Home သတင်း အင်အား ၂၀‌ကျော်ရှိ အဖွဲ့စုံတာဝန်ရှိသူအချို့ ‌လေး‌ကေ‌ကော်မြို့သစ်သို့ သွား‌ရောက်စစ်‌ဆေးခဲ့

အင်အား ၂၀‌ကျော်ရှိ အဖွဲ့စုံတာဝန်ရှိသူအချို့ ‌လေး‌ကေ‌ကော်မြို့သစ်သို့ သွား‌ရောက်စစ်‌ဆေးခဲ့

3589
Photo: CJ

ဩဂုတ် ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီခရိုင် စစ်‌ကောင်စီ၊ ရဲနှင့် အုပ်ချုပ်‌ရေးမှူး ပါဝင်‌သောအဖွဲ့သည် ဩဂုတ်လ ၂၆ရက်(ယ‌နေ့)တွင် မြဝတီမြို့နယ်အ တွင်းရှိ ‌လေး‌ကေ‌ကော်မြို့သစ်သို့ သွား‌ရောက်ကာ စုံစမ်းစစ်‌ဆေး ‌တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်ဟု ‌လေး‌ကေ‌ကော်မြို့ သစ်၏ အုပ်ချုပ်‌ရေးမှူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးမှူး ‌စော‌ဌေးမြင့်‌အောင်က “PDF ‌တွေ လက်နက် ဘာညာ စသဖြင့် သတင်းတက်‌နေ‌တော့ သူတို့‌တွေက နယ်‌မြေကို ကွင်းဆင်းပြီး‌တော့ ကြည့်တဲ့ပုံစံပါပဲ။ လာ စစ်‌ဆေးတယ်။ ထမင်းစားတယ်။ ရွာထဲသွားတယ်။ ဓာတ်ပုံ‌တွေ လိုက်ရိုက်တယ်။ ပြီး‌တော့ ညဘက် ကျန်းမာ‌ရေးကိစ္စ လိုအပ်လာရင် သူတို့ကို ဆက်သွယ်ပါ။ သူတို့ ကူညီ ‌ပေးမယ်လို့‌တော့ ‌ပြောသွားတယ်”ဟု အတည်ပြု ‌ပြောဆိုသည်။

မြဝတီခရိုင် ရဲမင်းကြီး၊ စစ်‌ကောင်စီတပ် ‌ရှေ့တန်းမှူး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် နယ်‌မြေခံ စစ်‌ကြောင်းမှူးများ ပါဝင် သည့် အင်အား ၂၀‌ကျော်ရှိ ၎င်းအဖွဲ့သည် မြို့သစ်အတွင်းရှိ ရပ်ကွက်ထဲသွား‌ရောက်ကာ အချို့‌နေအိမ်များမှ ‌နေထိုင်သူ များနှင့် စကား‌ပြောဆိုခြင်း၊ ဆည်‌နေရာသို့ လိုက်လံကြည့်ရှုခြင်း၊ ကွင်းဆင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခြင်းများကို ပြုလုပ်ခဲ့ကြ‌ကြောင်းလည်း သိရသည်။

ခရိုင်၊ မြို့နယ်မှ အဖွဲ့စုံဖြင့် ယခုလို လာ‌ရောက်ခြင်းမှာ စစ်တပ်အာဏာသိမ်းပြီး‌နောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ယ‌နေ့ မနက် ၁ဝနာရီမှ မွန်းလွှဲ ၁နာရီခွဲအထိ စစ်‌ဆေးမှုများနှင့် ဓာတ်ပုံမှတ်တမ်းရိုက်ကူးသွားကြသည်ဟု သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်တွင် ထီးမယ်ဝါးခီး အပါအဝင် ရပ်ကွက်‌ပေါင်း ၆ခုရှိပြီး ‌နေထိုင်သူ လူဦး‌ရေစုစု‌ပေါင်း ၃၀၀ဝ ‌ကျော် ရှိသည်။

Photo: CJ