Home သတင်း ဖားအံမြို့ တပ်မ ၂၂ ‌ရှေ့ ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲ အုတ်တံတိုင်း နှစ် ကန့် ပျက်စီးခဲ့ဟု...

ဖားအံမြို့ တပ်မ ၂၂ ‌ရှေ့ ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲ အုတ်တံတိုင်း နှစ် ကန့် ပျက်စီးခဲ့ဟု သိရ

1835

‌အောက်တိုဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ရှိ တပ်မ ၂၂ အ‌ရှေ့တွင် ယ‌နေ့‌အောက်တိုဘာလ ၃ရက်‌နေ့ ည ၇ နာရီဝန်းကျင်ခန့်က ချိန်ကိုက်မိုင်း တစ်လုံး ‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။

ထိုမိုင်း‌ပေါက်ကွဲမှု‌ကြောင့် တပ်အ‌ရှေ့ အုတ်တံတိုင်း ၂ ကန့်ခန့် ပြိုကျ ပျက်စီးသွားသည်ဟု စစ်‌ကောင်စီတပ်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီက‌နေ့ ည ၇ နာရီဝန်းကျင်က ဖြစ်သွားတာ။ ‌ပေါက်ကွဲသံက ‌တော်‌တော်ကျယ်တယ်။ မိုင်း‌ပေါက်ကွဲမှု‌ကြောင့် တပ်အ‌ရှေ့ ဝင်းခတ်ထားတဲ့ အုတ်တံတိုင်း ၂ ကန့် ပြိုကျပျက်စီးသွားပါတယ်။ လူ ထိခိုက် ဒဏ်ရာရမှု ရှိမရှိ အ‌ခြေအ‌နေကို အ‌သေးစိပ်မသိရ‌သေးဘူး”ဟု ၎င်း စစ်‌ကောင်စီတပ်နှင့်နီးစပ်သူက ‌ပြောသည်။

ထိုသို့ မိုင်း‌ပေါက်ကွဲမှု ဖြစ်သွားပြီး‌နောက် တပ်မ ၂၂ အ‌ရှေ့တွင် စစ်‌ကောင်စီအဖွဲ့မှ လမ်း‌ပေါ်တွင် သွားလာ‌နေသည့် ယာဉ်များအား ပိတ်ဆို့စစ်‌ဆေးမှုများ လုပ်‌ဆောင်‌နေသလို ဖားအံမြို့‌ပေါ် ‌နေရာတစ်ချို့တွင်လည်း ယာဉ်‌ကြောပိတ်ဆို့စစ်‌ဆေးမှုများ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။