Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများကို ဝန်းရံသွားမည်ဟု ကရင်လူငယ်ကွန်ရက်‌ပြော

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများကို ဝန်းရံသွားမည်ဟု ကရင်လူငယ်ကွန်ရက်‌ပြော

3484

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၂ဝခုနှစ်။ ‌စောရှား

၂၀၂ဝခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ‌အောင်နိုင်ပြီး လွှတ်‌တော်များထဲသို့ ‌ရောက်ရှိနိုင်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ကွန်ရက်(KYN)မှ တတ်နိုင်သည့်ဖက်မှ ဝန်းရံ‌ပေးသွား မည်ဟု ‌ပြောသည်။

ဖားအံမြို့၊ ခွယ်က‌ဘောင်ဟိုတယ်၌ ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်မှ ၂၄ရက်‌နေ့အထိ ပြုလုပ်‌သော ကရင်လူငယ်ကွန်ရက် ကိုယ်စားလှယ်များ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအပြီး ကရင်လူငယ်အဖွဲ့ချိတ်ဆက်မှု တာဝန်ခံသူတစ်ဦးဖြစ်သူ ‌စော‌ကျော်လင်း က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“၂၀၂ဝ ‌ရွေး‌ကောက်ပွဲက ပိုနီးကပ်လာတဲ့အတွက် ကရင်လူငယ်‌တွေအ‌နေနဲ့ ကရင်ပါတီကို ဘယ်လိုဝန်းရံ‌ပေးမလဲ ဆိုတဲ့ဟာကို အားစိုက်‌ပြောဖြစ်ပါတယ်။ အဓိက လွှတ်‌တော်ထဲ ကရင်ကိုယ်စားလှယ်‌တွေ‌ရောက်ရင် ကရင့်အသံပါ လာမှာဖြစ်တဲ့အတွက် ဝန်းရံရခြင်းဖြစ်တယ်‌ပေါ့‌နော်။”ဟု ၎င်းက ‌ပြောသည်။

ကရင်လူငယ်များအ‌နေဖြင့် ပါတီ‌အောင်နိုင်‌ရေးအတွက် လူမှုကွန်ရက်စာမျက်နှာများတွင် (campaign)များ ပြုလုပ် ခြင်း၊ ကရင်ပါတီများနှင့် အ‌သေးစိတ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမှတဆင့် ဆက်လက်လုပ်‌ဆောင်‌ပေးခြင်းများဖြင့် ဝန်းရံသွား မည်ဟုလည်း ‌စော‌ကျော်လင်းက ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် ကရင်ပါတီများအ‌နေဖြင့် လွှတ်‌တော်သို့‌ရောက်‌သောအခါ ‌ပေးထားသည့် ကတိကဝတ်အတိုင်း ကရင်လူထု နှင့်အတူ တစ်သားတည်း ရပ်တည်‌ပေးနိုင်ရန်၊ မဲဆွယ်စည်းရုံး‌ရေးကာလ၌သာမက အချိန်တိုင်း လူထုနှင့် ပိုမိုထိ‌တွေ့ ရန် ‌မျှော်လင့်ကာ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း KYN တာဝန်ရှိသူများက ‌ပြောဆိုသည်။

ယ‌နေ့ ‌ဆွေး‌နွေးပွဲတွင် ကရင်၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်များ၊ တနသင်္ာရီ၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း‌ဒေသ ကြီးများ၊ အထက်မြန်မာပြည်နှင့် နယ်စပ်‌ဒေသကိုယ်စားပြု ‌ဒေသအသီးသီးမှ ကရင်လူငယ်ကိုယ်စားလှယ်များ၊ ကရင်လူငယ် မဟာဗျူဟာ‌ရေးဆွဲ‌ရေး အဖွဲ့ဝင်များ စုစု‌ပေါင်း ၃၈ဦး တက်‌ရောက်ခဲ့ကြသည်။

အထက်မြန်မာပြည်ကိုယ်စားလှယ် ရှမ်းပြည်နယ်၊ ပင်‌လောင်းမြို့နယ်၊ လွှဲကြီးရွာမှ ကရင်ဖြူမျိုးနွယ်စုဝင် ‌နော်‌အေး ‌အေးငြိမ်းက “ညီမတို့ဖက်မှာ ကရင်ပါတီ မဝင်ပြိုင်ခဲ့ဖူး‌ပေမယ့် ကရင်ဖြူလွှတ်‌တော်ကိုယ်စားလှယ်တစ်ဦး‌တော့ ရှိ‌စေချင်ပါတယ်။ လက်ရှိအချိန်မှာ‌တော့ ဘယ်ပါတီဝင်‌တွေက ကိုယ့်‌ဒေသအတွက် အမှန်တကယ် လုပ်‌ပေးနိုင်မလဲ ဆိုတာ ‌လေ့လာမယ်။ ပြီးရင် လူထု‌တွေကို မဲ‌ပေးပုံကအစ ပြန်လည်‌ဆော်ဩသွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာကျင်းပသည့် ၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါတီကိစ္စ အပါအဝင် ကရင်လူငယ်ကွန်ရက်အဖွဲ့၏ ၂နှစ်တာအ တွင်း လုပ်‌ဆောင်သွားမည့် ‌ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသား‌ရေးနှင့် ပတ်သက်၍ ချိတ်ဆက်လုပ်‌ဆောင်သွားမည့် အစီအစဉ်များ‌ဆွေး‌နွေးခြင်းများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် KNP-ကရင်အမျိုးသားပါတီ၊ KPP-ကရင်ပြည်သူ့ပါတီ၊ PSDP-ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီနှင့် KNDP-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဟူ၍ ‌လေးပါတီ ရှိ‌နေသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီဝင်များ အချင်းချင်း မဲ‌ပေးမှု နယ်‌မြေထပ်‌နေသည့်အတွက် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် KPP လွှတ်‌တော်အမတ်တစ်ဦးလွဲ၍ ကရင်ပါတီဝင်များ အားလုံး အ‌ရေးနိမ့်ခဲ့သည်။