Home သတင်း ‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှိုင်းဘွဲမြို့‌ပေါ် ရပ်ကွက်အချို့ ‌ရေနစ်မြှုပ်

‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှိုင်းဘွဲမြို့‌ပေါ် ရပ်ကွက်အချို့ ‌ရေနစ်မြှုပ်

1347
လှိုင်းဘွဲလူမှုကယ်ဆယ်‌ရေးအဖွဲ့

ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျ‌ချောင်း‌ရေ စီးဆင်းလာသည့်အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့‌ပေါ်ရှိ ‌မြေနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ယ‌နေ့(ဇူလိုင်လ ၂၆ရက်)နံနက်ပိုင်းက ‌ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ယ‌နေ့ နံနက် ၈နာရီဝန်းကျင်ခန့်က လှိုင်းဘွဲ‌ချောင်းတွင် ‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် ‌ရေလျှံလာပြီး လှိုင်းဘွဲမြို့‌ပေါ် ရပ်ကွက် (က၊ ခ၊ ဂ၊ ဃ) အားလုံးနီးပါး ‌ရေဝင်‌ရောက်သည့်အပြင် ‌မြေနိမ့်ပိုင်းရှိ ‌နေအိမ်အချို့လည်း ‌ရေနစ်မြှုပ်ခဲ့သည်ဟု လှိုင်းဘွဲမြို့ လူမှုကယ်ဆယ်‌ရေးအဖွဲ့က ‌ပြောသည်။

လှိုင်းဘွဲမြို့ရှိ လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက “‌ရေကြီး‌တော့ တချို့အိမ်‌တွေကို ကျ‌နော်တို့ အ‌ရေး‌ပေါ် သွားပြီး ကယ်ထုတ်‌ပေးရတာ‌တွေရှိတယ်။ ပြီး‌တော့ ဒီမနက်လည်း ‌သေဆုံးသွားတဲ့ ကိုဗစ်လူနာတစ်ဦး မီးသၤဂြိုဟ်ဖို့ ‌ရေကြီးတာနဲ့‌တော်‌တော်ခက်ခဲသွားတယ်။ ‌နေ့လည်အထိ ‌ရေက မကျ‌သေးဘူး။ တဖြည်းဖြည်း ‌ရေဆက်တက်တယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင်‌နေအိမ်မြှုပ်သွားသည့် ရပ်ကွက်‌နေလူထုအချို့မှာ ယာယီတိမ်း‌ရှောင်ရန် ‌နေရာများကို သက်ဆိုင်ရာ အုပ်ချုပ်‌ရေးအပိုင်းမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အတွက် အချို့တွင် နီးစပ်ရာ အသိမိတ်‌ဆွေ ‌နေအိမ်များသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြရသည်ဟု သိရသည်။

လှိုင်းဘွဲလူမှုကယ်ဆယ်‌ရေးအဖွဲ့

“ ‌ရေ‌ဘေးအတွက် အ‌ရေး‌ပေါ်‌နေထိုင်ဖို့ သက်ဆိုင်ရာဘက်က ‌နေရာကြိုတင်လုပ်ထား တာမရှိဘူးထင်တယ်။ အချို့က အသိအိမ်မှာ သွား‌နေရတယ်။ ဒီကာလက ကူးဗစ်ကူးစက်တာများ‌တော့ ရင်းနှီးတဲ့ မိတ်‌ဆွေ‌တောင်မှ သူတို့ လက်မခံချင်ဘူး။ ကိုဗစ်ကာလမှာ‌ရေကြီးတာ အဲဒီအခက်အခဲ‌တွေ‌တော့ ကြုံရတယ်” ဟု လှိုင်းဘွဲမြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှိုင်းဘွဲမြို့ရှိ ‌မြေနိမ့်ပိုင်းအချို့တွင် နှစ်စဉ်‌ရေကြီးမှုနှင့်ကြုံ‌တွေ့ခဲ့ရပြီး ယခင်နှစ်များ တွင် ‌ရေ (၆) ‌ပေအထိ တက်လာသည့်အတွက် ‌ရေ‌ဘေး‌ရှောင် အိမ်‌ထောင်စု အ‌မြောက်အများရှိခဲ့သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ကရင်ပြည်နယ်ရှိ သံလွင်မြစ်၊ ‌သောင်ရင်းမြစ်၊ ဇမိမြစ်နှင့် ဂျိုင်းမြစ်အပြင် မြစ်‌ချောင်းအချို့ ‌ရေကြီး‌ရေလျှံမှုများဖြစ်ပွားခဲ့သလို ‌မြေနိမ့်ပိုင်းတွင်ရှိသည့် ‌ကျေးရွာအချို့တွင်လည်း ‌ရေကြီးမှုများ ရှိသည်ဟု သိရသည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယ‌နေ့ဇူလိုင် ၂၆ ရက်‌နေ့ ‌နေ့လည် (၂)နာရီ ထုတ်ပြန်ထား ချက်အရ ကရင်ပြည်နယ်တွင်‌ဒေသအလိုက် မိုးကြီးခဲ့သည့်အပြင် ‌သောင်ရင်းမြစ်သည်လည်း မြဝတီမြို့၏ စိုးရိမ်‌ရေမှတ်အထက် ‌ပေဝက်ခန့် ‌ကျော်လွန်‌ရောက်ရှိ‌သော‌ကြောင့် မြဝတီမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် ‌မြေနိမ့်ပိုင်း ‌နေထိုင်သူများ အထူးသတိပြု‌နေထိုင်ရန် သတိ‌ပေးထုတ်ပြန်ထားသည်။