Home သတင်း စစ်အာဏာသိမ်းပြီး‌နောက် ၈ လတာကာလအတွင်း လူသားချင်းစာနာ‌ထောက်ထားမှု အကြပ်အတည်း ပိုမို ဆိုးရွားလာ

စစ်အာဏာသိမ်းပြီး‌နောက် ၈ လတာကာလအတွင်း လူသားချင်းစာနာ‌ထောက်ထားမှု အကြပ်အတည်း ပိုမို ဆိုးရွားလာ

1219

‌အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံတွင် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ စစ်အာဏာသိမ်းပြီး ၈လတာကြာပြီး‌နောက် ပြည်တွင်းပဋိပက္ခ ပိုတိုးလာပြီး လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာ‌ကြောင်း ‌ရှေ့‌ပြေးအသံအဖွဲ့ (Progressive Voice)နှင့်အတူ အရပ်ဖက်အဖွဲ့အစည်း (၉)ဖွဲ့က ယ‌နေ့ ပူးတွဲထုတ်ပြန်သည့် စာတမ်းတိုရှင်းလင်းပွဲအရ သိရသည်။

ပိုတိုးလာသည့် ပြည်တွင်းပဋိပက္ခအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း နှင့် ဖျက်ဆီးခြင်းများအပြင် ၎င်းတို့ကိုယ်ကျိုးအတွက် လက်နက်သ ဖွယ် အသုံးပြု‌နေပြီး မြန်မာနိုင်ငံ၏ စစ်‌ရေးပဋိပက္ခ မြင့်တက်‌နေသည့် ပြည်နယ် ၆ခုတွင် အဆိုးရွားဆုံးခံကြရ‌ကြောင်း ၎င်းတို့၏ စာတမ်းတိုကို အ‌ခြေခံပြီး ‌ရှေ့‌ပြေးအသံအဖွဲ့က ထုတ်ပြန်ထားသည်။

“‌ပြေးစရာ‌မြေမရှိ- ပို၍နက်ရှိုင်းလာ‌နေ‌သော မြန်မာနိုင်ငံရှိ လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကြပ်အတည်း” ‌ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါစာတမ်းတို ထုတ်ပြန်ချက်အရ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်းနှင့် ရခိုင် ပြည်နယ်များတွင် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို အ‌လေး‌ပေး‌ဖော်ပြထား‌ကြောင်း လည်း သိရသည်။

ထို့အတူ ယ‌နေ့ ပြုလုပ်သည့် စာတမ်းတိုပူးတွဲထုတ်ပြန်မှုတွင် ပါဝင်သည့် အဖွဲ့အစည်း‌ခေါင်း‌ဆောင်များ၏ ‌မြေပြင် အ‌ခြေအ‌နေ ရှင်းလင်းတင်ပြချက်အရ လက်‌တွေ့‌မြေပြင်တွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ၏ လူသားချင်း စာနာ‌ထောက် ထားမှု အကူအညီများအ‌ပေါ် ထိန်းချုပ်ကန့်သတ် ဖျက်ဆီးမှု အ‌ခြေအ‌နေ ပိုမိုဆိုးရွားလာ‌ကြောင်းနှင့် နိုင်ငံတကာအလှူ ရှင်များ၏ တင်းကြပ်‌သော အကူအညီ‌ပေး‌ရေး လုပ်ထုံးလုပ်နည်းများသည် ဒုက္ခသည်များအတွက် အကူအညီရရှိရန် အလှမ်း‌ဝေး‌နေ‌ကြောင်း ‌ပြောဆို‌ဆွေး‌နွေးကြခြင်းဖြစ်သည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၏ ဒါရိုက်တာ ‌နော်ထူးထူးက “အာဏာသိမ်း စစ်တပ်ဟာဆိုလို့ရှိရင် ဟိုအရင် ဖြတ် ‌လေးဖြတ်တုန်းကလိုပုံစံမျိုး လူသားချင်း စာနာ‌ထောက်ထားမှု အကူအညီ‌တွေကို ‌ပေးပို့တဲ့အခါမှာ အာဏာသိမ်းစစ် တပ်က KNU အတွက် ‌ပေးပို့တယ်ဆိုပြီး လမ်း‌တွေမှာ ပစ်တာ‌တွေ၊ ဖမ်းတာ‌တွေ လုပ်တဲ့အတွက်‌ကြောင့်မို့လို့ တကယ် တမ်း နစ်နာသူ‌တွေက ဒီစစ်‌ဘေး‌ရှောင် ပြည်သူ‌တွေပဲဖြစ်တယ်။”ဟု ယ‌နေ့ ရှင်းလင်းပွဲ၌ ‌ပြောဆိုသွားခဲ့သည်။

ထို့အပြင် လက်ရှိ စစ်‌ကောင်စီအ‌နေဖြင့် ပြည်သူလူထုများကို အကာအကွယ်ပြု‌ပေး‌နေ‌ကြောင်း မှားယွင်းသည့် ဝါဒဖြန့် ‌ရေးသား‌ပြောဆိုမှုများရှိ‌နေချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များအ‌နေဖြင့် လတ်တ‌လော ဒုက္ခရင်ဆိုင် ‌နေရသည့် ပြည်သူလူထုများထံကို အကူအညီ တိုက်ရိုက်‌ရောက်ရှိ‌စေရန် လူထုအ‌ခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများ မှတဆင့် နယ်စပ်ဖြတ်‌ကျော် ကူညီမှုများ ပြုလုပ်‌ပေးရန်လည်း အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများက ‌တောင်းဆိုခဲ့ သည်။

တိုင်းရင်းသားနယ်‌မြေ‌ဒေသများတွင် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌သော ပြည်သူများကို အကူအညီ‌ပေး‌နေ ကြ‌သော အရပ်ဖက်လူထုအဖွဲ့အစည်းများသည် နိုင်ငံတကာ အလှူရှင်များ၏ တင်းကြပ်လှ‌သော လုပ်ထုံးလုပ်နည်းများ ‌ကြောင့် ကူညီ‌ထောက်ပံ့‌ငွေများ လက်လှမ်းမီရရှိရန် အခက်အခဲများစွာ ကြုံ‌တွေ့‌နေရ‌သော‌ကြောင့် အလှူရှင်များအ‌နေ ဖြင့် အ‌ရေး‌ပေါ်အ‌ခြေအ‌နေအတွင်း ရံပုံ‌ငွေများ လက်လှမ်းမီနိုင်‌ရေး ‌ဖြေ‌လျှော့မှုများ လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း လည်း ၎င်းအရပ်ဖက်အဖွဲ့အစည်းများက ဆက်လက် ‌ပြောဆို တိုက်တွန်းထားသည်။

ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) မှ ‌မော်ဖ‌ရေးမြာက “အလှူရှင်‌တွေ လှူတဲ့‌နေရာမှာ တကယ့်လက်‌တွေ့ IDP ကို ထိ‌ရောက်မြန်ဆန်စွာ လှူ‌ပေးချင်တယ်ဆိုရင်‌တော့ INGO ‌တွေက‌နေတဆင့်ထက် CBO, CSO ‌တွေက‌နေ တကယ့် ပရဟိတ တက်ကြွလှုပ်ရှားသူ‌တွေဆီက‌နေပဲ သွားသင့်တယ်။ ပြီး‌တော့ အလှူရှင်‌တွေအတွက် အလုပ်လုပ်‌ပေး‌နေရတဲ့ သူ‌တွေအတွက် ကန့်သတ်မှု‌တွေရှိတဲ့ အခါကျ‌တော့ အရမ်းပင်ပန်းပြီး မကူညီ‌ပေးချင်‌တော့တာ‌တွေ ရှိတယ်။”ဟု ယ‌နေ့ ရှင်းလင်းပွဲ၌ ထည့်သွင်း‌ပြောဆိုသွားသည်။

၎င်းတို့ထုတ်ပြန်သည့် စာတမ်းတို၏ အကြံပြုတိုက်တွန်းချက်များသည် တိုင်းရင်းသား‌ဒေသများအတွက် အဓိကရည် ရွယ်ထား‌သော်လည်း စစ်‌ကောင်စီ၏ အာဏာသိမ်းမှု‌ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုးကျိုးဒဏ်များကို အကန့်အသတ်မရှိ ခံစား‌နေကြရသည့် အ‌နေအထားတွင် ၎င်းအကြံပြုချက်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ‌တောင်ပိုင်း‌ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာ၏ အ‌ခြေအ‌နေနှင့် ဆက်စပ်သက်ဆိုင်‌ကြောင်းလည်း ၎င်းအဖွဲ့များက ဆိုထားသည်။

လက်ရှိတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကို ‌ဒေသအသီးသီး၌ ပြည်သူ့ကာကွယ်‌ရေးတပ်မ‌တော်(PDF) တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင် ‌တော်လှန်တိုက်ခိုက်မှုများကို ကြုံ‌တွေ့‌နေရစဉ် လက်နက်ကိုင် စစ်‌ရေးပဋိပက္ခများ‌ကြောင့် ‌ဒေသအ လိုက် ‌သောင်းနှင့်ချီသည့် အရပ်သားပြည်သူများ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရပြီး အကူအညီ အ‌ထောက်အပံ့များစွာ လိုအပ်ချက်များရှိ‌နေကာ စစ်ပွဲများလည်း ဆက်လက်ပြင်းထန်လာမည့် အ‌နေအထားတွင် အရပ် သားပြည်သူများလည်း ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်မှုများ ဆက်လက်ဖြစ်‌ပေါ်နိုင်သည့် အ‌ခြေအ‌နေတွင်ရှိ‌နေ ‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ‌ပြောဆိုသည်။

ယခုစာတမ်းတိုရှင်းလင်းပွဲတွင် ပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ကရင်အမျိုးသမီးအစည်းအရုံး၊ မွန်ပြည်လူ့အ ခွင့်အ‌ရေးဖိုရမ်၊ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့၊ ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူ ပြုကွန်ရက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ)၊ တအာင်း(ပ‌လောင်)အမျိုး သမီးအဖွဲ့အစည်း၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂနှင့် ‌ရှေ့‌ပြေးအသံတို့ ဖြစ်ကြသည်။