင်းကို ထိုင်းဘက်ခြမ်းရှိ ‌ဒေသခံ ရွာသားများ လည်း ကိုယ်တိုင်မြင်‌တွေ့ခဲ့ကြသည့်အပြင် ၎င်းတို့ရိုက်ယူခဲ့သည့် ပစ်ခတ်မှုရုပ်သံကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်၏ လူမှု ကွန်ရက်စာမျက်နှာတွင် တင်ထား၊ မျှ‌ဝေထားခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းပြီး‌နောက်ပိုင်း သံလွင်မြစ်ကမ်းနံ‌ဘေးရှိ စစ်‌ကောင်စီတပ်စခန်းအချို့ KNU-ကရင်အမျိုးသားအ စည်းအရုံး၊ တပ်မဟာ (၅)လက်‌အောက်ခံ KNLA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရပြီး သံလွင်မြစ်‌ပေါ်တွင် ဖြတ်သန်းသွားလာသည့် အရပ်သားစက်‌လှေတချို့မှာ စစ်‌ကောင်စီတပ်၏ ပစ်ခတ်ခံရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။