Home သတင်း ကပ်‌ရောဂါဖြစ်ပွားချိန် သျှမ်းပြည်‌မြောက်ပိုင်းတွင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများရှိ‌နေဟု သျှမ်းလူ့အခွင့်အ‌ရေးအဖွဲ့‌ပြော

ကပ်‌ရောဂါဖြစ်ပွားချိန် သျှမ်းပြည်‌မြောက်ပိုင်းတွင် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများရှိ‌နေဟု သျှမ်းလူ့အခွင့်အ‌ရေးအဖွဲ့‌ပြော

2550

‌မေလ ၁၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ကပ်‌ရောဂါ ကျ‌ရောက်‌နေချိန် သျှမ်း(ရှမ်း)ပြည်နယ်‌မြောက်ပိုင်း၊ လားရှိုး အ‌ရှေ့ဘက် ခြမ်း‌ဒေသ များတွင် စစ်‌ရေးအရှိန်မြှင့်တက်လာမှုနှင့်အတူ ‌ဒေသခံ တိုင်းရင်းသားများအ‌ပေါ် တပ်မ‌တော်၏ လူ့ အခွင့် အ‌ရေးချိုး ‌ဖောက်မှုများရှိ‌နေ‌ကြောင်း သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင်အဖွဲ့က ယ‌နေ့ (‌မေ ၁၁ရက်) သတင်းထုတ်ပြန် ‌ကြေညာသည်။

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် လားရှိုး အ‌ရှေ့ဘက်ခြမ်းတွင်တည်ရှိ‌သော ညီ‌နောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအ‌ပေါ် စစ်‌ရေးအရှိန်မြှင့် တိုက်ခိုက်‌နေသလို ပြီးခဲ့သည့်လအတွင်း ‌ဒေသခံ လယ်သမားတစ်ဦး ညှဉ်းပန်း နှိပ်စက်အသက်ခံခဲ့ရပြီး ရာနှင့်ချီ‌သော ‌ကျေးရွာသားများ အတင်းအဓမ္မ‌စေခိုင်းခံ ရမှုများရှိ‌နေ‌ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

အဖွဲ့၏‌ပြောခွင့်ရ စိုင်းရွက်လွင်က “အခုဆိုရင် နိုင်ငံအသီးသီးမှာ အင်တိုက်အားတိုက် ကမ္ဘာ့ကပ်ဆိုးကို ကာကွယ်‌နေတဲ့ အချိန်မှာ ကျ‌နော်တို့ နိုင်ငံမှာ လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေတာ‌တွေအပြင် စစ်‌ရေးအမြတ်ထုတ် ‌နေတာ‌တွေရှိ‌နေတာ‌ပေါ့။ ဒီလိုကပ်ဆိုးကာလမှာ ပြည်သူလူထု‌တွေကို အကာအကွယ်‌ပေးရမှာကို အခုက ရွာသား‌တွေကို သတ်တာ၊ ကား‌ချော ဆွဲတာ‌တွေ အပြင် ဒီ‌ရောဂါကာကွယ်‌ပေးဖို့ Mask လည်းမ‌ပေးဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်‌လောက်တွင် ‌ကောင်းခါး ပြည်သူ့စစ်စခန်းကို မြန်မာ့တပ်မ‌တော်က သိမ်းပိုက်လိုက်ပြီး‌နောက် အခိုင်အမာ‌ခြေကုပ်စခန်းတည်ရာတွင် တပ်မ-၉၉ နှင့် ၎င်း၏ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၃၆၅)တို့မှ ဧပြီလ ၂၁ရက်နှင့် ၂၈ရက်များတွင် လိုအပ်သည့် စစ်‌ထောက်ပို့ပစ္စည်းများ သယ်ယူပို့‌ဆောင်‌ရေး၌ မိုင်းကျက် ‌ဒေသခံ ‌မော်‌တော် ယာဉ်ပိုင်ရှင်များကို အတင်းအကြပ် သယ်ယူပို့‌ဆောင်ခိုင်း‌စေခဲ့‌ကြောင်း သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အလားတူ တပ်မ‌တော် ‌ခြေမြန်တပ်ရင်း (ခမရ-၃၆၅)မှ ၎င်းတို့ တပ်စခန်းသစ် တည်‌ဆောက်ရန်အတွက် လိုအပ် သည့် ဝါးပိုးဝါးတိုင်များကို မိုင်းကျက်‌ကျေးရွာအုပ်စုရှိ ‌ဒေသခံ‌ကျေးရွာသားများအား စု‌ဆောင်းပို့‌ဆောင်‌ပေးရန် အဆိုပါ ဧပြီလ ၈ ရက်နှင့် ၂၁ရက်‌နေ့များတွင် ခိုင်း‌စေခဲ့‌ကြောင်းလည်း ၎င်းအဖွဲ့က ဆိုသည်။

ထို့အပြင် တပ်မ-၉၉ နှင့် ညီ‌နောင်မဟာမိတ်တပ်ဖွဲ့အကြား ဧပြီလ ၂၄ရက်‌နေ့က တိုက်ပွဲဖြစ်ပွားပြီး‌နောက် ကျွဲ၊ နွား‌ကျောင်းပြန်လာသူ အသက် (၂၇)နှစ်အရွယ် အိုက်‌ဆွေ အမည်ရှိ ဝမ်ဟို‌ဆေး ‌ကျေးရွာသားတစ်ဦးကို နယ်‌မြေရှင်းလင်း‌ရေး လုပ်‌ဆောင်‌နေသည့် တပ်မ-၉၉နှင့် ၎င်းလက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၇၉)က ရိုက်နှက်သတ်ဖြတ်ခဲ့‌ကြောင်းလည်း သတင်းထုတ်ပြန်ချက်၌ ‌ဖော်ပြပါရှိသည်။

ထိုသို့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိ‌နေ‌သေးသည့်အ‌ပေါ် သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေး မဏ္ဍိုင်အ‌နေဖြင့် အပြင်းအထန်ရှုတ်ချသလို လက်ရှိ ကပ်‌ရောဂါ ကာလတွင် ပြည်သူလူထုများကို အကာအကွယ် ‌ပေးရန်လည်း ၎င်းအဖွဲ့က ‌တောင်းဆိုလိုက်သည်။

သို့‌သော် ပြီးခဲ့သည့် ‌မေလ ၉ရက်‌နေ့က တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံးမှ ယခု ‌မေလ(၁၀) မှစ၍ ဩဂုတ်လ ကုန် (၃၁)ရက်‌နေ့အထိ COVID-19 အ‌ရေး‌ပေါ်ကာလအတွင်း ၃ လတာ အပစ်ရပ်စဲထားမည်ဖြစ်‌ကြောင်း သတင်းထုတ်ပြန် ‌ဖော်ပြထားသည်။

၎င်းအပစ်ရပ်မှုတွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်‌ကြေညာခံထားရ‌သော အကြမ်းဖက်အုပ်စုများ ရှိသည့် ‌ဒေသများ မှအပ ကျန်‌ဒေသများတွင်သာ အပစ်ရပ်ထားမည်ဖြစ်ပြီး ၎င်းအပစ်ရပ်ကာလများတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အ စည်းများအ‌နေဖြင့် သ‌ဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ သ‌ဘောတူညီချက်များအ‌ပေါ် အမြတ်မထုတ်ရန်၊ ‌ဒေသ ခံပြည်သူများအ‌ပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်‌စေရန်နှင့် နိုင်ငံ‌တော်၏ တည်ဆဲဥပ‌ဒေများကို လိုက်နာရန် လိုအပ်‌ကြောင်း ၎င်းအ ပစ်ရပ်‌ကြေညာချက်၌‌ဖော်ပြပါရှိသည်။

သျှမ်း(ရှမ်း)လူ့အခွင့်အ‌ရေးမဏ္ဍိုင်ကို ၁၉၉ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး သျှမ်းပြည်နယ်အတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ‌လေ့လာ‌စောင့်ကြည့် မှတ်တမ်း ‌ဖော်ပြသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။