Home သတင်း လှိုင်းဘွဲမြို့နယ်တွင် ‌နေအိမ်အ‌ခြေပြုသင်ကြား‌ရေးအစီအစဉ် စတင်မည်

လှိုင်းဘွဲမြို့နယ်တွင် ‌နေအိမ်အ‌ခြေပြုသင်ကြား‌ရေးအစီအစဉ် စတင်မည်

1022

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌ကျောင်းသူ/‌ကျောင်းသားများ ပညာ‌ရေးအခွင့်အလမ်း မဆုံးရှုံး‌စေရန်အတွက် ရည်ရွယ်၍ ကြားကာလသင်ကြား‌ရေးအတွက် ‌နေအိမ်အ‌ခြေပြုသင်ကြား‌ရေး အစီအစဉ် စတင်မည်ဖြစ်‌ကြောင်း လှိုင်းဘွဲမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့(ယာယီ)က အသိ‌ပေးထုတ်ပြန်ထားသည်။

အဆိုပါမြို့နယ်အတွင်းရှိ အ‌ခြေခံပညာ ‌ကျောင်းသူ/‌ကျောင်းသားများ၏ သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးနိုင်ရန် ‌နေအိမ်အ‌ခြေပြုသင်ကြား‌ရေး(Home- Based Learning – HBL) အစီအစဉ်ကို သင်ကြားသွားမည်ဖြစ်ပြီး ၎င်းမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့က ‌ကျောင်းအပ်နှံခြင်းကို လက်ခံပြီဖြစ်‌ကြောင်း နိုဝင်ဘာလ ၂၈ရက်‌နေ့ကတည်းက ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုပညာ‌ရေးဘုတ်အဖွဲ့(ယာယီ)၏ ‌ကြေညာချက်အမှတ်(၄/၂၀၂၁)အရ အွန်လိုင်းမှတဆင့် သင်ကြား‌ပေးသွားမည့် HBL အစီအစဉ်ထဲတွင် ‌ကျောင်းသူ‌ကျောင်းသားများ၏ စဉ်ဆက်မပြတ် အတန်းစုံ၊ ဘာသာရပ်စုံ ပညာသင်ယူနိုင်‌ရေးနှင့် ပညာရည်တိုးတက်မြင့်မား‌ရေးအတွက် မြို့နယ်ဘုတ်အဖွဲ့မှ အစွမ်းကုန်တာဝန်ခံကာ ကြိုးစားသင်ကြား‌ပေးသွားမည် ဖြစ်‌သော‌ကြောင့် မိဘပြည်သူများအ‌နေဖြင့် မိမိတို့၏သားသမီးများအား ယုံကြည်စိတ်ချစွာ အပ်နှံသင်ယူ‌စေနိုင်‌ကြောင်း ကိုလည်း တိုက်တွန်းထားသည်။

ထိုအစီအစဉ်အရ စစ်‌ကောင်စီလက်ထက်တွင် ပညာသင်ယူလိုခြင်းမရှိသည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့်ရှိ ‌ကျောင်းသူ/‌ကျောင်းသားများအတွက် ‌ကျောင်းအပ်နှံနိုင်‌ကြောင်း အသိ‌ပေးထား‌သော်လည်း အွန် လိုင်းတွင်သင်ကြား‌ပေးမည့် ၎င်းသင်ကြား‌ရေးအစီအစဉ်အရ နည်းပညာအပြင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဝယ်ယူ အသုံးပြုရန် ‌ငွေ‌ကြေးမတတ်နိုင်‌သော ‌ကျောင်းသားမိဘများအတွက် ခက်ခဲမှုရှိ‌ကြောင်းလည်း ‌ကျောင်းသားမိဘတချို့ က ‌ပြောဆို‌နေကြသည်။

“အဲဒီကိစ္စ‌တော့ ကျမတို့မကြားရ‌သေးဘူး။ အင်တာနက်မှာ စာသင်ကြား‌ပေးမယ်ဆို‌တော့ ကျမတို့မလုပ်တတ်ဘူး‌လေ။ ‌တောမှာက ဖြစ်နိုင်ပါ့မလား‌ပေါ့။ ကျမတို့လည်း အင်တာနက်မှာစာသင်တာ တစ်ခါမှ မ‌တွေ့ဖူး‌သေးဘူး။ ကျမတို့က မလုပ်တတ်ဘူး။”ဟု လှိုင်းဘွဲမြို့နယ်ရှိ ‌ကျောင်းသားမိဘတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ် ပညာ‌ရေးဘုတ်အဖွဲ့(ယာယီ)က အ‌ကောင်အထည်‌ဖော်မည့် သင်ကြား‌ရေးအစီအစဉ်ထဲတွင် CDM ပညာ‌ရေးဝန်ထမ်းများ၊ တက္ကသိုလ်‌ကျောင်းသူ/‌ကျောင်းသားအ‌နေဖြင့် ပါဝင်သင်ကြားလိုပါက Teacher Volunteers Google form တွင် စာရင်း‌ပေးသွင်းနိုင်ပြီဖြစ်‌ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ‌ဖော်ပြထားသည်။

အလားတူ ‌ကျောင်းတက်မည့် ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့်လည်း မိမိတက်မည့်အတန်း၊ အမည်၊ ‌နေရပ်လိပ် စာ၊ အင်တာနက်လိုင်းအမျိုးအစားအပြင် အခြားသတ်မှတ်ထားသည့် အချက်အလက်များကို ဖြည့်သွင်းနိုင်ရန်အတွက် အဆိုပါမြို့နယ်ပညာ‌ရေးဘုတ်အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖြည့်စွက်‌ဖောင်များ ဖြန့်‌ဝေထားသည်။

ကိုဗစ်-၁၉ ကူးစက်မှုများနှင့် စစ်‌ကောင်စီအကြမ်းဖက်မှုတို့‌ကြောင့် ရပ်ဆိုင်း‌နှောင့်‌နှေးခဲ့ရသည့် ‌ကျောင်းသူ‌ကျောင်းသား များ၏ ပညာ‌ရေးအတွက် အဆိုပါသင်ကြား‌ရေးအစီအစဉ်သည် NUG (National Unity Government) အမျိုးသားညီ ညွတ်‌ရေးအစိုးရ၏ ပညာ‌ရေးဝန်ကြီးဌာနမှ အ‌ရေး‌ပေါ်ကာလအတွင်း အ‌ကောင်အထည်‌ဖော်‌ဆောင်မည့် သင်ကြား‌ရေး အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု သိရသည်။