Home သတင်း NCA မပျက်မယွင်းတည်ရှိ‌သေး‌ကြောင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌ‌ပြောဆို

NCA မပျက်မယွင်းတည်ရှိ‌သေး‌ကြောင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌ‌ပြောဆို

1394

‌အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)သည် ယ‌နေ့အထိ မပျက်မယွင်း တည်ရှိ‌သေးပြီး မည်သည့်အဖွဲ့အစည်းမှ ၎င်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြု‌သေး‌ကြောင်း ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက ‌ပြောသည်။

ယခုနှစ် ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ကျ‌ရောက်မည့် NCA စာချုပ် လက်မှတ်‌ရေးထိုးခြင်း ၆နှစ်ပြည့် နှစ်ပတ်လည် ‌နေ့အတွက် ယ‌နေ့ ‌အောက်တိုဘာလ ၄ရက်တွင် ထုတ်ပြန်သည့် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ ရဲ‌ဘော်ရဲဘက် လုပ်‌ဖော်ကိုင်ဖက်များအား တိုက်တွန်းနှိုး ‌ဆော်ချက်စာထဲတွင် ထိုသို့ ‌ဖော်ပြထားခြင်းဖြစ်သည်။

NCA စာချုပ် လက်မှတ်‌ရေးထိုးခဲ့‌သော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာရှိရှိ ကတိ ကဝတ် ပြုထားကြသည့်အတိုင်း တည်ကြည်စွာဖြင့် ‌ရှေ့ဆက် ရပ်တည်‌ဆောင်ရွက်သွားကြရန် အထူးလိုအပ်‌ကြောင်းနှင့် (NCA)ပါ လုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆက်လက်‌ဆောင်ရွက်ကြပါရန် KNU-ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ ‌မောင်းက တိုက်တွန်းနှိုး‌ဆော်ထားသည်။

ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အတင်းအဓမ္မအာဏာသိမ်းမှုနှင့် အာဏာသိမ်း ပြီး‌နောက် စစ်‌ကောင်စီတပ်မှ အပစ်ရပ် တိုင်းရင်းသားနယ်‌မြေအတွင်းသို့ နယ်‌မြေကျူး‌ကျော်တိုက်ခိုက်မှုများ လုပ် ‌ဆောင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ‌ရေးထိုးထားသည့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဟု ‌ပြောဆိုသုံးသပ်မှုများ ရှိ‌နေသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အခြား‌သော တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ NCA စာချုပ်ကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ဦးသိန်းစိန် ဦး‌ဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်‌ထောင်စုကြီးကို တည်‌ဆောက်နိုင်မှသာလျှင် အမိနိုင်ငံ‌တော်ကြီး ငြိမ်းချမ်းမည်ဟု ယုံကြည်ကြသည်ဖြစ် ၍ NCA လက်မှတ်‌ရေးထိုးခဲ့စဉ်အခါ၌ တန်းတူ‌ရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့် အာမခံချက်ပါရှိ‌သော ဖက်ဒရယ် ပြည်‌ထောင်စု ကြီးကို အတူတကွ တည်‌ဆောက်မည်ဟု ကတိပြု လက်မှတ်ထိုးခဲ့ကြပြီး နိုင်ငံတကာကလည်း အသိသက်‌သေများအ ဖြစ် ပါဝင်လက်မှတ်‌ရေးထိုးခဲ့ကြသည်ဟု ပဒို‌ရွှေ‌မောင်း၏ နှိုး‌ဆော်ချက်တွင် ‌ဖော်ပြပါရှိသည်။