Home သတင်း ထိုင်းဘက်က တင်သွင်း‌နေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့် နှင့်သွားတိုက်‌ဆေးများ တင်သွင်းခွင့်ရပ်ဆိုင်းထားရန် စစ်‌ကောင်စီက ညွှန်ကြားထား

ထိုင်းဘက်က တင်သွင်း‌နေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့် နှင့်သွားတိုက်‌ဆေးများ တင်သွင်းခွင့်ရပ်ဆိုင်းထားရန် စစ်‌ကောင်စီက ညွှန်ကြားထား

1623

ဇွန်လ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်ခြမ်းက တင်သွင်း‌နေသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်‌ဆေးများအား ဇွန်လ ၄ ရက်‌နေ့မှစ၍ တင်သွင်းခွင့် ယာယီရပ်ဆိုင်းထားရန် စစ်‌ကောင်စီ အ‌ကောက်ခွန်ဦးစီးဌာနမှ နယ်စပ်ကုန်သည် လုပ်ငန်းရှင်များအား ညွှန်ကြားစာ‌ပေးပို့ထား‌ကြောင်း သိရသည်။

ညွှန်ကြားစာတွင် နိုင်ငံခြားသုံး‌ငွေ ‌လျှော့ချနိုင်‌ရေးနှင့် ပြည်တွင်း (SME) လုပ်ငန်းငယ်များ ‌ဈေးကွက်ယှဉ်ပြိုင်မှုအကာအကွယ် ‌ပေးနိုင်‌ရေးအတွက် ရည်ရွယ်‌ကြောင်း ‌ဖော်ပြထားသည်။

ထိုသို့ အလားတူပင် ပြီးခဲ့သည့် ‌မေလ ၁ ရက်‌နေ့မှ စ၍ ထိုင်းနိုင်ငံထုတ် အချိုရည်မျိုးစုံ၊ ‌ကော်ဖီမစ်မျိုးစုံနှင့် နို့ဆီ နို့စိမ်း စသည့် ထိုင်းစား‌သောက်ကုန် ၄ မျိုးအား နယ်စပ်လမ်း‌ကြောင်းများ မှတဆင့် တင်သွင်းခွင့်ပိတ်ပင်ထားပြီး ပင်လယ်‌ရေ‌ကြောင်းခရီးမှသာ တင်သွင်းရန် စစ်‌ကောင်စီ အ‌ကောင်အခွန်ဦးစီး ဌာနမှ ကုန်သည်လုပ်ငန်းရှင်များအား ညွှန်ကြားထားသည်။

‌ဖော်ပြပါ ထိုင်းထုတ်ကုန်များအား နယ်စပ်မှတဆင့် တင်သွင်းခွင့် ရပ်ဆိုင်း လိုက်ခြင်း‌ကြောင့် ကုန်သည်လုပ်ငန်းရှင်များအ‌နေဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့သလို ပြည်တွင်း၌လည်း ကုန်‌ဈေးနှုန်း မြင့်တက်လာခြင်းများ ဖြစ်‌ပေါ်လျက် ရှိ‌နေသည်ဟု သိရသည်။