Home သတင်း ၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် မီး‌လောင်မှု ၄၆ ကြိမ်ဖြစ်ပွားမှုရှိခဲ့

၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် မီး‌လောင်မှု ၄၆ ကြိမ်ဖြစ်ပွားမှုရှိခဲ့

1872
Photo: Kayin State FB

မတ်လ ၅ ရက်၊ ၂၀၂ဝ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်း မီး‌လောင်မှု ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှှုံးမှုတန်ဖိုးအ‌နေဖြင့် ကျပ်သန်း‌ပေါင်း ၁၀၇.၄၉၇ သန်း ရှိသည်ဟု ကရင်ပြည်နယ် မီးသတ်ဦးစီးဌာရုံးမှ သိရသည်။

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းက “ ‌ပေါ့ဆမီးက အများဆုံးဖြစ်တယ်။ အဲဒီ အထဲမှာက မြဝတီက ‌ပေါ့ဆမီးအများဆုံးဖြစ်တယ်။ ဒုတိယလိုက်တဲ့ လျှပ်စစ်မီးက‌တော့ ဖားအံမှာဖြစ်ပွား တာများတယ်။ အ‌ကြောင်းရင်းက ‌ခေတ်မီတဲ့ပစ္စည်း သုံးစွဲများလာတဲ့အတွက် မီး‌လောင်ဖြစ်ပွားမှုများ လာတာဖြစ်တယ်။ ကျန်တဲ့ မီးဖို‌ချောင်မီး‌တွေက လူ‌နေအိမ်ထူထပ်တဲ့ ‌ကျေးရွာ ‌တွေမှာဖြစ်ပွားများ တာကို ‌တွေ့ရတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါမီး‌လောင်မှု ဖြစ်ပွားသည့် အ‌ကြောင်းအရင်းထဲတွင် ‌ပေါ့ဆမီး အများဆုံးဖြစ်သည့်အပြင် ဒုတိယမှာ လျှပ်စစ်မီး မီးသုံးစွဲရာက‌နေတစ်ဆင့် မီး‌လောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရပြီး ၂၀၁၉ခုနှစ်တွင် ‌ပေါ့ဆမီး ၁၈ကြိမ်၊ လျှပ်စစ်မီး ၁၄ကြိမ်၊ မီးဖို‌ချောင်မီး ၈ ကြိမ်၊ ရှှို့မီး ၃ကြိမ်၊ မိုးကြိုးမီး ၁ကြိမ်နှင့် အလိုအ‌လျောက် မီး ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်းကရင်ပြည်နယ် တွင် မီး‌လောင်မှုဖြစ်ပွားမှု ၄၅ကြိမ်သာဖြစ်ပွား ခဲ့‌သော်လည်း ဆုံးရှုံးမှုတန်ဖိုးအ‌နေဖြင့် ၂၀၁၉ ခုနှစ် မီး‌လောင်မှုပျက်စီးဆုံးရှုံးတန်ဖိုးထက် သန်း ၈ဝ ခန့်ပိုမို များပြားခဲ့‌ကြောင်း ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနရုံးမှ တာဝန်ရှိသူ၏ ‌ပြောဆိုချက်များအရ သိရသည်။

ထို့အပြင် မီး‌လောင်မှု‌လျော့နည်းလာ‌စေ‌ရေးအတွက် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့်ပတ်သက်ပြီး လူတိုင်း သိရှိနားလည်ထားရန်နှင့် မီးသတ်ဦးစီးဌာနများမှ လမ်းညွှန်သည့် မီး‌ဘေးလုံခြုံ‌ရေးပညာ‌ပေးမှုများကို ‌လေးစား လိုက်နာ‌ဆောင်ရွက်ရန် လိုအပ်‌ကြောင်းလည်း ဦးစိုးဝင်းက ‌ပြောသည်။

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအ‌နေဖြင့် လက်ရှိအချိန်တွင် ခရိုင်မီးသတ်စခန်း ၄ခု၊ မြို့နယ်မီး သတ်စခန်း ၇ ခုနှင့် နယ်‌မြေမီးသတ်စခန်း ၃၄ ခု ဖွင့်လှစ်ထားပြီးဖြစ်‌ကြောင်းလည်း သိရသည်။