Home သတင်း ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်လျှံတက်လာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးတွင် လူဦး‌ရေ ၆ဝဝ နီးပါး ‌ရေ‌ဘေးသင့်‌နေ

ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်လျှံတက်လာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးတွင် လူဦး‌ရေ ၆ဝဝ နီးပါး ‌ရေ‌ဘေးသင့်‌နေ

2122

ဇူလိုင် ၂၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်‌နေ့မှစကာ အဆက်မပြတ်မိုးရွာသွန်းမှု‌ကြောင့် ဇမိမြစ်နှင့် ဝင်း‌ရော်မြစ်‌ရေများ လျှံတက်လာပြီး လူ‌နေအိမ်များအတွင်း ‌ရေဝင်‌ရောက်လာသည့်အတွက် လူဦး‌ရေ ၆ဝဝ နီးပါး ‌ရေ‌ဘေးသင့်‌နေရသည်ဟု ကူညီကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

‌တောင်ကျ‌ရေနှင့် မြစ်‌ရေလျှံတက်လာမှု‌ကြောင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်တွင် ‌ရေဝင်‌ရောက်လာသည့်အတွက် အိမ်‌ခြေ ၁ဝ၄ အိမ်မှ ‌ရေး‌ဘေးသင့်ပြည်သူများမှာ ဆိုင်ကလုန်းအ‌ဆောက်အဦး ‌နေရာနှင့် ကုန်းမြင့်ပိုင်း‌နေရာများတွင် ယာယီတဲထိုး‌နေကြရသည်ဟု ကယ်ဆယ်‌ရေးအဖွဲ့တွင် ကူညီ‌ဆောင်ရွက်‌နေသူ ကိုနိုင်လင်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီ‌နေ့‌ချောင်းဝတံတား‌ရေမြှုပ်‌တော့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမကြီး ကားသွားမရ‌တော့ဘူး။ ‌ဖောင်မရှိ ‌တော့ ခရီးသည်‌တွေကို ‌လှေနဲ့ကယ်‌ပေး‌နေတယ်။ ‌ရေ‌ဘေးသင့်သူ‌တွေကို ဆိုင်ကလုန်းစင်တာမှာ ‌ရွှေ့‌ပြောင်း ထားတယ်။ အချို့တဲထိုး‌နေကြတယ်။ ‌ရောဂါကူးစက်မှုပိုများလာ‌တော့ ခုလို‌ပြောင်းရ‌ရွှေ့ရတာ အခက်အခဲရှိ ‌နေတယ်။ သူတို့အတွက် ‌ဘေးစီမံ‌ကော်မတီက‌နေ ကူညီ‌ပေးထားတယ်” ဟု ယ‌နေ့ ဇူလိုင် ၂၆ ရက် ‌ကေအိုင်စီ သို့‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်‌ရေ၏ စိုးရိမ်‌ရေအမှတ်သည် ၃၅ ‌ပေရှိကာ ယ‌နေ့တိုင်းထွာချက်အရ ၂၉ ‌ပေ ၆ လက်မအထိ မြင့်တက်လာသည့်အတွက် စိုးရိမ်‌ရေအမှတ်‌ရောက်ရှိရန် ၆ ‌ပေသာလို‌တော့သည်။ ဝင်း‌ရော်မြစ်၏ ကမ်းနံ‌ဘေးရှိ ‌ကျေးရွာများတွင်လည်း မြစ်‌ရေလျှံတက်လာသည့်အတွက် ‌ရေ‌ဘေး‌ရှောင်နိုင်ရန် ကြိုတင်ပြင်ဆင် ထားလျက်ရှိပြီး ‌ဟောင်သ‌ရောမြစ်သည်လည်း စိုးရိမ်‌ရေမှတ်အထက် ‌ကျော်လာသည့်အတွက် ‌ဒေသခံများ ‌ရေ‌ဘေး‌ရှောင်‌နေရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်ကလည်း ‌တောင်ကျ‌ရေနှင့် မြစ်‌ရေလျှံတက်လာမှု‌ကြောင့် ‌မွေးမြူ‌ရေးနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းအများအများစုမှာ ထိခိုက်ပျက်စီးခဲ့ရပြီး လူ‌သေဆုံးမှုလည်း ဖြစ်ခဲ့‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။