Home သတင်း ဧပြီ ၁ ရက်‌နေ့မှ စ၍ ဒုတိယအကြိမ် ဘဏ်တိုး ထပ်‌လျှော့ချမည်

ဧပြီ ၁ ရက်‌နေ့မှ စ၍ ဒုတိယအကြိမ် ဘဏ်တိုး ထပ်‌လျှော့ချမည်

2346
Photo: Central Bank of Myanmar

မတ် ၂၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကိုရိုနာ ဗိုင်းရက်စ် ဂယက်‌ကြောင့် မြန်မာနိုင်ငံတွင် အချို့လုပ်ငန်းများ ရပ်နားထားရမှု ကြုံ‌တွေ့‌နေရပြီး စီးပွား‌ရေး ကျဆင်းလာသည့်အတွက် ဘဏ်တိုးများကို လာမည့် ဧပြီ ၁ ရက်‌နေ့မှ စ၍ တစ်လအတွင်း ဒုတိယအကြိမ် ‌လျှော့ချသွားမည်ဟု မတ် ၂၄ ရက်‌နေ့တွင် မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ‌ငွေစုဘဏ်စာရင်း၊ အချိန်‌စေ့မှ ထုတ်‌ပေးရသည့် ‌ငွေစုစာရင်းများ၏ ဘဏ် တိုးနှုန်းကို ဘဏ်များအ‌နေဖြင့် ၈ ဒသမ ၅ (၈.၅)ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ (၆.၅) ရာခိုင်နှုန်း အကြား‌လျှော့ချ သတ်မှတ်ရန် ‌ဖော်ပြထားသည်။

ထို့အပြင် ဘဏ်များ အ‌နေဖြင့် ‌ချေး‌ငွေအ‌ပေါ် အတိုးနှုန်းကို ၁၁ ဒသမ ၅ (၁၁.၅) ရာခိုင်နှုန်း‌အောက်သာ ‌ကောက်ခံရန် ‌လျှော ့ချသတ်မှတ်လိုက်သည်ဟု ဗဟိုဘဏ်၏ (၄/၂၀၂၀) သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြ ထားသည်။

ယခင်က ဘဏ်များတွင် စု‌ဆောင်း‌ငွေများအတွက် ဘဏ်တိုးနှုန်းကို ၁ဝ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ‌ချေး‌ငွေ အတွက် ဘဏ်တိုးနှုန်းကို ၁၃ ရာခိုင်နှုန်း ‌ကောက်ယူရန် သတ်မှတ်ထားသည်။ သို့‌သော် ပြည်တွင်းစီးပွား‌ရေး လုပ်ငန်းများ အခက်ကြုံလာသည့်အတွက် မတ် ၁၂ ရက်‌နေ့တွင် ဘဏ်တိုး ၉ ဒသမ ၅ (၉ .၅)ရာခိုင်နှုန်းနှင့် ‌ချေး‌ငွေ အတိုးနှုန်းကို ၁၂ ဒသမ ၅ (၁၂.၅) ရာခိုင်နှုန်းသို့ အသီးသီး‌လျှော့ချခဲ့သည်။

ယခုလို ဒုတိယ အကြိမ် ဘဏ်တိုးနှုန်းကို ၁ ရာခိုင်နှုန်း ‌လျှော့ချလိုက်သည့်အတွက် တစ်လအတွင်း ဘဏ်တိုး နှုန်းများ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ အသီးသီး‌လျှော ့ချသွားပြီးဖြစ်သည်။ ဘဏ်တိုးနှုန်းများ‌လျှော ့ချရန် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များက ‌ဖေ‌ဖော်ဝါရီ လအတွင်းက ‌တောင်းဆိုခဲ့ပြီး‌နောက် ယခုလို ဆက်တိုက်‌လျှော့ချလာခြင်းဖြစ်သည်။